I can't leave you.

2.5K 296 9
                                    

လေဆိပ်​ထဲကို..တုန့်​ဆိုင်းစွာပဲကျမဝင်​လာခဲ့တယ်​..
အဆက်​မပြတ်​စီးကျ​နေတဲ့မျက်​ရည်​​တွေ​တောင်​မသုတ်​မိ
Geရဲ့ concert စ​ နေ​လောက်​ပြီ
Luhan ge...
သူအဆင်​​ပြေပါ့မလား..
.
တွေ့တဲ့ထိုင်​ခုံမှာ..အားမရှိသလိုထိုင်​ချလိုက်​ပြီး
အဆက်​မပြတ်​မျက်​ရည်​ကျ​နေတဲ့ကျမကို
လူ​တွေကသုတ်​သီးသုတ်​ပျာသွား​နေရင်းနဲ့​တောင်
အံ့သြသလိုကြည့်​သွားကြတယ်​..
လူ​တွေကိုကြည့်​​နေရင်း..မူးလာတယ်
နားထဲက​နေ​လေ​တွေတဝူးဝူးထွက်​​နေတယ်​..
ကျမရဲ့..စိတ်​ကအခုဒီမှာမရှိဘူး..

အဲ့ဒီ​နေ့ကဖိုင်​ထဲက...
စာလုံး​လေး​တွေ...

ကျမ​ငို​နေရင်းနဲ့ပဲ​ခေါင်းယမ်းလိုက်​တယ်​..

ပါပါး...
အဲ့ဒီတုန်းကဘယ်​လိုခံစားခဲ့ရလဲဟင်​..
မာမားကိုထားခဲ့ရမယ်​ဆိုတုန်းကဘယ်​လိုခံစားခဲ့ရလဲ..

"ဒီလို​ပြောရတာမတရားမှန်းသိ​ပေမယ့်
သမီးမရှိ​တော့တဲ့တစ်​​နေ့ကျရင်​.
xiao luကို...xiao luကို
ကောင်း​ကောင်းမွန်​မွန်​​ရှေ့ဆက်​နိုင်​​အောင်​လုပ်​ခဲ့
ပေးလို့ရမလား"

စိတ်​မ​ကောင်းစွာ​ပြောခဲ့တဲ့luhan ge အ​ဖေရဲ့
စကား​တွေနားထဲပဲ့တင်​​နေတယ်

"သမီးကြိုက်​သလိုဆုံးဖြတ်​ပါ...xiao lu
အတွက်​​တော့ စဉ်းစား​ပေးမယ်​မဟုတ်​လား"

ကျမ luhan ge အတွက်​ပဲအမြဲတမ်းစဉ်းစားခဲ့
တာပါ..မျက်​ရည်​​တွေကတကယ်​ကိုတားမရဘူး
aishh မုန်းလိုက်​တာ..

"xiao lu ကတကယ်​ကိုတာဝန်​​တွေအများကြီး
ယူရမယ့်​က​လေးပါ..သူပြိုလဲသွားလို့မဖြစ်​ဘူးသမီး..
.........."

ပါပါး..
တွေးရင်းနဲ့ကျမ ပိုပြီးဝမ်းနည်းလာတယ်
ဘယ်​လိုလုပ်​ရမလဲ ဟင်​..

Brain Tumorတဲ့လား..
ကျမ ကလား
နောက်​ဆုံးအဆင့်​မို့လို့အချိန်​လည်းမရှိ​တော့ဘူးတဲ့လား
ဘာလို့လဲ ကျမဒီ​လောက်​​နေ​ကောင်း​နေတာကို
တခါတ​လေမှ​ခေါင်းကိုက်​တတ်​တာကို...
ကျမကအရမ်းကိုကျန်းမာပါတယ်​..မှား​နေတာဖြစ်

My own starWhere stories live. Discover now