Luhan point of view

2.7K 321 7
                                    

ယွဲမ်​ယွဲမ်

မျက်​လုံးဝိုင်းဝိုင်း...
ဆံပင်​အညို​ရောင်​ရှည်​ရှည်​​လေး​တွေနဲ့
ကောင်​မ​လေး..

သူမ မျက်​လုံး​တွေက တကယ်​ချစ်​ဖို့​ကောင်း​တယ်​..
ပြူးတာလည်းမဟုတ်​ပဲ ​ဂေါ်လီလုံးလိုဝိုင်းစက်​​နေတယ်
အဲ့ဒါက ပဲ
ကျွန်​​တော်​ သူမကို ယွဲမ်​ယွဲမ်​ လို့​ခေါ်မိတဲ့
အ​ကြောင်းအရင်း​​ပေါ့
Super hero ​တွေကိုရုပ်​​ပြောင်​လုပ်​ထားတဲ့
တီရှပ်​​​လေးတွေကို
သူမအမြဲဝတ်​တတ်​တယ်​..
က​လေးထိန်း​နေတဲ့ Bat man
ဟင်းချက်​​နေတဲ့ iron man
နှာ​ခေါင်း နှိုက်​​နေတဲ့ super man

ပြီး​တော့ အများကြီး ပဲ
ဘယ်​​လောက်​ဝယ်​စုထားလဲမသိဘူး

အသက်​ဆယ့်​ကိုးနှစ်​နဲ့မလိုက်​​အောင်
Poker face နဲ့
အမြဲလိုလိုဆရာမကြီးစတိုင်​လ်​ဖမ်းပြီး
မျက်​မှန်​ကြီးတပ်​တပ်​လာတယ်​.
.ပြီးရင်​​တော့သူမပြန်​ချွတ်​ရတာကြီးပဲ

ကျွန်​​တော်​ running man shooting မှာ
ချော်​လဲတာပဲဖြစ်​ဖြစ်​ တစ်​ခုခုဖြစ်​ရင်
ထိုင်​​နေရာက​နေဆတ်​ခနဲထ
ပြီး စိုးရိမ်​တကြီး ကင်​မရာ​ရှေ့ကို
ပြေးဝင်​လာမတတ်​ပဲ..

တခါတ​လေကျ​တော့လည်း ကျွန်​​တော့်ကို​စောင့်​ရင်း
စာအုပ်​အထူကြီးထိုင်​ဖတ်​​နေလို့ အထင်​တကြီး
လှမ်းကြည့်​လိုက်​ရင်​..harry potter စာအုပ်​ကြီး

တခါတ​လေ
Press conf ​တွေသွားခါနီး ပြင်​ဆင်​ပြီးတဲ့
ကျွန်​​တော့ကိုကြည့်​ပြီး
"မိတ်​ကပ်​​တွေ အများကြီးပဲ" လို့ ပြုံးစိစိနဲ့ ​ပြောတတ်​တယ်

ကား​ပေါ်ကဆင်းခါနီး fan အုပ်​လိုက်​ကြီးကိုမြင်​တိုင်း
သတိအ​နေအထားဖြစ်​ဖြစ်​သွားတတ်​တယ်​..
ဦးထုပ်​​တွေဘာ​တွေ ​သေချာ​ပြန်​​ဆောင်းပြီး
ကား​ပေါ်ကဆင်း​တော့မယ့်​သူမပုံစံ​လေးက
အရွယ်​နဲ့မှမလိုက်​​အောင်
လူဆိုးမကြီး ကျလို့

ကျွန်​​တော်​ က
အချစ်​ဆိုတာ နဲ့​ ​ဝေးကွာ​နေတာ တကယ်​ကိုကြာခဲ့ပီ
ဒီနှစ်​ပိုင်း​တွေမှာ fan ​တွေအတွက်​အလုပ်​ကြိုးစားတယ်
အသက်​ရှူမဝ​အောင်​ကြပ်​တဲ့ schedule​တွေကြားမှာ
အချစ်​အ​ကြောင်းမစဉ်းစားနိုင်​တာ တကယ်​ကြာခဲ့ပြီ

My own starWhere stories live. Discover now