Not too iced americano one, please!!!

2.9K 345 7
                                    

အဲ့ဒီ​နောက်​ပိုင်း Luhan ရဲ့
Running Man shooting ​တွေမှာ..

ယွဲမ်​ယွဲမ်​ လို့သူ​ခေါ်တဲ့ မျက်​လုံးဝိုင်းဝိုင်း​ကောင်​မ​လေး
ကို​တွေ့ရပါ​တော့တယ်​..

Luhan game ​တွေကစားတိုင်း expression
အမျိုးမျိုးနဲ့ ​ဘေးကရပ်​ကြည့်​​နေတဲ့..
Luhan တခုခု လွဲသွားတိုင်း တခစ်​ခစ်​ရယ်​​မောတတ်
တဲ့ Luhan ​ချော်​လဲသွားရင်​..သူပါနာသွားသလို
စိုးရိမ်​တကြီး မျက်​နှာမျိုးနဲ့...
Americanoဘူး​လေးကို လက်​နှစ်​ဖက်​နဲ့ တယုတယကိုင်​ထားပြီး luhan ကို​စောင့်​​နေတတ်
တဲ့ မျက်​လုံး ဝိုင်း ဝိုင်း PA ​ကောင်​မ​လေးက..

Luhan တ​ယောက်​ထဲထိုင်​​နေရင်
"Lu ge,coffee ရပြီ"
လို့ပြုံးပြုံး​လေး​ပြောတတ်​ပြီး

သူ မင်းသမီး​တွေနဲ့ တဟီးဟီးတဟားဟား လုပ်​​နေတဲ့
အချိန်​မျိုး ဆိုရင်​​တော့

"Luhan ge,,,coffee"
လို့စူပုတ်​ပုတ်​နဲ့​ပြောတတ်​တယ်​တဲ့

Shopping စာရင်း​တွေကြည့်​ပြီး သူမ
မျက်​လုံးပြူးသထက်​ပြူးလာတဲ့အခါ
Luhan က သ​ဘောကျစွာ
တဟားဟားနဲ့​အော်​ရယ်​တတ်​​သေးတယ်​.

က​လေးဝတုတ်​​လေး​တွေ မြင်​တိုင်း
မ​နေနိုင်​မထိုင်​နိုင်​သွား
ပွေ့ ပြီး မ​ပွေ့ရ ရင်​လည်း
ခုန်​ဆွဆွဖြစ်​​နေတတ်​တဲ့ဒီ​ကောင်​မ​လေးကို.
တခါတခါ Luhan ကိုယ်​တိုင်​ က 
ငေးကြည့်​​နေတတ်​တယ်​တဲ့..

...... ...... ...... ...... ...... ....... ...... .......... .........

တလ ဆိုတဲ့ အချိန်​..သူနဲ့ ​တွေ့ရတဲ့ ရှစ်​ရက်​ဆိုတဲ့
အချိန်​​လေးက တို​ပေမယ့်​..
သူ့ရဲ့​ဖော်​​ရွေ​နွေး​ထွေးမှု​ကြောင့်​​ရော..
Studio က ဝန်​ထမ်းအားလုံးရဲ့ ​နွေး​ထွေးမှု​ကြောင့်​ပါ
ကျမ ရဲ့ luhan part time PAအဖြစ်​တည်​ရှိမှုဟာ
ကျမထင်​ထားတာထက်​ပိုပြီး.
.သက်​​တောင့်​သက်​သာရှိ
ပြီး...
သူနဲ့လည်း လွယ်​ကူစွာပဲ ရင်းနှီးခဲ့ပါတယ်​..

Luhan ,သူက...

ဝန်​ထမ်း​တွေအ​ပေါ် မိသားစု လိုသ​ဘောထားတတ်​သူ
သူငယ်​ချင်း​တွေကိုအရမ်းချစ်​ပြီး​တော့..
Fan ​​တွေကိုလည်းသူ့ရဲ့ တစ်​စိတ်​တစ်​ပိုင်းလို့
သက်​မှတ်​ထားတဲ့သူ..
သနားကြင်​နာတတ်​ပြီး..
အသုံးကြမ်းတဲ့သူ.
အမြဲတမ်း စ​နောက်​ ​နေတတ်​ပေမယ့်​..
သူမကြိုက်​တဲ့ကိစ္စ​တွေကို
ပြတ်​ပြတ်​သားသား ငြင်းတတ်​တဲ့သူ
သူ့ MaMa လုပ်​​ပေးတဲ့ မနက်​စာကိုအမြဲလွမ်း​နေပြီး
Ice Americano
ကိုတရက်​နှစ်​ခွက်​​သောက်​တတ်​သူ

My own starWhere stories live. Discover now