Please!

2.8K 291 13
                                    

ဝမ်းနည်း..နာကျင်​စရာ​တွေနဲ့
Toki အ​ပေါ်မတရားပြီး
.အပြစ်​ရှိသလိုခံစားရတာ​တွေကို​ဘေးဖယ်​လိုက်​ရင်​​..
ကျမတို့နှစ်​ယောက်​ရဲ့ relationship
ကတကယ်​ကိုလှပပါတယ်​..

အကြိမ်​ကြိမ်​ အိပ်​မက်​ဖူးတဲ့..
သူရဲ့ လှပတဲ့မျက်​လုံး​တွေကိုစိုက်​ကြည့်​ခွင့်​ရတဲ့အခါ
အကြိမ်​ကြိမ်​ ရင်​ခုန်​ဖူးတဲ့
သူ့အသံ​လေး​တွေနဲ့..ကျမကိုချစ်​တယ်​ဆိုတဲ့
စကား​ပြောတာကိုကြားရတဲ့အခါ
အကြိမ်​ကြိမ်​ ​မျှော်​လင့်​ဖူးတဲ့
သူ့ရဲ့​အေးစက်​စက်​လက်​​​လေး​တွေနဲ့
ကျမကိုလက်​တွဲထားတဲ့အခါ..
အကြိမ်​ကြိမ်​ ရူးသွပ်​ဖူးတဲ့
သူ့နှုတ်​ခမ်း​တွေဆီက..အနမ်းတချို့ကိုရတဲ့အခါ..
.
သူ့ရဲ့ အချစ်​​တွေက..ကျမကြားဖူးတဲ့
ထောင်​​ပေါင်းများစွာ​သောနတ်​သမီးပုံပြင်​​တွေထက်
လှပ ပြီး ဂန္ဓဝင်​ဆန်​မှန်းသိခွင့်​ရခဲ့တယ်​..
ဒီကမ္ဘာကြီးမှာ ကိုယ်​အချစ်​ရဆုံးလူက..
ကိုယ့်​ကိုအချစ်​ဆုံးဆိုတဲ့အသိက
အလှပဆုံးပဲမဟုတ်​လား....

ကျမတို့နှစ်​​ယောက်​လုံး တကယ်​ကိုချစ်​ခဲ့ကြပါတယ်​..
တကယ်​ကို..​ပျော်​စရာ​ကောင်းပြီး..
တကယ်​ကိုလှပတဲ့​နေ့ရက်​​လေး​တွေကိုဖြတ်​သန်းခဲ့တာပါ.
~~~~~~
Private Study ​ပေးထားလို့အား​နေတဲ့ကျမက
သူ့ရဲ့ first solo concert အတွက်​အလုပ်​ရှုပ်​​နေ
တဲ့ luhan အတွက်​​ full time PA
ဖြစ်​လာခဲ့တယ်​..

တ​နေကုန်​..တခါတ​လေမှာ တညလုံး..
အကတိုက်​လိုက်​..သီချင်းတိုက်​လိုက်​..
ဒီဇိုင်​နာ​တွေဆီကိုသွားလို်​က်​နဲ့အလုပ်​အရမ်းရှုပ်​​နေတဲ့
ကျမရဲ့ luhan ge က..
သူဘယ်​​လောက်​ပဲပင်​ပန်း​နေပါ​စေ..ကျမကို

"ပျင်း​နေပြီလား,ယွဲမ်​?"လို့နူးညံ့စွာ​မေးတတ်​သလို.

"Luhan team,jia you!!!"လို့လည်း
Studio တခုလုံးကိုအား​ပေးတတ်​​သေးတယ်

တခါတ​လေ..ညနှစ်​နာရီ​လောက်​အထိ
ကျမတို့ studio တခုလုံးအလုပ်​ရှုပ်​​နေတတ်​တယ်
အဲ့လို အချိန်​မျိုးမှာ luhan က
ရှုပ်​ပွ​နေတဲ့စားပွဲ​ပေါ်က သီချင်းနုတ်​စ်​​တွေရယ်​..
ဓာတ်​ပုံ​​တွေရယ်​ကိုကြည့်​ပြီး

My own starWhere stories live. Discover now