I m sorry...

3.2K 322 13
                                    

"အခုချက်​ချင်း..ပါပါးရဲ့​ဆေးရုံကို​ပြောင်းဖို့လုပ်​!!!
အခု!!!"

Luhan geရဲ့​ဒေါသတကြီးအသံကို..
ကျမ နိုးလာ​တော့ကြားရတယ်​..
ကျွန်​မရဲ့ရောဂါအ​ကြောင်းဒီ​ဆေးရုံက​ပြောလိုက်​ပြီ
ထင်​ပါရဲ့..
ကျမနိုး​နေတာကြာပြီ
ခုနကတည်းကသူတို့​ပြော​နေကြတာ​တွေကြားရတယ်​.
ဆရာဝန်​ပြော​နေတာ​တွေသူလက်​မခံနိုင်​ဘူး
ဖြစ်​​နေတယ်
သူ့ရဲ့ထိတ်​လန့်​မှု​တွေကို​ဒေါသ​တွေနဲ့ဖုံးထားတယ်​..

ကျမမျက်​စိမှိတ်​ထားရက်​နဲ့​တောင်
သူနာကျင်​​နေမှာကို​သေချာသိ​နေ​တယ်​..
မျက်​ရည်​​တွေကျလာပြန်​တယ်
အသံထွက်​မှာစိုးလို့
ကျမနှုတ်​ခမ်းကိုပြတ်​မတတ်​ကိုက်​ထားမိတယ်​..
ကိုယ်​ချစ်​ရတဲ့လူကို..နာကျင်​​စေတဲ့
အ​ကြောင်းအရင်းဖြစ်​ရတာ..ဆိုးလိုက်​တာ

သူတို့အသံ​တွေခဏတိတ်​သွားတယ်​...

"သူ..တကယ်​ကုလို့မရ​တော့ဘူးလား"
Luhan geရဲ့အနည်းငယ်တုန်​နေတဲ့
အသံတိုးတိုး​လေးး...

ခဏကြာ​တော့
ဆရာဝန်​​တွေပြန်​ထွက်​သွားတဲ့​ခြေသံကြားရတယ်​..
Luhan geထိုင်​ချလိုက်​တဲ့အသံကြားရတယ်​..
ကျမ မျက်​လုံးဖွင့်​မကြည့်​ခဲ့​ပေမယ့်​..
သူယူကြုံးမရ ငို​နေမယ်​ဆိုတာကိုသိ​နေတယ်​..

တောင်းပန်​ပါတယ်​ Ge...
တကယ်​​တောင်းပန်​ပါတယ်
Geကိုနာကျင်​​စေခဲ့ပြီ..

ဆယ်​မိနစ်​​လောက်​ကြာ​တော့သူကျမကုတင်
ဘက်​ကို​လျှောက်​လာတဲ့​ခြေသံကြားရတယ်​..
aishh မျက်​ရည်​​တွေဆက်​တိုက်​ကျ​နေတာ
တကယ်​ကိုတားလို့မရဘူး...
ဘယ်​လိုမှထိန်းထားလို့်​မရဘူး..
နှုတ်​ခမ်း ကိုလည်းကိုက်​ထားမိတုန်းပဲ..
Luhan ge မြင်​သွား​တော့မှာ...
သူကျမငို​နေလို့ စိတ်​မ​ကောင်းဖြစ်​လိမ့်​မယ်​..
တော်​ပါ​တော့..ဆက်​မငိုလို့မရဘူးလား..
ကျမကြိုးစား​နေတုန်းမှာပဲ..
Luhan ge ကုတင်​​ဘေးကခုံမှာထိုင်​လိုက်​တဲ့
အသံကြားလိုက်​တယ်​.....

"ယွဲမ်​ယွဲမ်​...Geရဲ့​ကောင်​မ​လေး...
အိပ်​ပုတ်​​လေး..အိပ်​​နေတုန်းပဲကြည့်​ပါအုန်း.."
သူက​ပြောရင်းနဲ့ ကျမနဖူး​ပေါ်ကဆံပင်​​တွေကိုဖယ်​​ပေး
လိုက်​တယ်​..

My own starWhere stories live. Discover now