Chapter - 1

2.9K 98 7
                                    

The End Of The Hate ( အမုန်းနိဂုံး )

Chapter - 1 : " The Beginning "

Kolar : Shit !

Yiyar : Kolar

Kolar : ငါ စိတ်တိုတယ်ဟ

Yiyar : စိတ်လျှော့ပါဟာ

E n o : Attdar သူ့ ဘယ်လိုလုပ်မှာလဲ

Attdar : လွှတ်ထားလိုက်

E n o : Attdar . . .

Attdar ပခုံးတွန့်ပြလိုက်ပြီး နားကြပ်တပ်လိုက်သည်။

E n o ဘယ်လိုပြန်ပြောရမှန်းတောင် မသိတော့ချေ။

Kolar : ငါ ပြန်ပြီ

Kolar လှည့်ထွက်သွားလိုက်သည်။

Attdar : Kolar . . .

သို့သော် Attdar ခေါ်လိုက်တဲ့ နာမည်ကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားမိသည်။

Attdar : Kolar ငါတို့က အပေးအယူနဲ့ဆိုတာ မမေ့ပစ်လိုက်နဲ့

Kolar : Attdar . . .

Attdar : သွားရအောင်

Attdar ရှေ့က ထွက်သွားတော့ သူတို့သုံးယောက် အနောက်ကနေ လိုက်လိုက်ရလေသည်။

Attdar က လှိုင်းကောက်ဆံပင်အရှည် ကို နက်မှောင်နေပြီး မျက်ခုံးမွှေးက အစိမ်းရင့်ရောင် သမ်းလေသည်။ သူမတို့လေးယောက်ရဲ့ မျက်စံအိမ်က နက်မှောင်နေလေသည်။ မျက်မှန်သာ မပါခဲ့ရင် Attdar က တော်တော်ချစ်ဖို့ ကောင်းမှာ အမှန်ပင် ။ ကကြီးပုံနှုတ်ခမ်းက ပန်းနုရောင်သမ်း နေလေ သည်။ သူမတို့လေးယောက်စလုံးရဲ့ အသားအရေက ဖြူတာထက် ပန်းနုရောင် ပိုသမ်းချင်သည်။ လေးယောက်စလုံးရဲ့အရပ်က ၅ ပေ ၅ လက်မ ပင် ဖြစ်သည်။ လေးယောက်ထဲမှာ Attdar က အကြီးဆုံး ဖြစ်သည်။

Kolar ကတော့ ယောင်္ကျားကေ၊ ဆံပင်ခဲရောင်အတိုနှင့် အမြဲတမ်း ဆံပင်က ရှုပ်ပွနေတတ်သည်။ တော်သေးတာက Attdar့ လို လှိုင်းကောက်မဟုတ်ဘဲ ဖြောင့်စင်း နက်မှောင်နေ၍သာ ဆံပင်ရှုပ်ပွတာ မသိသာခြင်း ဖြစ်သည်။ နက်မှောင်နေတဲ့ မျက်ခုံးဘယ်ဖက်ကို ရှေ့ဆံပင်ဘယ်ခွဲက အုပ်နေသော်လည်း ဆံပင်ခဲရောင်ကြောင့် မျက်ခုံးမွှေးက ထင်းနေလေသည်။ ညာဘက်နားရွက်မှာ အသည်းတစ်ခြမ်းပုံ အနက်ရောင်နားကပ်လေးကို တပ်ထားသည်။ နှုတ်ခမ်း နီရဲရဲလေးက သူမမျက်နှာလေးနှင့် အလွန်လိုက်ဖက်လှသည်။ သူမကို
မိန်းကလေးမှန်း မသိလျှင် သူမရဲ့ ခပ်မိုက်မိုက် စတိုင်လ်ကြောင့် ကြွေသွားနိုင်သည်။ သူမက ဒုတိယအကြီးဆုံးဖြစ်သည်။

The End Of The Hate Where stories live. Discover now