Chapter - 3

849 66 4
                                    

The End Of The Hate ( အမုန်းနိဂုံး )

Chapter - 3 : " Secret Doors and Fated Keys "

Kolar : ဒီနေရာမလား

ခရီးဆောင်အိတ်တစ်အိတ်စီဖြင့် သူမတို့တွေ သူတို့အိမ်ကို ရောက်လာကြလေသည်။

သူတို့တွေ အပြင်ကနေ အကဲခတ်လိုက်ကြသည်။

Kolar : အယောက်ရှစ်ရာတောင် ရှိတာပဲ

Yiyar : မြို့အပြင်က နန်းတော်မှာ အယောက်နှစ်ထောင်မလား

E n o : အားလုံးပေါင်း နှစ်ထောင့်ရှစ်ရာပေါ့

Attdar : အင်း

တစ်ယောက် တစ်မျိုးစီ ပြောလိုက်ကြသည်။

Attdar : ဒါပေမယ့် . . . Gijar သာ သူ့အင်အားအပြည့်နဲ့လာခဲ့ရင် . . .

Kolar, E n o , Yiyar : ဟူး . . .

Attdar့ စကားအဆုံးတွင် သူတို့တွေ သက်ပြင်းချလိုက်မိသည်။

Attdar စကားဆက်မပြောလည်း ဘာဆက်ဖြစ်မယ်ဆိုတာ သူတို့တွေ သိနေ၍ ဖြစ်သည်။

Attdar : သွားရအောင်

Kolar, E n o , Yiyar : အင်း . . .

သူမတို့တွေ အိမ်ထဲ ဝင်ဖို့ ပြင်လိုက်ချိန်မှာပင်
အိမ်အပေါက်ဝကို လူတစ်ယောက်က လာရပ်လေသည်။

S u : အသစ်တွေထင်တယ်

Yiyar : ဟုတ်

S u : ရော့ . . . အခန်းသော့တွေ

Kolar : ဟင် . . . တစ်ခန်းတည်းမှာ အတူတူနေရမှာ မဟုတ်ဘူးလား

Kolar ဝင်ပြောလိုက်သည်။

Attdar သော့ပေးနေတဲ့ တစ်ယောက်ကို သေချာစူးစိုက်ကြည့်နေမိသည်။

S u : အခန်းနံပါတ် ၅ ၊ ၆ ၊ ၇ ၊ ၈ . . . ကြိုက်တာသာ ယူကြ ၊ တစ်ယောက်တစ်ခန်းစီပဲ နေရမှာ

Kolar : ဟင် . . .

E n o : တစ်ခန်းတည်း ပေါင်းနေလို့ မရဘူးလား

S u : အင်း

Kolar နဲ့ E n o စိတ်ပျက်ကုန်လေသည်။

Kolar : Attdar ပြန်ကြရအောင်

S u : ပြန်လို့မရတော့ဘူးလေ၊ ဒီအိမ်ထဲဝင်ဖို့ ဆုံးဖြတ်ပြီးမှ ပြန်ရင် ကျိန်စာမိတယ်၊ မသေမချင်းညတိုင်း အိပ်မက်ဆိုးတွေမက်စေတဲ့ ကျိန်စာပေါ့

The End Of The Hate Nơi câu chuyện tồn tại. Hãy khám phá bây giờ