Chapter - 8

698 66 0
                                    

The End Of The Hate ( အမုန်းနိဂုံး )

Chapter - 8 : " Mar . . . "

Attdar : Shit!

Attdar . . . စိတ်ညစ်နေမိသည်။

ဘာလို့လဲဆိုတော့ . . . သူမမှာ အကျင့်ဆိုးတစ်ခုရှိသည်။

အဲ့ဒါက ကားစီးတာနဲ့ တန်းအိပ်ပျော်သွားခြင်းပင်။
ကားရပ်တာနဲ့ တန်းနိုးလာပေမယ့် ကားမောင်းနေတဲ့တစ်လျှောက်လုံး
ဘယ်လိုနိုးနိုး မရပေ။

Zu . . . ဘေးမှာ နားကြပ်တပ်လျက်နဲ့ မတုန်မလှုပ်ထိုင်နေတဲ့ Attdar ကို ကြည့်နေမိသည်။

Zu : ဟေ့ . . .

Zu . . . Attdar ပခုံးကို ထိလိုက်တော့ Attdar က သူ့ဘက်ကို ယိုင်ကျလာပြီး
Attdar့ခေါင်းက သူ့ပေါင်ပေါ်ကို အုံးလျက်သား ဖြစ်သွားလေသည်။

ရုတ်တရက်မလို့ Zu . . . ကြောင်သွားရသည်။

Zu : ဝေ့ . . . မင်း ထစမ်း ၊ ယောင်္ကျားလေးဖြစ်ပြီးတော့ . . .
မင်း မရှက်ဘူးလား

သူဘာပြောပြော . . . Attdar က
လှုပ်တောင် မလှုပ်ပေ။

Zu : မင်း ထမလာရင် ငါ သတ်ပစ်မိလိမ့် . . .

Zu . . . ပြောနေရင်း သူ့အကြည့်တွေက Attdar့လည်ပင်းဆီကို ရောက်သွားတော့သည်။

ကြည့်ရင်းနဲ့ သွေးဆာသလိုဖြစ်လာတာကြောင့်
သူ့ခေါင်းကို တခြားကို လှည့်လိုက်သည်။

Zu : လည်ပင်းကလည်း မိန်းကလေးလည်ပင်းကျနေတာပဲ

Zu . . . အစွယ်ထွက်ချင်သလိုဖြစ်နေတဲ့ ပါးစပ်ကို လက်နဲ့အုပ်ထားနေရုံမှအပ။

တစ်ဖက်ကားက Ku တစ်ယောက်ကတော့ စိတ်ပျက်နေပေမယ့် Kolar ကတော့
အိပ်လို့ကောင်းနေတော့သည်။

Ku : ဒါ နည်းနည်းဖောင်းတာ မဟုတ်တော့ဘူး

သူ့ပေါင်ပေါ်ရောက်နေတဲ့ Kolar့ ရဲ့ ခြေထောက်ကို ကြည့်ရင်း ဒေါသကို မနည်းထိန်းထားရသည်။

Ku : အိပ်နေတာ သရေတောင်ကျတယ် ၊ မင်းနဲ့ ရည်းစားဖြစ်မယ့်
ကောင်မလေးတော့ . . .

Ku . . . Kolar့ကို ကြည့်ရင်း စိတ်ပျက်စွာ ပြောလိုက်မိသည်။

Ru . . . ကားမှန်ပေါ် ခေါင်းလေးမှီပြီး အိပ်နေတဲ့ Yiyar ပုံစံကို ကြည့်နေမိသည်။

The End Of The Hate Where stories live. Discover now