Chapter - 4

796 65 4
                                    

The End Of The Hate ( အမုန်းနိဂုံး )

Chapter - 4 : " Boys or Girls "

Attdar : ညီအစ်မအရင်းတွေပါ ၊ အမေက တစ်ယောက်ကို တစ်နာရီစီ ခြားမွေးတာပါ

Ku , Fu : ဘာ . . .

သူတို့နှစ်ယောက် အံ့သြသွားသည်။

Ru : မင်းတို့လေးယောက်လုံးကို အမေတစ်ယောက်တည်းက တစ်နာရီစီ ခြားမွေးတယ်

R u အံ့သြပြီးရင်း အံ့သြနေရသည်။

Attdar : ဟုတ်တယ် ၊ ငါက အကြီးဆုံး . . .  Attdar ၊ သူက ဒုတိယ . . .  Kolar
သူက တတိယ . . Yiyar ၊ သူက
အငယ်ဆုံး . . . E n o ၊ အခုပြောပြပြီးပြီဆိုတော့
အိပ်လို့ ရပြီမလား

Attdar ပြောပြီးပြီးချင်း အခန်းထဲ ဝင်လိုက်သည်။

Su ပြုံးလိုက်မိသည်။
Attdar က ဖြတ်ထိုးညဏ်ကောင်းပေမယ့် သွေးစုပ်ဖုတ်ကောင်နဲ့ဝံပုလွေတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ သိပ်သိပုံမရချေ။

F u : Zu . . .  သာမန် သွေးစုပ်ဖုတ်ကောင်မိသားစုကော ၊ သမန်းဝံပုလွေမိသားစုတွေကော မိန်းမတစ်ယောက်ပဲ ယူခွင့်ရှိပြီး ကလေးတစ်ယောက်ပဲ မွေးခွင့်ရှိတာမလား ၊
တော်ဝင်မျိုးနွယ်တွေသာ မိန်းမငါးယောက်ယူလို့ရလို့ သားသမီးငါးယောက်ရှိတာလေ ၊
အခု ဒါက . . . ဘယ်လိုမှ မဖြစ်နိုင်ဘူးနော် ၊
ကလေးတစ်ယောက်ထက် ပိုမွေးခဲ့ရင် အဲ့ဒီ့မိသားစုတစ်ခုလုံး သေကုန်ကြတာချည်းပဲလေ ၊ ဟုတ်တယ်မလား

Fu . . . Zu ကို လှမ်းမေးလိုက်သည်။

Ru နဲ့ Ku လည်း စဉ်းစားနေမိသည်။

Zu : အမ သိတယ်မလား . . .

Zu . . . Su့ ဘက် လှည့်မေးတော့ သူမက မရှိတော့ချေ။

Zu : ထားလိုက်ပါတော့ ၊ နောက်နေ့ ထပ် တွေ့ရင် မေးလို့ ရပါသေးတယ် ၊ အခု အိပ်ကြရအောင်

Zu အခန်းထဲ ဝင်ဖို့ တံခါးဖွင့်လိုက်သည်။ အခန်းထဲဝင်ခါနီး မျက်နှာချင်းဆိုင်က အခန်းကို တစ်ချက် လှည့်ကြည့်လိုက်သည်။

Zu : Attdar . . . ? ရင်းနှီးနေသလိုပဲ

Zu မျက်​လုံးတစ်​ချက်​မှိတ်​လိုက်​ကာ စဉ်းစား​နေမိသည်​။

The End Of The Hate Where stories live. Discover now