Chapter - 9

646 71 0
                                    

The End Of The Hate ( အမုန်းနိဂုံး )

Chapter - 9 : " I think you get betrayed too "

Attdar အပြင်ရောက်တာနဲ့ အခန်းသော့တွေကို Zu ဆီ ပေးလိုက်သည်။

Fu : အခု ဘယ်လိုလုပ်ကြမှာလဲ

Ru : နှစ်ယောက်တစ်ခန်းနေရုံပဲ ရှိတော့တာပေါ့

Yiyar : ဟင် . . .

Ru . . . သူ့စကားကြောင့် Yiyar အံ့သြသွားတာကြောင့် မသိမသာ ပြုံးလိုက်မိသည်။

Eno : အဲ့ဒါတော့ မဖြစ်ဘူး . . .

Kolar : ဟုတ်တယ် . . .

Eno : ငါတို့တွေက တစ်ယောက်တည်းပဲ အိပ်တတ်တာ . . . အဲ့ဒါကြောင့် အခုသော့ကို ငါတို့ပေးပြီး နင်တို့က နောက်ထပ်သော့တွေကို မရ ရအောင် ထပ်တောင်းလိုက်

Kolar : ဟုတ်တယ် . . .

Eno ပြောသမျှ Kolar က ထောက်ခံနေလေသည် ။

Fu : ဟမ် . . . Mar ပြောလိုက်တာကို မင်း မကြားလိုက်ဘူးလား . . . ငါတို့လို တော်ဝင်မင်းသားတွေတောင် အခြေအနေနဲ့ အချိန်အခါ လိုက်ပြီး ရအောင်နေတတ်အောင် ကျင့်ထားရတာ ၊ ငါတို့က မညည်းရဘဲ မင်းတို့လို လက်အောက်ကလူတွေက . . .

Eno : ငါတို့က လက်အောက်ငယ်သားတွေမှ မဟုတ်တာ . . .

Eno စကားကြောင့် Attdar တို့သုံးယောက် မျက်လုံးပြူးသွားရသည်။

Eno . . . စိုက်ကြည့်ခံလိုက်ရတဲ့ မျက်လုံးတွေကြောင့် စကားမှားပြောမိပြီဆိုတာ သိလိုက်သည်။

Fu : အော် . . . ဟုတ်သားပဲ ၊ မင်းတို့က ငါ့အဖေမွေးစားထားတဲ့ မွေးစားသားတွေပဲ ၊ ဒါပေမယ့် မွေးစားသားကိုယ်ထဲမှာ ငါတို့လို တော်ဝင်သွေးမှမပါတာ ၊ မွေးစားခံလိုက်ရရုံနဲ့ အောက်ခြေလွတ်မနေနဲ့

Eno . . . သူ့စကားကြောင့် တင်းသွားရသည်။

Eno : အောက်ခြေလွတ်တယ် . . . ? တော်ဝင်သွေးမပါဘူး . . . ? Hk . . .
ငါ ဘယ်သူမှန်း သိရင် နင် ဒီလို နိမ်ရဲပါ့မလား သိချင်မိ

Eno စကားကြောင့် Attdar တို့ မျက်လုံးပြူးသွားရပြန်သည်။

Eno : ငါက . . .

Attdar : ငါ အိပ်ချင်ပြီ

Eno ပါးစပ်ဟဟချင်း Attdar စကားလမ်းကြောင်းလွှဲလိုက်ရသည်။

The End Of The Hate Where stories live. Discover now