Chapter - 13

692 62 8
                                    

The End Of The Hate ( အမုန်းနိဂုံး )

Chapter - 13 : " Half Vampire and Half Werewolf "

Noa : Ardat . . .

Attdar . . . သူ ရေရွတ်လိုက်တဲ့ နာမည်ကြောင့် အံ့သြသွားရသည်။

Attdar သတိပြန်ဝင်လာတာနဲ့ ချက်ချင်း Noa ကိုင်ထားတဲ့ လက်ကို ရုန်းပြီး ပြေးဖို့ ကြံလိုက်ပေမယ့် Noa က သူမကို ရင်ခွင်ထဲ
ဆွဲသွင်းလိုက်၍ ကြောင်သွားရသည်။

တင်းတင်းကျပ်ကျပ်ကြီး အဖက်ခံလိုက်ရ၍
Attdar နေရခက်နေရသည်။

သူမ အားကြီးရဲ့သားနဲ့ သူ့ကို ရုန်းမရ၍ အံ့သြသွားရပြန်သည်။

Noa : အသက်ရှင်နေသေးလို့ ကျေးဇူးတင်ပါတယ်

Noa က သူမနဖူးလေးကို ငုံ့နမ်းကာ ပြောလိုက်ပေမယ့် Attdar ကတော့ သူ့စကားနဲ့အပြုအမူကြောင့် ကြောင်နေရသည်။

Miki : Noa . . .

Miki အသံကြားလိုက်ရ၍ Attdar သတိဝင်လာကာ လန့်သွားရသည်။

ချွေးဇောပြန်နေတုန်းမှာပဲ Noa က လက်လွှတ်ပေးလိုက်၍ သူမ . . . သူ့ကို တစ်ချက်ကြည့်ပြီး နေရာကနေ ထွက်ပြေးသွားလိုက်သည်။

Miki : Noa . . . ဒီရောက်နေတာလား

Noa . . . Miki ကို လှည့်ကြည့်လိုက်သည်။

Noa : Miki . . . ကိုယ် ဒီနေ့တစ်ယောက်ထဲ နေချင်တယ်

Miki : Miki ကို နှင်နေတာလား

Miki က ပြောရင်း သူ့ကို လာဖက်လေသည်။

Miki က ဆွဲဆောင်မှုရှိပြီး အရမ်း Sexy ကျပေမယ့် Miki အပေါ် သူ့အချစ်တွေ မရှိခဲ့တာ Ardat သူတို့နဲ့ မခွဲခွာခင်
. . Ardat မိန်းကလေးမှန်း သူစသိတဲ့နေ့ကတည်းကပင်။ Miki က Ardat ထက် ချောတာမှန်ပေမယ့် သူ Miki ကို ရင်မခုန်ပေ။

သူ Miki ကို ပိုင်ဆိုင်ချင်ခဲ့တာ Zu ကို နိုင်ချင်လို့ပင်။ ဟုတ်တယ်လေ။ Werewolf ဖြစ်တဲ့ သူ့ကို မကြိုက်ဘဲ Vampire ဖြစ်တဲ့ Zu ကို ကြိုက်တာက ဖြစ်မှမဖြစ်သင့်တာ။

အခု Miki ကို ပိုင်ဆိုင်ခွင့်ရပေမယ့်လည်း သူ Ardat ကို မေ့မရခဲ့ပေ။ သူ အရင်က Miki ကို အပြစ်တင်ခဲ့ပေမယ့် . . . Ardat ကို ချစ်မိခဲ့တဲ့နေ့ကစပြီး Miki နဲ့ Zu ကို နားလည်ခဲ့သည်။ ဘာလို့ဆို Ardat ကလည်း Zu လို Vampire မလို့ပင်။

The End Of The Hate Where stories live. Discover now