Chapter - 11

652 58 2
                                    

The End Of The Hate ( အမုန်းနိဂုံး )

Chapter - 11 : " New Class "

Miki : အစောနက ဘာပြောလိုက်တာလဲ

Attdar : ကြားတဲ့အတိုင်းပဲလေ

Miki : နင် . . .

Attdar စကားပြောနေရင်းနဲ့ မျက်မှန်ရှိတဲ့နေရာကို လျှောက်သွားလိုက်သည်။

Kolar : Attdar . . . ဘာလုပ်နေတာလဲ ၊ သူ့အစွမ်းနဲ့ မျက်မှန်ကို လှမ်းယူလိုက်ပါ့လား

Yoyar : အဲ့ဒီ့လို လုပ်လို့မရဘူး . . . Kolar . . .

Kolar : ဘာလို့လဲ

Yiyar : အဲ့ဒီ့လိုအစွမ်းက Miki ဆီမှာလည်း ရှိတယ်လေ

Kolar : Shit !

Yiyar စကားကြောင့် Kolar စိတ်ညစ်သွားရသည်။

Attdar မျက်မှန်ကို ရှာတွေ့တာနဲ့ ကုန်းကောက်လိုက်ပြီး ချက်ချင်း တပ်လိုက်သည်။ ပြီးတာနဲ့ ချက်ချင်း မတ်တပ်ပြန်ရပ်လိုက်သည်။

Miki : နင် . . . အသတ်ခံချင်နေပြီနဲ့ တူတယ်

Miki ပြောရင်း လက်တစ်ဖက်ကလည်း လေထဲ မြှောက်သွားလေသည်။

Attdar . . . Miki လက်ကို သူမလက်တစ်ဖက်နဲ့ လှမ်းကိုင်လိုက်သည်။

Miki : ငါ့ကို အခုလွှတ်စမ်း

Attdar : နောက်ထပ်တစ်ခု ထပ်ပြောလိုက်ဦးမယ်

Attdar ဆီက အသံကြောင့် Miki . . . Attdar ကို မော့ကြည့်လိုက်သည်။

Attdar : ငါက ချောတာ ၊ လှတာတွေကို စိတ်မဝင်စားဘူး ၊ မင်းရဲ့တခြားလူတွေနဲ့ ငါ့ကို လာမနှိုင်းနဲ့

Attdar ခနဲ့တဲ့တဲ့ပြောလိုက်ပြီး Miki လက်ကို ဆောင့်လွှတ်လိုက်သည်။

Miki : နင် . . .

Miki ရှေ့ထပ်တိုးဖို့ အပြင် လက်တစ်ဖက်ကို
အဆွဲခံလိုက်ရ၍ နောက်လှည့်ကြည့်လိုက်မိသည်။

Miki : Noa . . . ?

Noa . . . Miki ကို သူ့အနောက်မှာ ထားလိုက်ပြီး သူတို့ကို စူးစူးရဲရဲ စိုက်ကြည့်နေတဲ့ ကောင်လေးနဲ့ မျက်နှာချင်းဆိုင်လိုက်သည်။

Noa : ဘုရင်တွေရဲ့ သားသမီးတွေကို ပြန်ပြောပိုင်ခွင့် မရှိဘူးဆိုတာ မင်း မသိဘူးလား

The End Of The Hate Where stories live. Discover now