Chapter - 15

1.3K 68 0
                                    

The End Of The Hate ( အမုန်းနိဂုံး )

Chapter - 15 : " Killed by Mate "

Zu : ဘာလို့ အဲ့ဒီ့လို လိမ်ခဲ့တာလဲ

Dan : Gijar ကြောင့်ပါ

Zu : ဘာဆိုင်လို့လဲ

Dan : LuMoDoShi လုပ်ခဲ့တဲ့ ကျိန်စာက LuMoDoShi လေးယောက်ရဲ့ သွေးနဲ့မှ ဖျက်မှ ရမယ်မှန်း သိနေတဲ့ Gijar က
Attdar တို့က LuMoDoShi ပြန်ဝင်စားမှန်း Kilu ပြောလို့ သိသွားခဲ့တယ် ၊ အရင်ဘဝကလို ယောင်္ကျားလေး မဟုတ်ဘဲ မိန်းကလေးတွေ ဖြစ်နေမှန်းပါ သိသွားရင် Attdar တို့အတွက် အသက်အန္တရာယ်အရမ်းရှိတယ် ၊ အဲ့ဒါကြောင့် Kilu က Attdar တို့ မွေးမွေးချင်း ယောင်္ကျားလေးတွေပါလို့ အကုန်လုံးကို အသိပေးခဲ့တယ် ၊ သူ အယုံကြည်ရဆုံး သူ့သူငယ်ချုင်း King Shiku တောင် ဦးတို့ Attdar တို့ကို သွားပို့မှ မိန်းကလေးတွေမှန်း သိသွားခဲ့တာ

Ru : ငါပြောသားပဲ ၊ မိန်းကလေးတွေပါလို့

Fu : Shut up

Ru က စိတ်ထဲကနေ သူတို့ သုံးယောက်ကို လှမ်းပြောနေလေသည်။

Zu . . . Attdar ကို စိုက်ကြည့်နေမိသည်။

Zu : Ardat . . . တကယ်ပဲ နင် ဖြစ်နေခဲ့တာပါ့လား . . .

Zu စိုက်ကြည့်နေ၍ Attdar ပြန်စိုက်ကြည့်လိုက်သည်။

Attdar : ဘာဖြစ်လို့လဲ

Zu . . . သူမကို ပြန်မဖြေဘဲ Dan ဘက်ကို ပြန်လှည့်လိုက်သည်။

Zu : ဒါနဲ့ . . . LuMoDoShi အကြောင်းနဲ့ပတ်သတ်တဲ့ Memory ကိုပဲ ဖျက်ပစ်ခဲ့တာလို့ပြောတယ်နော်

Dan : အင်း . . .

Zu : အဲ့ဒါဆို သူ ကျွန်တော် ၊ Miki နဲ့ Noaကို ဘာလို့ မမှတ်မိတာလဲ

Dan : ဟင် . . .

Zu : ကျွန်တော်တို့လေးယောက် အငယ်တုန်းက တွေ့ဖူးတယ်

All : ဟင် . . .

Attdar မျက်လုံးပြူးသွားသလို တခြားလူတွေလည်း အံ့သြကုန်လေသည်။

Dan : အာ . . . ဟုတ်သားပဲ ၊ Attdar ၁၂ ၊ ၁၃ လောက်တုန်းက Kilu က တစ်နေရာကို လချီပြီး ထားခဲ့ဖူးတယ် ၊ အဲ့ဒီ့အချိန်ကို ပြောတာလား

Zu : ဟုတ် . . .

Dan : ဟင်း . . .

Dan သက်ပြင်းချလိုက်သည်။

The End Of The Hate Where stories live. Discover now