ဘယ်အရာပဲ ဖြစ်ဖြစ် တစ်စုံတစ်ခုမွာ...
အစ ဆိုတာရှိတာပဲ မဟုတ်လား...
ဒါပေမယ့် က်နော့်အတွက် သူ့ရဲ့အမုန်းတွေက
အစမရှိသလို....
အဆုံးသတ်လဲ မရှိခဲ့ပါ............***************
"ဟား ဟား. မပြေးနဲ့လေ..."
မြင်ရခဲသော ပုံရိပ်လေးမို့
စက္ကန့်ပိုင်း မ်ွတောင် အလွှဲမခံနိုင်ပဲ ကြည့်နေမိသည်....ခါးထောက်ကာ ခေါင်းမော့ပီး ရယ်နေသော
ပုံစံလေးက အပြစ်ကင်းလိုက်တာ...အတော်ရှည်နေပီ ဖြစ်သော နီညိုရောင်
ဆံနွယ်ပျော့လေးတွေ တလွင့်လွင့်နဲ့...ပါးပြင်နုနုမှာ နေရောင်လေး မြင်နေရတာက
Chanyeol အသားအရောင်ကို ရွှေရောင်ဝင်းစေသလိုလို.......တီရှပ် အဖြူနဲ့အနက်အစင်းလက်ရှည်လေးကို
ဒူးအပေါ်ထိ တတ်နေသော ဂျင်းအတိုအပြလေး
နဲ့တွဲဝတ် ထားသော ပုံစံက Chanyeolကို ပိုပီး
နုငယ်နေစေသည်...Rou Rou ကို ဘောလုံးပစ်ပေးလိုက်
Rou Rou က ပြန်ပစ်ပေးလိုက် ဆော့နေပီး
ပြေးလွှားကာ အော်ဟစ်ရယ်မောနေသည့်
ပျော်ရွှင်နေသော ပုံရိပ်လေး .......နာရီကြည့်လိုက်တော့ ဒါဟာ ထမင်းစားချိန်.....
မသက်သာသော သက်ပြင်းတစ်ခုချလိုက်မိပါသည်....
သူ ထို နားသွားမိတာနဲ့ ရယ်မောနေတာလေး
ရပ်သွားလိမ့်မည်....ပီးရင် မျက်လုံးလှလှလေးတွေနဲ့ မလိုက်ဖက်သော
အစိမ်းရောင် အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေသည့်
အကြည့်လွလွလေးကို လက်ခံရရှိပေလိမ့်မည်...အသာကြည့်နေလို့လဲ မဖြစ် .....
အဲ့လိုမွ မကျွေးရင် လုံးဝစားမှာ မဟုတ်သော Chanyeol အကြောင်းကို သိပီးသားလေ......သူကျွေးလို့ စာရရင်တောင်
မသေရုံတမယ်စားတာဟု ပြောတတ်သေးတာလေ..."Channie..."
ထင်သည့်အတိုင်း အလိုမက်သလို ကြည့်လာသော
မျက်မှောင် တွန့်ချိုးထားခဲ့တဲ့
အကြည့် စူးစူးတွေ......"ထမင်းစားမယ်လေ......"
ဆြဲထားသော Rou Rou လည်ပင်းကြိုးကို
မြက်ခင်းပေါ် ဆောင့်အောင့်ပီး ပစ်ခ်လေသည်.....