"ခလေးရယ်..."Bus stop မွာ လမ်းပေါ်ကို ငေးပီး ခုံတန်းရှည်ပေါ်မှာ ငြိမ်ငြိမ်သက်သက် ထိုင်နေခဲ့သော Chanyeol...
သည်းလာလိုက် တဖြောတ်ဖြောတ်ကျလာလိုက်
ပုံမှန်မရှိသော မိုးစက်တွေကို ငေးကြည့်နေလေသည်...ဖိနပ်ဦးထိပ်တွေနဲ့ ဘောင်းဘီအနားစတွေက အနည်းငယ်စိုစွတ်နေသည်...
Chanyeol က အေးအေးဆေးဆေးပဲ
မိုးစက်တွေကို ငေးကြည့်နေတာ....
ထိုနေရာကနေလဲ ထွက်ခွာမယ့်ပုံလဲ ပေါ်မနေခဲ့...တီရှပ်ပါးပါးလေးဟာလဲ သူ့ကို မချမ်းအေးစေခဲ့ဘူးထင်တယ်...
အတွေးလွန်နေတဲ့ မျက်လုံးလေးတွေကို ခပ်လှမ်းလှမ်းကနေ ငေးကြည့်နေရင်း ရင်ထဲ လှိိုက်တတ်လာသော နာကျင်မှူတွေက မျက်ဝန်းတွေကို အရောင်ဟပ်စေသည်.....
ကိုယ့်ဆီကိုဖုန်းဆက်ပီးလာကြိုဖို့ပြောသင့်တာပေါ့...
ဒါဟာ မျှော်လင့်ခွင့်မရှိခဲ့ပါ....ရှေ့မှာလာရပ်သော ငွေမင်ရောင်ကားလေးကို အမြင်မွာ ထူးပီး အံ့ျသမနေတော့ပါ...
ဘယ်လိုပဲဖြစ်ဖြစ် သူရောက်လာမှာပဲလို့ သိပီးသားလေ....
မုန်းစရာကောင်းလောက်အောင် သူက ချစ်တတ်နေခဲ့တာ....
"ခလေး..."
မိုးတွေကြားထဲ ပြေးထွက်လာကာ ရှေ့တည့်တည့်မွာ ရပ်ပီး သူက ခေါ်လေသည်...
Chanyeol လို့်ခေါ်တာထပ်ကို ခလေး လို့ သူခေါ်လိုက်တိုင်း ခုန်လှုပ်သြားခဲ့တဲ့ နှလုံးသားတစ်စုံ...
မော့ကြည့်လာသော အကြည့်တွေမှ
နာကြည်းနေသော အငွေ့အသက်တွေ ကြောင့်..."ကိုယ့်ဆီလာခဲ့တာဆို... သြားရအောင်လေ.. ."
"..."
"ပြောပြမယ်.. မင်းသိချင်တာ အကုန်ပြောပြမယ်...
ခု အိမ်ပြန်ရအောင်...."လက်မောင်းနှဖက်ကနေ ဆြဲထူတဲ့အခါမွာတော့
အလွယ်တကူပါလာခဲ့သည်...Yi Fan က အပေါ်ထပ်ဝတ်လာသည့် ကုတ်ကို ချွတ်ကာ Chanyeol ခေါင်းပေါ်ကနေ ပခုံးတွေထိ ခြုံပေးပီးမှ အတူတူကားဆီပြေးဝင်လိုက်သည်.....