တရွေ့ရွေ့သွားနေသော
Expressကားကြီးပေါ်မှ လူတွေကို လိုက်ဝေ့ကြည့်နေမိသည်....ဘောင်းဘီအိတ်ထဲ နှိုက်ကြည့်တော့
လက်ထဲပါလာသော သော့တွဲကို ငေးကြည့်နေမိသည်..."ဟူး....."
သက်ပြင်းပူပူကို မှုတ်ထုတ်မိရင်း......
အတွေးထဲပေါ်လာခဲ့သည်က...
Wu Yi Fan ရဲ့ မျက်နှာ........ဆို့နင့်ကြေကွဲမှု အပြည့်နဲ့ အကြည့်တွေ....
ရှေ့မှာ ဘာတွေဆက်ဖြစ်မွာလဲ က်နော် မသိဘူး Wu Yi Fan.....
ဒါပေမယ့်.....
ယိုင်နဲ့နေတဲ့နှလုံးသားက ခင်ဗ်ားကို သိပ်ချစ်မိသြားမွာ
က်နော် အရမ်းကြောက်တယ်........"အာ့..."
ပါတ်တီးစီးထားရဆဲ လက်ကောက်ဝတ်ကိုမေ့ကာ
ကားပြတင်းနဲ့ရိုက်မိတာမို့ ညီးညူမိသည်....စိုးရိမ်တကြီး စိုက်ကြည့်တတ်တဲ့
မျက်ဝန်းတစ်စုံကို သတိရမိတော့...
နီရဲနေသည့်နုှတ်ခမ်းဖူး တစ်စုံက အာရုံထဲ နေရာယူလာခဲ့သည်.....ခေါင်းခါယမ်းကာ ပျောက်ကွယ်သွားဖို့ ကြိုစားပေမယ့် မရတာမို့ မျက်ဝန်းအစုံကို မှိတ်ချထားမိသည်.....
"ရောက်ပီ..."
ကိုယ့်ဘာသာရေရွတ်ကာ ကျောပိုးအိတ်ကို နေရာတကျ လွယ်လိုက်သည်.....
မရှ်ိခဲ့ဘူး....
အိမ်ပြန်လာခဲ့တဲ့ သူကို ကြိုဆိုနေမယ့်သူ တယောက်မွ ရှိမနေခဲ့ဘူး......
ငါမရှိတော့ရင် မင်းအနားမွာ ဘယ်သူမွ ရှိမှာ မဟုတ်ဘူး....
ဘေးနားကပ်ပြောလိုက်သလို ရှတတစကားသံကြောင့် မချိမဆန့် ပြုံးမိလေသည်.....
ဘယ်တုန်းကမ်ား အဲ့လောက် စွဲလမ်းသွားမိတာပါလိမ့်.....
ခြံတံခါးသော့ကို ဖွင့်နေတုန်းမွာ ပြေးထွက်လာခဲ့သည့် ဦးလေးကြီးတစ်ယောက်...
"ဦးလေးက ဘယ်သူလဲ...."
"ဦးကို ဒီခြံကို ပြုစုစောင့်ရှောက် ဖို့ လူလေး Yi Fan က ငှါးထားတာပါကွယ်...."
ဒါကြောင့် တစ်နှစ်ကျော် လူမနေခဲ့သည့် ခြံကျယ်ကြီးက သပ်ရပ် သန့်ရှင်းနေခဲ့တာကိုး...
ပန်းပင်တွေတောင် ပွင့်လို့....