❦Prologue❦

25.6K 1.5K 11
                                    


♕Joker & Harley♕
❦Prologue❦
ChanBaek BaekYeol
Yaoi

Zawgyi

ဘာလျှပ်စစ်မီးကိုမှ ထွန်းမထားပဲ သံတိုင်များ ကာရံထားသော ပြတင်းပေါက်သေးသေးလေးမှ တဆင့် ဝင်လာသည့် နေရောင်ခြည်သာ ရှိနေသော အခန်းငယ်တစ်ခန်း...။

ယင်းအခန်းထဲတွင် ကုတင်တစ်လုံး၊ စားပွဲတစ်ခု၊ ထိုင်ခုံတစ်ခုံနှင့် ပစ္စည်းကိရိယာအနည်းငယ်မှ လွဲ၍ မည်သို့သော ပရိဘောဂမျိုးမှ ရှိမနေ။

ထိုအခန်းထဲတွင် ရှိနေသူက စိတ်ဝေဒနာသည်တစ်ယောက်...။

"blah.. blah blah~ blah blah..."

ကုတင်ပေါ်၌ ထိုင်နေကာ နံရံတစ်ဖက်ဆီသို့ ငေးလျက် ရေရွတ်နေရာက သူ ရယ်မောလိုက်သည်။

သူ၏ အနက်ရောင်ဆံပင်များကြား အဖြူရောင် မီးခိုးရောင် ဆံပင်များ နေရာယူထားသည်။

မျက်နှာတစ်ခုလုံး ဖြူဖွေးနေပြီး မျက်လုံးနှစ်လုံး၌ ဆေးအမည်းများ သုတ်ထား၏။

နှုတ်ခမ်းနီ အရောင်ရင့်ရင့်ကို နှုတ်ခမ်းတစ်ခုလုံးတင်သာမက နှုတ်ခမ်းတစ်ဖက် တစ်ချက်စီ ကျော်လွန်ကာ ဆိုးထားသေးသည်။

ကြည့်ရုံမျှဖြင့် ထိုသူ၏ ပုံစံမှာ သာမန်လူတို့နှင့် ကွဲပြားနေသည်ကို သိနိုင်သည်။

"ကျွီ~~"

ရုတ်တရက် တံခါးပွင့်လာသံကြောင့် သူ တံခါးဖွင့်ဝင်လာသူဆီ လှမ်းကြည့်လိုက်၏။

ဂျူတီကုတ်လေးဝတ်ဆင်ထားကာ မျက်မှန်ကလေးနှင့် ဆရာဝန်လေးအား သူ ကြည့်ရင်း အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။

______________

"မင်း ကိုယ့်အတွက် အသက်​​ပေးရဲသလား?"

"​ပေးရဲတယ်​.."

"ဟက်! ဒါက လွယ်လွန်းတယ်.. အင်း~ မင်း ကိုယ့်အတွက် အသက်ရှင်နေနိုင်မလား?"

"Yes~"

_______________

ပိတုန်းရောင် မည်းနက်နေသော ဆံနွယ်ပျော့ပျော့များ။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now