❦Chapter Three❦ {Z+U}

11.7K 1.1K 25
                                    

♕Joker & Harley♕
❦Chapter Three❦
ChanBaek BaekYeol
Yaoi

Zawgyi

မထင်မှတ်ထားသော လုပ်ရပ်တစ်ခုမို့ BaekHyun ကြောင်အနေသည်။ ခန္ဓာကိုယ်တစ်ခုလုံး တောင့်မတ်နေပြီး ဘာဆိုဘာမှ မလုပ်နိုင်သေး။

နှုတ်ခမ်းသားပေါ်မှ အထိအတွေ့နွေးနွေးက သူ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းတို့ကို အချိန်အတိုင်းအတာတစ်ခုထိ ကင်းမဲ့သွားစေသည်။

ChanYeol က BaekHyun ၏ တစ်ကိုယ်လုံးကို ပွေ့ဖက်ကာ သူ၏ ပါးလျလျ နှုတ်ခမ်းသားကို စိတ်ကြိုက်စားသုံးနေသည်။ တုံ့ပြန်မှု မရှိသော်လည်း ဂရုမစိုက်..။ လိုချင်တပ်မက်စွာပင် BaekHyun ၏ နှုတ်ခမ်းတို့ကို ခြယ်လှယ်နေ၏။

သတိဝင်လာချိန်မှာပင် BaekHyun သည် သူ့အား ပွေ့ဖက်နမ်းရှုံ့နေသော ChanYeol ကို အားကုန် တွန်းထုတ်လိုက်သည်။ မိမိနှုတ်ခမ်းကို မိမိ အုပ်ကိုင်လိုက်ရင်း BaekHyun သည် ChanYeol ကို မော့ကြည့်မိသော် သူက စူးရဲသော အကြည့်တို့နှင့်အတူ ဆွဲဆောင်နိုင်လွန်းလှသော အပြုံးတစ်ခုကို ချိတ်ဆွဲထားခဲ့သည်။

ထိုအကြည့်၊ ထိုအပြုံးတို့ကို ခံနိုင်ရည် မရှိသည်မို့ BaekHyun ဒီအခန်းထဲက အမြန်ဆုံး ထွက်ပြေးချင်လာမိသည်။ ချက်ချင်း နောက်လှည့်ကာ တံခါးလက်ကိုင်ကို ဆွဲလှည့်ပြီး အပြင်ထွက်ဖို့ ပြင်ဆင်လိုက်သော်ငြား ဖျတ်လတ်မြန်ဆန်သော ChanYeol ကြောင့် ကျွန်တော် ကျရှုံးခဲ့ပြန်သည်။

"ငါ့ကို လွှတ်ပေးပါ"

ChanYeol သည် သူ့အား ကျောပေးထားသော BaekHyun ကို အနောက်မှ သိုင်းဖက်ထားကာ BaekHyun ၏ လည်ပင်းသားများကို နမ်းရှိုက်နေ၏။

BaekHyun သည် ယောက်ျားချင်းပင် ဖြစ်သော်ငြား ခံစားနေရသော အထိအတွေ့တို့ကြောင့် အသိစိတ်လွတ်ချင်ချင် ဖြစ်နေပြီမို့ အသံကို အတတ်နိုင်ဆုံး သနားစရာကောင်းအောင် လုပ်ပြီး တောင်းဆိုကြည့်သည်။

"ဟက်!"

သို့သော်လည်း BaekHyun ၏ တောင်းဆိုမှုကို ChanYeol ဂရုမစိုက်စွာပင် တစ်ချက် ရယ်လိုက်ပြီး လည်ပင်းသားတစ်နေရာကို သွားနှင့် သိပ်မနာအောင် ကိုက်ကာ စုပ်ဆွဲလိုက်သည်။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now