❦Chapter Eighteen❦ {Z+U}

9.9K 1K 89
                                    

Joker & Harley
Chapter Eighteen
ChanBaek BaekYeol
Yaoi

Zawgyi

မီးရောင်အနည်းငယ်မျှသာ ရှိသော မြေအောက်ခန်းငယ်ထဲက လေထုဟာ အနည်းငယ် ကြက်သီးထစရာ ကောင်းနေသည်။

တစ်ယောက်အိပ်စာ ကုတင်အသေးစားတစ်လုံးထက် လက်ရော ခြေထောက်ပါ တုပ်နှောင်ခံထားရသည့် ကျွန်တော့်ပတ်ဝန်းကျင်တွင် လူသုံးယောက် မတ်တပ်ရပ်လျက် ရှိ၏။

ပါးစပ်ကိုပါ အဝတ်စတစ်ခုနှင့် စည်းနှောင်ထားသည်မို့ စိတ်ရှိတိုင်း အော်ဟစ်မေးမြန်းပစ်ချင်သော်လည်း မတတ်သာ..။
ရုတ်တရက်ကြီး ဟိုတယ်ခန်းထဲသို့ ဝင်လာကာ ဘယ်ကမှန်း မည်သူမည်ဝါမှန်းမသိသော လူအချို့က ဖမ်းခေါ်လာခဲ့လျှင် မည်သူက မထိတ်လန့်ပဲ နေမည်နည်း။

နောက်ပြီး ကုတင်၏ အပေါ်ဘက်၌ တပ်ဆင်ထားသော အမျိုးအမည်မသိသည့် စက်ကိရိယာများ...။
ကျွန်တော်ပဲ ဗဟုသုတနည်းလို့လားလေ။
ဘာကြောင့်မှန်း မသိသော်ငြား ထိုစက်ကိရိယာတို့ကို ကြည့်ရသည်မှာ ခံစားချက်သိပ်မကောင်း။

ကျွန်တော့်ကို မည်သူကဖမ်းခေါ်ခဲ့တာလဲ။
ထိုမေးခွန်း၏ အဖြေကို အချိန်သိပ်မကြာလိုက်ခင်မှာ သိလိုက်ရပါ၏...။

ရှပ်အင်္ကျီမီးခိုးရောင်နှင့် လည်သာဘောင်းဘီတို့မှာ သာမန်သက်သောင့်သက်သာ ကြည့်ကောင်းရုံမျှ ဝတ်ဆင်ပုံဖြစ်သော်လည်း ထိုသူ၏ ခန္ဓာကိုယ်၌မူ အချိုးကျသပ်ရပ်စွာ ခန့်ညားလို့နေသည်။
သူ ဝင်လာသည်နှင့် အခန်းတွင်းရှိ လူသုံးယောက်မှာ ဦးညွတ်အရိုအသေပြုလိုက်ကြ၏။

သူ့ကို တွေ့လိုက်သည်နှင့် ကျွန်တော် ထိတ်လန့်မှုများ လွင့်စင်သွားခဲ့ရသော်လည်း မေးခွန်းအချို့ ဦးနှောက်ထဲ ပေါ်ထွက်လာခဲ့သည်။

"အရမ်းကြောက်နေမှာပေါ့"

ကျွန်တော်လှဲလျောင်းရာ ခေါင်းရင်းထက် သူက နေရာယူလိုက်ရင်း ပါးစပ်၌ ချည်ထားသော အဝတ်စကို ဖြည်ပေး၏။

"Chan.. ကျွန်တော့်ကို ဘာလုပ်မလို့လဲ?"

သူ့အပြုံးကို ကြည့်မိသောအခါ မကောင်းသော အငွေ့အသက်အချို့ကို ခံစားရသည်။
မျက်လုံးကို အသာပင့်ပြီး စကားကို ခပ်တိုးတိုးသာ ပြောလိုက်သည့် ကျွန်တော့်ပုံစံက အသနားခံနေသည်နှင့် ခပ်ဆင်ဆင်တူသည်ဟု ထင်မိ၏။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now