❦Chapter Fifteen❦ {Z+U}

8.5K 1K 52
                                    

Joker & Harley
❦Chapter Fifteen❦
ChanBaek BaekYeol
Yaoi

Zawgyi

BaekHyun's pov :

*Chan...*

ခန္ဓာကိုယ်၌ ရှိသမျှ အားအင်တို့ ကုန်ခမ်းလုပြီ..
ခြေထောက်နှစ်ဖက်မှာလည်း မတ်တပ်ရပ်နိုင်ဖို့ရာ အားမရှိတော့။
ခွန်အားမကျန်တော့သော ခြေထောက်တို့ကြောင့် လက်တို့ကိုသာ အားပြုထားရသည်မို့ လက်မောင်းများ ပြုတ်လုမတတ် နာကျင်နေသည်။

သုံးဆယ့်ခြောက်နာရီမျှပင် ရှိနေပြီ..။
လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်လျက် ကြိုးတုပ်လျက်သား ရှိနေသည်မှာ ဤမျှပင် ကြာသွားပြီ။

အခြားလူများအတွက်ဆိုလျှင် မသိသော်လည်း ငယ်စဉ်ကတည်းက ပင်ပင်ပန်းပန်း အလုပ်မျိုး နည်းနည်းလေးမျှပင် မလုပ်ဖူးခဲ့သော ကျွန်တော်..

ကိုယ်ခံအားနည်းပါးသည့် ပျော့ဖတ်ဖတ် ကောင်လေးက သည်လိုနှိပ်စက်မှုမျိုးကို ဘယ်လိုလုပ်ခံနိုင်ရည် ရှိမည်နည်း။

နောက်နာရီအနည်းငယ်မျှကြာလျှင် အသက်ပါသွားနိုင်သည်ဟုပင် ထင်မိသည်။

အနီးအနားတွင် အနက်ရောင် ဝတ်စုံပြည့်ဖြင့် gangsta အချို့ ရှိနေ၏။ သူတို့ချင်း ကျွန်တော် မသိသော ဘာသာစကားဖြင့် ပြောဆိုနေကြသည်။

သူ... ကျွန်တော့်ဆီ ရောက်မလာပါ။
မမျှော်လင့်ရဲသော်ငြား မျှော်လင့်ခဲ့သည်။
ထို့ကြောင့် နာကျင်ရ၏....။

ပင်ပန်းလွန်း၍၊ နာကျင်ရလွန်း၍ သေချင်စိတ်များ ဖြစ်မိသောအခါတွင် သူ ရောက်လာပေးဖို့ ကျွန်တော် ရူးလောက်အောင် မျှော်လင့်မိသည်။

ဖမ်းထားခံရသည်မှာ နှစ်ရက်ပင် မပြည့်သေး.. ထို့ကြောင့် နောက်နေ့ကျ သူ ရောက်လာလေမလားဟု ကျွန်တော် မိုက်မဲစွာ မျှော်လင့်လိုက်သေး၏။

သူ့ရင်ထဲက နက်နက်ရှိုင်းရှိုင်း တစ်နေရာ၌ ကျွန်တော် ရှိနေလောက်မှာပါ.. ဘယ်ပြောနိုင်မလဲ။ သူ ကျွန်တော့်ကို ချစ်နေနိုင်ပါတယ် ~

ဇာတ်လမ်းများထဲကလို မမျှော်လင့်ပဲ သူက ကျွန်တော့်ကို ချစ်နေတာမျိုး ဖြစ်နိုင်သည် မဟုတ်လား။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now