❦Chapter Ten❦ {Z+U}

10.6K 1K 31
                                    

Joker & Harley♕
❦Chapter Ten❦
ChanBaek BaekYeol
Yaoi

Zawgyi

BaekHyun's pov :

လေယာဉ်ပေါ်က အဖြစ်အပျက် အပြီး Mr.J ကျွန်တော့်အပေါ် ဘယ်လိုမျိုး သဘောထားနေသည်ကို ခန့်မှန်းမိခဲ့သည်။

JinHyuk ဆိုသူ၏ ခြေထောက်ကို သူ သေနတ်နှင့် ပစ်ရသည့် အကြောင်းအရင်းက ကျွန်တော်..။ ကျွန်တော် Mr.J နှင့် စကားပြောနေသည့် တစ်လျှောက်လုံး ထို JinHyuk သည် ကျွန်တော့်ကို စိုက်ကြည့်နေခဲ့သည်ကို သတိထားမိခဲ့သော်လည်း လစ်လျူ ရှုခဲ့သည်။

သို့သော်လည်း Mr.J ကမူ လစ်လျူ ရှုချင်ပုံ မရ။ ကျွန်တော့်ကို စိုက်ကြည့်နေခဲ့ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပေါင်၌ သေနတ်ဒဏ်ရာတစ်ခုကို Mr.J က JinHyuk အား ပေးခဲ့၏။

သူသည် ကျွန်တော့်ကို သူပိုင်အရုပ်တစ်ရုပ်လို သဘောထားနေပုံ ရသည်။ သို့မဟုတ် သူ ပိုင်ဆိုင်သော ပစ္စည်းတစ်ခုလိုမျိုး..။

သူ့လိုလူမျိုးက ကျွန်တော့်ကို မြင်မြင်ချင်း စိတ်ဝင်စားနေ၍ ချစ်သွားသဖြင့် ဤကဲ့သို့ သူနှင့်အတူ ခေါ်ဆောင်လာသည်ဟု ယူဆချင်စရာ အကြောင်းကို မရှိ။ စိတ်ကူးယဉ်ဆန်လှသည် မဟုတ်လား။ နားလည်ရခက်သည့် Mr.J လိုလူမျိုးမှာ အချစ်ဆိုတာရော ရှိပါ့မလား။

သူ ကျွန်တော့်ကို သည်လို ခေါ်လာသည် ဆိုသည်မှာလည်း သူ တန်ဖိုးထားသည့်၊ ပိုင်ဆိုင်သည့် အရုပ်တစ်ခုကို သိမ်းယူလာသည့် သဘောမျိုးဟု ကျွန်တော်ယူဆသည်။

သူ့ပစ္စည်းကို ဘယ်သူမှ မထိနှင့်၊ မျက်လုံးနှင့် ကြည့်လျှင်တောင် ထိုလူကို တစ်ခုခု အန္တရာယ်ပြုမည် ဟု သူက သဘောထားပုံပင်။ အရုပ်တစ်ရုပ်ကို စွဲလမ်းတပ်မက်နေပုံ ရသော ကလေးတစ်ယောက်လိုမျိုး။

တစ်ခုရှိသည်က သူသည် အရုပ်တစ်ရုပ်လို သဘောထားသော ကျွန်တော့်ကို လိင်ပိုင်းဆိုင်ရာ၌လည်း အာသာဖြေသေးတာပင်။ ကျွန်တော်က သူ့ရဲ့ သက်ရှိ sex doll များလား??

အဲ့ဒါထက် ကျွန်တော့်အနာဂတ်အတွက် တွေးမိလျှင် သိပ်စိတ်ညစ်ရသည်။ ခု သည်လေယာဉ်ကြီး ဦးတည်သွားနေသော သူပြောခဲ့သည့် 'Gotham' မြို့ဆိုသည့်နေရာကိုလည်း ကျွန်တော်တစ်ခါမှ မရောက်ဖူး..။ မမြင်မတွေ့ဖူး..။ ပထဝီအားနည်းသော ကျွန်တော် ထိုမြို့တော် မည်သည့်နိုင်ငံတွင် တည်ရှိနေလဲဆိုသည်ကို မသိ။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now