❦Chapter Seven❦ {Z+U}

11.1K 1.1K 38
                                    

Joker & Harley
❦Chapter Seven❦
ChanBaek BaekYeol
Yaoi

Zawgyi

စုပုံနေသော စာရွက်စာတမ်းများကြား ရောက်နေသော လက်ကိုင်ဖုန်းလေးဆီမှ အသံစုံမြည်ကာ တုန်လှုပ်လာသည်မို့ BaekHyun လက်ကိုင်ဖုန်းလေးကို လှမ်းယူလိုက်သည်။

ခေါ်ဆိုလာသူမှာ သူ၏ မွေးစားဖခင် ဥက္ကဋ္ဌကြီး Byun YangSung ဖြစ်၏။ 'ဘာများ ပြောဦးမှာပါလိမ့်' ဟု တွေးရင်းနှင့်ပင် ဖုန်းလက်ခံဖို့၊ မခံဖို့ကို စဉ်းစားနေမိသည်။

ဥက္ကဋ္ဌကြီးသည် Mr.J ကို သတ်ဖို့ သူ့အား အကြပ်ကိုင်နိုင်မလား တွေးကာ စိတ်ညစ်ရပြန်သည်။ အခြားလူလွှတ်၍ သတ်သည်ကိုပင် မရသည်မို့ နောက်ဆုံး BaekHyun ကိုပဲ မြှားဦးလှည့်လာလေမလား။

အဆက်မပြတ်တုန်ခါနေသော ဖုန်းကို ကိုင်သင့်မကိုင်သင့် စဉ်းစားနေစဉ်မှာပင် missed call သုံးခါ ဖြစ်သွားခဲ့သည်။

ထပ်ခေါ်လာဦးမလားဟု တွေး၍ စောင့်နေမိသော်ငြား ဖုန်းဝင်လာခြင်းမရှိတော့။ သို့သော်လည်း စက္ကန့်ပိုင်းလောက် အကြာ မက်ဆေ့ခ်ျတစ်ခု ဝင်လာခဲ့၏။

ထိုမက်ဆေ့ခ်ျထဲ ဘာစာမျှ မရေးထားပဲ ဓာတ်ပုံတစ်ပုံသာ ပါသည်။ ထိုဓာတ်ပုံထဲ ပါနေသော လူကြောင့် BaekHyun ခေါင်းနားပန်းကြီးသွားရကာ ဥက္ကဋ္ဌကြီးဆီ ဖုန်းခေါ်လိုက်မိသည်။

"ဟက်! မင်း ငါ့ဖုန်းကို စောစောစီးစီး ကိုင်သင့်တယ်..."

ဖုန်းဝင်ဝင်ချင်း ထွက်လာသော ခနဲ့တဲ့တဲ့ စကားတစ်ခု။ စိုးရိမ်ကြောင့်ကြမှုကြောင့် တုန်ယင်နေသော လက်သည် ဖုန်းကို ကောင်းကောင်းဆုပ်ကိုင်မထားနိုင်သောကြောင့် လွတ်ကျမလို ဖြစ်နေသည်ကို BaekHyun အမြန်ထိန်းလိုက်ရသည်။

"KyungSoo ကို ဘာလို့  ဖမ်းထားတာလဲ? ခင်ဗျားဘာတွေလုပ်နေတာလဲ??"

ဓာတ်ပုံထဲတွင် တိုင်တစ်တိုင်၌ ကြိုးနှင့် တုပ်ထားခံရပြီး သတိလစ်မေ့မျောနေသော အချစ်ဆုံး သူငယ်ချင်းအား မြင်ယောင်မိလျှင် BaekHyun စိုးရိမ်နေမှုကြောင့် မွေးစားအဖေသော ဘာသော နားမလည်တော့။

"မင်းက ငါ့စကားမှ နားမထောင်တာ.. ငါလည်း အဲ့ဒီလိုမလုပ်ချင်ပါဘူး"

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now