❦Chapter Thirteen❦ {Z+U}

9.5K 1K 37
                                    

Joker & Harley
Chapter Thirteen
ChanBaek BaekYeol
Yaoi

Zawgyi

BaekHyun's pov:

အရင်က အိမ်ကြီး၏ အနောက်ဖက် ဘယ်သူမှ မသိသည့် ချောင်ကျကျ နေရာတွင် ကျွန်တော်နှင့် ခွေးကလေး MingMong သာ ရှိနေတတ်သော်လည်း အခုတော့ လူတစ်ယောက် ထပ်တိုးလာခဲ့သည်။

ထိုသူက JinHyuk...။

ဘယ်လိုစိတ်ကူး ဘယ်လိုရည်ရွယ်ချက်နှင့် သူ ကျွန်တော်နှင့် အဖော်လုပ်ပြီး စကားပြောပေးမှန်း မသိသော်လည်း သူ့ကို တကယ်ကျေးဇူးတင်ပါ၏။

ခွေးကို အဖော်ပြုစကားပြောရသည့်ဘဝကနေ လွတ်သွားပြီမဟုတ်လား..။

ဒါပေမယ့် သူ ကျွန်တော်နှင့် ခုလို အဖော်ပြုပြီး စကားပြောပေးနေသည်ကို Chan သိသွားခဲ့လျှင် အဆင်ပြေနိုင်ပါ့မလား။

"သူက ဘာလူမျိုးလဲဟင်??"

နာမည်ကို ထည့်မပြောလိုက်ပေမယ့် ကျွန်တော့်စကားထဲက 'သူ' ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းသလဲ JinHyuk သဘောပေါက်လောက်ပါသည်။

"ငါလည်း သေချာတော့ မသိဘူး.. အာရှတိုက်သားတစ်ယောက်ဆိုပြီးတော့ပဲ သိထားတာ~"

"သြော်.."

ပေါင်ပေါ် အိပ်နေသည့် MingMong လေးအား ပွတ်သပ်ပေးနေရင်း ခြံစည်းရိုးနံရံကြီးကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။

သူ့နာမည်အရင်းက Park ChanYeol ဟု သူ ကျွန်တော့်ကို ပြောပြခဲ့ဖူးသည်။ သူက ကိုရီးယားလူမျိုးပဲလား?? ကျွန်တော် သူ့အကြောင်းတွေ သိပ်သိချင်သည်။

"Mr.J က အရမ်းလေးစားစရာ ကောင်းတယ်.. ဘယ်လိုလုပ်ပြီး အာရှတိုက်သားတစ်ယောက်က ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး လူဆိုးဂိုဏ်းကို ထိန်းချုပ်ထားနိုင်ရတာလဲ??"

JinHyuk မျက်လုံးထဲတွင် Chan ကို အထင်ကြီးလေးစားသည့် အရိပ်အယောင်များဖြင့် တဖျတ်ဖျတ်တောက်လို့။

"ဒါပေမယ့် သူက အရမ်းနားလည်ရခက်တယ်.."

ညည်းညည်းညူ ညူ  ကျွန်တော့်စကားကြောင့် JinHyuk က အသာပြုံးသည်။

"ကြီးကြီးမားမား အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေရတဲ့ လူတစ်ယောက်က ခန့်မှန်းရ သိပ်လွယ်လို့ ဘယ်ဖြစ်မလဲ.."

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now