❦Chapter Five❦ {Z+U}

10.5K 1.1K 27
                                    


♕Joker & Harley♕
❦Chapter Five❦
ChanBaek BaekYeol
Yaoi

Zawgyi

"အဲ့တော့ သူ စားရမယ့် ထမင်းကို ငါက သွားပို့ပေးရမှာလား.."

လက်ထဲက ဖတ်လက်စ စာရွက်စာတမ်းတို့ကို စားပွဲပေါ် ပစ်ချလိုက်ရင်း BaekHyun စိတ်ပျက်လက်ပျက်ပြောလိုက်သည်။

"မင်းကလည်းကွာ.. ဘာပဲပြောပြော မင်းတာဝန်ယူရမယ့် လူနာလေ။ ထမင်းသွားပို့ပေးရင်း သူ့အခြေအနေလေး နည်းနည်း ကြည့်လာပေါ့။ မင်း သူ့ကို တစ်ခါမှ မတွေ့ရသေးဘူး မဟုတ်လား"

BaekHyun စိတ်ပျက်လက်ပျက် ဖြစ်နေရသည့် အကြောင်းအရင်းမှာ ဆေးရုံက ဝန်ထမ်းအားလုံး Mr.J ၏ အခန်းထဲသို့ ထမင်းသွားပို့ရန် ငြင်းဆန်နေကြသောကြောင့် ဖြစ်၏။ မြောင်ဆောင်းဆေးရုံမှာ ရှိခဲ့တုန်းက သတင်းတို့ကြောင့် ဖြစ်မည် ထင်သည်။ ထို့ကြောင့် BaekHyun ၏ သူငယ်ချင်း KwangHee က BaekHyun ကိုပဲ ထမင်းသွားပို့ပေးရန် တရားလာချပုံရသည်။

-- ဘာလို့ ဒီလောက်တောင် ကြောက်နေကြမှန်း မသိဘူး.. --

"ပြီးတာပဲကွာ.."

BaekHyun အား ထမင်းသွားပို့ပေးရန် လာပြောသည့် KwangHee လည်း သူ့အလုပ်ပြီးပြီမို့ အခန်းထဲမှ ထွက်သွားတော့သည်။ သူ ထိုင်ခုံပေါ် ကျောမှီလိုက်ရင်း သက်ပြင်းချလိုက်၏။

အခြားသူများမှာ Mr.J က သူတို့အသက်အား အန္တရာယ်ပြုမည်ကို စိုးရိမ်ကြသည်။ သို့ရာတွင် သူ့အဖို့မှာတော့ အခြားအကြောင်းကိစ္စကို တွေးကြောက်နေရသည့် အဖြစ်။

ပထမဆုံး တွေ့ဆုံမှု၌ အနမ်းခံလိုက်ရပြီးနောက် ဒုတိယအကြိမ် တွေ့ဆုံမှုတွင် ဘာလုပ်ခံရမည်လဲ။ 'ဒီတစ်ကြိမ်တော့ သူ ဘာလုပ်လုပ် ငြိမ်ခံမနေဘူး' ဟု တွေးကာ BaekHyun ကိုယ့်ကိုကိုယ် အားတင်းရင်း Mr.J ၏ အခန်းသို့ ထွက်လာခဲ့သည်။

~ • ~


"အိုး..."

BaekHyun ဆေးရုံခန်းလေးထဲ ထမင်းဗန်းကိုင်ပြီး ဝင်လာသောအခါ ကုတင်ပေါ် လှဲလျောင်းနေသော ChanYeol က အသံတစ်ချက် ပြုရင်း လှဲနေရာမှ ထလိုက်ကာ သူ့ဆီ လျှောက်လာ၏။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now