❦Chapter Twenty-One II❦ {Z+U}

10.8K 1.1K 99
                                    

Joker & Harley
Chapter Twenty-One:Part Two
ChanBaek BaekYeol
Yaoi

ChanYeol အခန်းထဲ ဝင်လာ​​သောအခါ ထိုင်ခုံ၌ ကြိုးနှင့် တုပ်ထားခံရသော JinHyuk သည် ခေါင်းငိုက်စိုက်ထားရာက မော့ကြည့်လာ၏။

သိပ်မကြာသေးခင်ကမှ ရေနှင့် အပက်ခံထားရသလို သူ့တစ်ကိုယ်လုံး စိုရွှဲနေ၏။
မျက်လုံးတစ်ဖက်က ဖူးယောင်လျက် ရှိပြီး နှုတ်ခမ်းတို့ ပေါက်ပြဲနေသည်ကလွဲလျှင် သူ့မျက်နှာမှာ သွေးထွက်သံယို မရှိ။

ChanYeol အနောက်က လိုက်ဝင်လာသော BaekHyun ကို မြင်သောအခါ၌မူ JinHyuk က မျက်နှာကို တစ်ချက် မဲ့လိုက်သည်။
ဒါကို BaekHyun ကလည်း မြင်ဖြစ်အောင် မြင်လိုက်သေး၏။

ဒီလူဟာ ပထမဆုံး သူ့ကို ရင်းနှီးလာအောင် စကားမကြာခဏ လာပြောခဲ့သည်..။
အပြင်ထွက်ခွင့်မရှိသော သူ့ကို ခေါ်ထုတ်ပေးခဲ့သည်..။
နောက် အဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းကာ သူ့ကို ပြန်ပေးဆွဲစေပြီး ဖမ်းခေါ်သွားစေခဲ့သည်။
(ဒါဟာ သိပ်တော့ မသေချာ..။ BaekHyun သူ့ဖာသာသူ တွက်ဆမိခြင်းဖြစ်သည်။)

ဘာကြောင့် JinHyuk ဟာ သူ့အပေါ် ဒီလိုလုပ်ရသလဲ။
ဘာအငြိုးမှလည်း မရှိပါပဲ..
သူဟာ JinHyuk အပေါ် ဘာမှကို မလုပ်ရသေးပါပဲ ဘာကြောင့် သူ့ကို ဒီလိုလုပ်တာလဲ။
စဉ်းစားသော်လည်း အဖြေမထွက်..။

"ကိုင်း.. မင်းဆီက အကြောင်းပြချက်လေး နားထောင်ကြည့်ရအောင်~"

ပြောရင်းနှင့် ChanYeol သည် JinHyuk နှင့် မျက်နှာချင်းဆိုင် နေရာ၌ ထိုင်ခုံတစ်ခုံ ဆွဲကာ ထိုင်လိုက်သည်။

အနားမှာ ရှိနေသည့် သံစားပွဲပေါ်က ဓားတစ်လက်ကို ChanYeol ကောက်ယူလိုက်သည်ကို မြင်သောအခါ JinHyuk မျက်စိမှိတ်ကာ အသက်ကို ပြင်းပြင်းရှူ ၏..။
ရောက်လာတော့မည့် အပြစ်ပေးမှုတို့အတွက် မိမိကိုယ်ကို အသင့်ဖြစ်အောင် ပြင်ဆင်ထားခြင်းသာ။

"ဒါပေမယ့် မင်း ပေးလာမယ့် အကြောင်းပြချက်ဆိုတာကို ငါ သိနေတယ်ဆိုရင်ရော.. မင်း အံ့သြမလား"

စကားအဆုံး လက်မောင်းတစ်ဖက်ထဲ ဓားသွား နစ်ဝင်လို့ သွားသည်။
သို့သော်လည်း အော်သံတော့ ထွက်မလာ..။
အံကို တင်းတင်းကြိတ်ကာ တောင့်ခံနေ၏။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now