🐻The World🐣(3)

1.5K 153 2
                                    

"ငယ်​​လေး ကိုကို့အခန်းထဲ လိုက်​ခဲ့ဦး"

အ​ပေါ်ထပ်​ လှမ်းတက်​​နေတဲ့ ​ခြေလှမ်း​တွေက Hyungအသံ​ကြောင့်​ 
Hyung​နောက်​ကိုသာ​ခြေဦးလှည့်​ခဲ့​တော့သည်​။

"​ပြော​လေ Hyung" ပြုံးစစ​မေးလာ​သော ငယ်​​လေးကိုကြည့်​ကာ
သက်​ပြင်းချရင်း

"ငယ်​​လေး ဒီ​နေ့ ​ကျောင်းမလာဘူးဆို Hyung ကို မှန်​မှန်​​ပြော
Hyung ကိုယ်​တိုင်​ ​ငယ်​​လေး ​ကျောင်းထဲ ဝင်​တာကို မြင်​ခဲ့တာကို"

သေစမ်း။ ဟို​ကောင်​ သိသွားပီး ​ဆေးထိုးလိုက်​ပီကိုးးး။
မျက်​နှာကို မဲ့ကာ

"Hyung Jonny ​ပြောတာမလား ​တွေ့မယ်​ ​ကျောင်း​ရောက်​မှ"

"ဘယ်​သူ့ မှ အပြစ်​မတင်​နဲ့။ ဘယ်​​တွေ​လျောက်​သွား​နေတာလဲ ​ပြော"
မျက်​​မှောင့်​ကျုံ့ကာ ​ပြော​နေ​သော hyung ကိုကြည့်​၍ အနည်းငယ်​​တော့ ​ကြောက်​မိသည်​။ hyung က ​ကျောင်းလစ်​တာကို လုံးဝ
အားမ​ပေးသူ။ တစ်​ခြားဘာလုပ်​လုပ်​ ခွင့်​​တောင်းလျှင်​ ခွင့်​ပြု​ပေးတတ်​သည်​။ ဒီတစ်​ခုမှ လွှဲ၍သာ။ မျက်​နှာ​လေး အသာငုံ့ကာ

"hyung ကလည်း အက ပြိုင်​ပွဲ သွားကြည့်​တာပါ..."
အသံတိုးတိုး​လေးနဲ့ ​ဖြေလိုက်​တယ်​။

"ဟုတ်​လားး ​နောက်​ဆို ​ဖေ​ဖေတို့​မေ​မေတို့ကို မ​ပြော​တောင်
hyung ကို​တော့ ခွင့်​​တောင်း ကြားလား။ hyung အားရင်​ လိုက်​ပို့​ပေးမယ်​။ ငယ်​​လေးက ကတာကို စိတ်​ဝင်​စားလို့လား။"

ဟုတ်​တယ်​​လေ။ ငယ်​​လေးက ဆယ်​​ကျော်​သက်​အရွယ်​ဆို​တော့
လမ်း​ချော်​သွားမှဖြင့်​။ အက ဝါသနာပါလာတယ်​ဆိုတာက
ကောင်း​သေးတယ်​​လေ။

"စိတ်​ဝင်​စားတယ်​ရယ်​​တော့ မဟုတ်​ပါဘူး hyungရာ။ ညီ့ သူငယ်​ချင်း
တစ်​​ယောက်​ပြိုင်​တာ သွားအား​ပေးတာ။ ​ကျောင်းက တစ်​ခြား သူ​တွေလည်း ပါတယ်​ hyung ရ။"

"​အော်​ အင်းပါ ဘယ်​သူလဲ သူငယ်​ချင်းက ​ကောင်​မ​လေးလား"

"အာ ​ယောက်ျား​လေးပါ hyung ရာ Kim jongin တဲ့"

မျက်​နှာ​လေးနီကာ ​ပြောလာတဲ့ ငယ်​​လေးကိုကြည့်​ကာ ပြုံးလိုက်​မိတယ်​။
ဒီက​လေးဟာ​လေ ​ကောင်​မ​လေးအ​ကြောင်း ​​ပြောလိုက်​မိတာနဲ့ နားရွက်​ဖျား​လေး​တွေကို နီရဲတက်​လာတာ။ ဒီတစ်​သက်​ ​ကောင်​မ​လေးရပါ​တော့မလားပဲ။

🌎The World🌎Where stories live. Discover now