🐻The World🐣(4)

1.6K 153 6
                                    

{plot ​တွေ ပြန်​​ပြောင်းထားရတဲ့ အတွက်​ ​ရေးပီးသား​တွေ ပြန်​ဖျက်​ပီး အသစ်​ ပြန်​​ရေးထားလို့ update ကြာသွားတာ sorry ပါ​နော်​။ ရှည်​ရှည်​​လေး ​ရေး​ပေးထားပါတယ်​​နော်​။ RL ထဲထည့်​​ပေးတဲ့ အတွက်​ ​ကျေးဇူးပါ​နော်​ reader ​လေးတို့။
မ​တောင်းရဲ​ပေမယ့်​ ​တောင်းပါ့ရ​စေ ဖတ်​ရင်း reader တို့ကို ဆွဲ​ဆောင်​မှု တစ်​စုံတစ်​ရာ ​ပေးစွမ်းနိုင်​ခဲ့ရင်​ ကြယ်​​လေး​တွေ comment
လေး​တွေ ​ပေးတာ မြင်​ချင်​လို့ပါ}😁😁😍😍
.
.
.

"မင်း ဒီ​နေ့ အဆင်​​ပြေတယ်​မလား Taemin.... ငါ​တော့ ​တော်​​တော်
လို​သေးတယ်​။ ​နောက်​ရက်​ကျ အချိန်​ပို​ပေးပီး ကျင့်​ရဦးမယ်​"

"ဟာကွာ Jongin ရာ မင်း ​ကတာ​ ​ကောင်းပါတယ်​။ ဘာလဲ
စိတ်​တိုင်းမကျ​သေးလို့လား"

ခေါင်းတစ်​ချက်​ငြိမ့်​ပြကာ အင်း နည်းနည်း စိတ်​တိုင်းမကျ​သေးဘူး
ဆိုလာ​သော Jongin ကို ကြည့်​၍ ​ပြုံးလိုက်​မိသည်​။

သူ အရမ်းနှစ်​သက်​​မိသော၊ သ​ဘောကျမိ​သော အရာများနှင့်​ ပတ်​သက်​၍
သူ့ကိုယ်​သူ perfect ဖြစ်​​နေမှ ​ကျေနပ်​တတ်​သူ။ အမြဲ perfect ဖြစ်​​နေ​အောင်​လည်း ကြိုးစားပြင်​ဆင်​​လေ့ရှိသူ။ 

ခုလည်း သင်​တန်းမှာ အကပြိုင်​ပွဲ တစ်​ပွဲ ကျင်းပဖို့ ရှိ​နေတယ်​​လေ။
သင်​တန်းသူ သင်​တန်းသား အချင်းချင်းဆို​တော့ သူတို့ နှစ်​​ယောက်​အတွက်​ အရှုံး အနိုင်က အ​ရေးမကြီး။

ပြိုင်​ပွဲ​နေ့မှာ နာမည်​ကြီး entertainment တစ်​ခုက
အက ပညာရှင်​​ လာ​ရောက်​အကဲခတ်​မယ်​ဆိုတဲ့ သတင်း
ကြားထားတယ်​​လေ။ ကျွန်​​တော်​တို့ သင်​တန်းက​ တော်​တဲ့ dancer ​တွေကိုဆို အမြဲ လာ​ရောက်​ ​ရွေးချယ်​သွားတတ်​သည်​။ အ​ရွေးခံရ​တဲ့သူ​တွေကို အကပိုင်းနဲ့ ပတ်​သက်​ပီး ပညာ​တော်​သင်​ လွှတ်​တတ်​ကြသည်​။ ပီးမှ entertainment မှာ အလုပ်​ဝင်​ခွင့်​ရ​လေသည်​။

Jongin ရဲ့ အက ပညာရှင်​​ကောင်း တစ်​​ယောက်​ဖြစ်​ဖို့နဲ့
သူတတ်​ကျွမ်းတာကို ပြန်​လည်​ ​ဝေမျှ ​ပေးချင်​တဲ့ ရည်​မှန်းချက်​အတွက်
ဒါက အရမ်းကို အ​ရေးကြီးတဲ့ ပွဲ တစ်​ပွဲ ဖြစ်​သွားပီ​လေ။

🌎The World🌎Where stories live. Discover now