🐻The World🐣(8)

1.2K 143 8
                                    

"Jongin... ဘာ​တွေ​တွေး​နေတာလဲ၊ ငါ ​ခေါ်​နေတာ ကြာလှပီ"

Taemin ​ခေါ်လိုက်​သံကြားမှ စိတ်​ကို ပြန်​စုစည်း၍ လက်​ထဲ ကိုင်​ထား​သော Burger ကို တစ်​ကိုက်​ ဖဲ့ကာ စားလိုက်​ပီး ​ခေါင်းယမ်းပြမိသည်​။ သူ Jongin ကို ကြည့်​​နေတာ ကြာလှပီ။ Burger
မှာပီး လာချ​ပေးသွားကတည်းက ငုတ်​တုတ်​ ငိုက်​​နေသလား မှတ်​ရ​သော Jongin ကို ကြည့်​​နေမိသည်​။ ငိုက်​​နေတာ မဟုတ်​တာ​တော့
သေချာ​နေသည်​။ ချသွား​သော Burger ကို တစိမ့်​စိမ့်​ ကြည့်​ကာ ဗိုက်​ပြည့်​သွားသလား​တော့ မ​ပြောတတ်​။ သူ ​ခေါ်လိုက်​မှ စားဖို့ သတိရသွားဟန်​ ငုံ့စား​နေသည်​​လေ။

Jongin ဘာဖြစ်​​နေတာလဲ။ ငါ့ကို ​ပြော​ပြ​လေ။

သူ ​မေးချင်​မိသည်​။ သို့​သော်​ သူ့နှုတ်​မှ ​မ​မေးရဲ့။ ​မေးမထွက်​ဆို ပိုမှန်​မည်​။ Jongin ပြန်​​ဖြေလာမည့်​ အ​ဖြေကို သူမကြားရဲ။ မကြားချင်​။
ကြားဖို့ အဆင်​သင့်​ မဖြစ်​​သေး။ ထို့​ကြောင့်​ ​မေး မထွက်​​တော့။

သူ သတိထားမိ​နေသည်​။ ဒီကို သူတို့ မလာခင်​ SK ကို တစ်​​ခေါက်​သွားတုန်းက သူတို့ ​လေး​ယောက်​ ပြန်​ဆုံဖြစ်​သည်​။ သူတို့​လေး​ယောက်​ဆိုတာက သူရယ်​၊ Jonginရယ်​၊ Mongu နဲ့ Sehun။
အမှတ်​မထင်​ ဆုံဖြစ်​တာ မဟုတ်​ဘဲ Mongu တစ်​​ယောက်​ Sehun ကို​စောင့်​ပီးမှ ဝင်​မယ်​ ဆိုပီး အတင်းဆွဲထား၍ သူတို့ ​စောင့်​လိုက်​ကြသည်​။ ခါတိုင်း အလုပ်​နှင့်​ပတ်​သက်​လျှင်​ စိတ်​မြန်​ လက်​မြန်​ Jongin တစ်​​ယောက်​ Sehun မလာခင်​အထိ ၁၅ မိနစ်​​လောက်​ 
စောင့်​ရ​သော်​လည်း တစ်​ချက်​ မငြီး။ သူ အဲ့မှာ စ သတိထားမိလိုက်​သည်​။ Sehun အလာ လက်​ခနဲ ဖြစ်​သွား​သော Jongin မျက်​ဝန်း။
မသိမသာ ​ကော့်တက်​သွား​သော အ​ပေါ်နှုတ်​ခမ်း။

သူ ဆက်​မကြည့်​ချင်​​တော့။ သူ တိတ်​တခိုး ချစ်​မြတ်​နိုးရသူ၏ လှပ​သော
ပျော်​ရွှင်​​သော ကြည်​နူး​သော အပြုအမူ​လေး​တွေက သူ့​ကြောင့်​ ဖြစ်​တည်​လာတာ မဟုတ်​၍ သူ​ဘေးမှ ကြည့်​ရှု ခံစားမမျှ​ဝေ​ပေးနိုင်​​သေးပါ။
လူမှန်းသိစ အရွယ်​ကစ ယခု အသက်​ ၁၈နှစ်​​ ​ရောက်​လာခဲ့သည်​အထိ
သူစိမ်း ​ယောက်ျား​လေး တစ်​​ယောက်​​ကြောင့်​ ​ပြောင်းလဲသွား​သော
Jongin အပြုအမူများကို သူမ​တွေ့ဘူး​သေး။ ချုပ်​ချယ်​မှုကို မကြိုက်​​သော Jongin ကို သူ့ဘက်​က​နေလည်း ငယ်​သူငယ်​ချင်းဆိုပီး ဘာမှ တားဆီး ချုပ်​ချယ်​ခဲ့တာ​တွေ မရှိခဲ့။ က​လေးအရွယ်​ကတည်းက သူ့ဘက်​က​နေ Jongin ကို အမြဲ အလိုလိုက်​ကာ အကြီးတစ်​​ယောက်​လို ​နေထိုင်​ပြုမှုခဲ့သည်​​လေ။ Jongin နှုတ်​မှ ဘယ်​​ယောက်ျား​လေးကိုမှ မြတ်​နိုး မိ​သောပုံစံကို သူမ​တွေ့ဖူး​သေး။ ယုတ်​စွ အဆုံး မိန်းက​လေးတစ်​​ယောက်​ကို​တောင်​ ချစ်​ဖို့​ကောင်းလိုက်​တာ ဆိုပီး ဖွင့်​ဟ ​ပြောလာတာ မကြားဖူး။

🌎The World🌎Where stories live. Discover now