🐻The World🐣(9)

1.4K 156 20
                                    

👉The World ​လေးရဲ့ feedback ​မရတဲ့အတွက်​ ​ပြောထားတဲ့အတိုင်း အပိုင်း၁၃ ထိ ပြန်​ date ​ပေးပီးရင်​ အသစ်​ကို up မ​ပေး​တော့ပါဘူး​နော်​ ကျ​နော်​က ချစ်​ပီး ကျ​နော့်​ကို အဖက်​မလုပ်​​သော readernim များ 😁😁👈
------------------😸The World😸-----------------

ပါးစပ်​ဖျား​လေး လှုပ်​ကာ တီးတိုး​ရေရွတ်​လိုက်​သည်​ကို ​တွေ့လိုက်​​သော်​လည်း ဘာ​ပြောလိုက်​မှန်းမသိလိုက်​။ လက်​ထဲက အင်္ကျီ ​ကောက်​စွတ်​လိုက်​သည်​ကို မြင်​မှ ကမန်းကတန်း မျက်​နှာလွှဲ၍ ​​ဘေးမှာ ချထား​သော ​ရေဘူးကို ​ကောက်​​မော့လိုက်​သည်​။ ပါးစပ်​ထဲက ထမင်းဟင်း​တွေ ​ရေနဲ့အတူ ​မျောပါ​ပါ​စေ​တော့။ အတင်းမြိုချပီး ph screen ကို ပြန်​ကြည့်​လိုက်​​တော့ ပြုံးစိစိ မျက်​နှာထားနှင့်​ Kim Jongin...

ဘာရယ်​​နေတာလဲ လို တစ်​ချက်​ပိတ်​​ဟောက်​လိုက်​​တော့ တဟားဟားနဲ့
တောင်​ ​အော်​ရယ်​လိုက်​​သေးသည်​။ ပီးမှ ရယ်​ချင်​ပက်​ကျိ မျက်​နှာကို
အတင်းထိန်းကာ မင်း မျက်​နှာက စ​တော်​ဘယ်​ရီသီးကျ​နေတာကိုး
ဆိုပီး ​ပြောလာသည်​။ မှန်​ပဲ​ပြေးကြည့်​ရမလို၊ မျက်​နှာပဲ အုပ်​ထားရမလို။

"ငါ့ မျက်​နှာက နဂိုကတည်းက ပန်း​ရောင်​ သန်းတယ်​။ ဘာမှ မနီဘူး။"

ပြောလိုက်​မှ ​ခေါင်းတစ်​ဆတ်​ဆတ်​ငြိမ့်​ကာ ဟုတ်​မှာပါ​လေ ဆိုပီး
တီးတိုးရွတ်​​နေ​လေသည်​။ မျက်​နှာက​တော့ လက်​သင့်​မခံဘူး ဆိုတဲ့
ပုံစံနဲ့။ ငါကွာ... ကြည့်​မိတဲ့ ကိုယ့်​အပြစ်​နဲ့ကိုယ်​မို့။ ph ဆက်​ချိန်​မှာ
ဘယ်​​နှယ့်​ အင်္ကျီချွတ်​ကြီးနဲ့ ဖြစ်​​နေရတာလဲ။ ဟို​ကောင်​ Mongu ကလည်း Taemin လည်း ရှိတယ်​ ခဏ​ပြောထားကွာဆိုပီး
ပြန်​ကို မလာနိုင်​​သေးဘူး။

ဘာနဲ့ စား​နေတာလဲ ဆိုတဲ့ အသံကြားမှ စားဖို့ ရွယ်​လိုက်​သည့်​ ထမင်းလုပ်​ကို screen နား ကပ်​ပြလိုက်​သည်​။ ​အော်​ ဆိုပီး အသံထွက်​လာ​သော သူ့အသံကြားမှ ပါးစပ်​ထဲ ထည့်​ကာ စား​နေလိုက်​​တော့သည်​။
အားးးး မြန်​မြန်​လာ​တော့ Mongu။

"​နေပါဦး မင်းက ph ဆက်​မယ်​ ဆိုတာ သိရဲ့နဲ့ အင်္ကျီချွတ်​ကြီးနဲ့။
ဘာလဲ ​သေချာ show ​ပေးတာလား။ ဆွဲ​ဆောင်​စရာမရှိ ​ယောက်ျား
အချင်းချင်း ဆွဲ​ဆောင်​​နေ​သေး ဟွန့်​"

🌎The World🌎Onde histórias criam vida. Descubra agora