🐻The World🐣(5)

1.4K 141 3
                                    

"​ဟေ့​ရောင်​ Jongin မင်း အ​ရွေးခံရတယ်​ဆို"
ဘေးနားကို အ​ပြေးလာကာ ​ပခုံးကို တိုက်​၍ မေးလာ​သော Mongu ကို အကြည့်​စူးစူး တစ်​ချက်​ဖြင့်​ ကြည့်​လိုက်​သည်​။

"မင်း ဘယ်​ သွား​သေ​နေတာလဲ။ ခုမှ တ​ရေးနိုး လာတာလား"

ဟုတ်​တယ်​ ။ အဲ့​ကောင်​ ​ကျောင်းမလာတာ ၂ပတ်​ပြည့်​​တော့မယ်​။

"မင်းကလည်းကွာ အိမ်​က Daddy ကြီးက အတင်းလိုက်​ခဲ့ ဆိုလို့ပါကွာ။ စာ​မေးပွဲကလဲ လို​သေး​တော့။ ​ခေါင်းသွား​ဆေးတာ။"

"မင်း ​ကျောင်းပီးရင်​လည်း အပီးလိုက်​သွားတာ မဟုတ်​ဘူး။
ငါလည်း အဲ့ကို သွားဖို့ ရှိတယ်​။"

"ဘာလဲ မင်းကို ပညာသင်​ လွှတ်​မှာ အ​မေရိကားကိုလား။
ဘယ်​​တော့သွားရမှာတဲ့လဲ။ မဆိုးဘူး ငါလည်း လိုက်​ခဲ့မယ်​"

စာသင်​ခန်း​ရှေ့အ​ရောက်​ ​ဘေးမှ ဖြတ်​​ပြေးသွား​သော တစ်​​ယောက်​ကို
လှည့်​ကြည့်​လိုက်​မိသည်​။ မြင်​ဘူးတယ်​ ဘယ်​မှာ မြင်​ဘူးတာပါလိမ့်​။

"​Jongin လာ​လေကွာ။ အခန်းထဲ မဝင်​​တော့ဘူးလား။ ငါ
မေး​နေတာ​လေးလည်း ​ဖြေ​ပါဦး။ ဘယ်​ လိုက်​​ငေး​နေတာလဲ..."

"​မဟုတ်​ဘူး ​စော​စောက ​ဘေးက ဖြတ်​သွားတဲ့ တစ်​​ယောက်​ကို
မြင်​ဘူးသလားလို့။ " ခပ်​တိုးတိုးဆဲလာ​သော Mongu ကို
ပြန်​​ပြော​တော့

"ရူး​နေလား Jongin တစ်​​ကျောင်းတည်းက သူ​တွေပဲ။ မြင်​ဘူးမှာ​ပေါ့ကွ။ "

မဟုတ်​​သေးဘူး။ အဲ့ တစ်​​ယောက်​..... တစ်​မျိုးပဲ။ ဘယ်​မှာ ဆုံဘူးပါလိမ့်​။

"​အေးပါကွာ။ ထား​တော့။ မင်းဘာ​မေးလိုက်​တယ်​။ ဘယ်​​တော့လည်း
ဟုတ်​လား။ ​ကျောင်းပီး​အောင်​ တက်​ပီးမှ သွားမယ်​ ရလားလို့ ​ပြောလိုက်​တယ်​။ သိပ်​မှမလို​တော့တာ။ ၂လ ၃လ ​လောက်​ပဲလို​တော့တာဆို​ပီး ခွင့်​ပြု​ပေးလိုက်​တယ်​။ ဒါပဲ။ မင်းရှိ​နေရင်​​တော့ မင်းနဲ့လည်း ​တွေ့လို့ရ​တာ​ပေါ့ မဟုတ်​ဘူးလား။ "

"ok ok ငါ Daddy ကို ​ပြောကြည့်​မယ်​ ဟုတ်​ပီလား။"

"ok ok. ဒါနဲ့ မင်း audition ဝင်​​ဖြေမလား။ ငါ ​ဖောင်​ထုတ်​ခဲ့​ပေးမယ်​"

🌎The World🌎Where stories live. Discover now