🐻The World🐣(7)

1.4K 139 14
                                    

Mongu လှမ်း​ခေါ်ရာ စားပွဲနား ​လျှောက်​လာခဲ့လိုက်​​တယ်​။ ထိုင်​ခုံကို ဆွဲထိုင်​ပီး ​ရှေ့က မုန့်​စား​နေတဲ့ တစ်​​ယောက်​ကို ကြည့်​လိုက်​​တော့
ဖောင်းကား​နေတဲ့ ပါးစပ်​ထဲ​ကို အတင်း burger ကို လှီးပီး
ထိုးထိုးထည့်​​နေတဲ့ ​ကောင်​​လေး။ ဝါးလည်း မဝါးဘဲ အတင်းမြိုချ​နေသလိုပဲ။ ဘာရယ်​မဟုတ်​ ကြည့်​​နေလိုက်​မိတယ်​။ မျက်​လုံး​လေး​တွေ
ထဲက​နေ ဂဏာမငြိမ်​ဘဲ လှုပ်​ရှား​ပြေးလွှား​နေတဲ့ မျက်​ဆံ နက်​နက်​​လေး​တွေကို မြင်​လိုက်​တဲ့ ခဏ ​ဘေးနားက ​ရေခွက်​​လေးကို ကမ်း​ပေးလိုက်​တယ်​။ သူပဲ စိတ်​ထင်​လို့လားမသိ။ လှမ်းယူလိုက်​တဲ့ လက်​သွယ်​သွယ်​က အနည်းငယ်​ တုန်​​နေသလားလို့။

"အဆင်​​ပြေလားဟင်​ ငါတို့ လာလို့ အ​နှောက်​အယှက်​ ဖြစ်​သွားတာလား။" Mongu ရဲ့ အ​မေး အဆုံးမှာ ​ခေါင်းယမ်းပြပီး tissue နဲ့ နှုတ်​ခမ်းပါးကို သုတ်​​နေတယ်​။ ​ကောင်​​လေးက သူတို့ထက်​ ငယ်​မယ့်​ပုံပါပဲ။ Mongu လည်း ​ကျေနပ်​သလို ပြုံးလိုက်​ပီး လက်​ဆန့်​ထုတ်​ကာ "ငါ့နာမည်​ Kim Mongu။ မင်းနဲ့ တစ်​​ကျောင်းတည်းပဲ။
အထက်​တန်း ​နောက်​ဆုံးနှစ်​ ​ဖြေထားတယ်​။ B ခန်းထဲက။ " မိတ်​ဆက်​လိုက်​​တော့ လက်​ပြန်​ကမ်း​ပေးကာ ​​ဖြေလာတဲ့ ​ကောင်​​လေး
စကားကြား​တော့ သူ အံ့သြသွားတယ်​။ သူတို့နဲ့ ရွယ်​တူ ဆိုပါလား။
ဒီ​လောက်​ က​လေးဆန်​တဲ့ ​ကောင်​​လေးက သူနဲ့ ရွယ်​တူ ဆိုပါလား။
C ခန်းက ဆို​တော့ သူတို့​ဘေးခန်းကပဲ။ ​ကျောင်းသာ ပီးသွားတယ်
သူသတိမထားမိပါဘူး အဲ့​ကောင်​​လေးကို။ နာမည်​က Oh Sehun။

Oh Sehun... Oh Sehun...
တိုးတိုး​လေး ​ခေါင်းငုံ့ပီး​ အ​ကြောင်းပြချက်​မရှိ ​ရေရွတ်​​နေလိုက်​မိတာ
ဘေးနားက Taemin ပခုံးကို လှမ်းပုတ်​လိုက်​မှ ​ရှေ့က ​ကောင်​​လေးကို ကြည့်​ပီး မိတ်​ဆက်​လိုက်​တယ်​။

"ငါက Kim Jongin။ B ခန်းထဲက။ ​မင်းကို ​ကျောင်းမှာ တစ်​ခါမှ မ​တွေ့ဖူးဘူးလားလို့။ "

ကျွန်​​တော့်​စကားအဆုံး မျက်​ခုံး​တွေကို တွန့်​ချိုးလိုက်​​သော​ကြောင့်
သူ့မျက်​လုံး​လေး​တွေ ပို​မှေးသွားတယ်​။ ကျွန်​​တော်​ ​ပြောတဲ့ထဲမှာ
ဘာအမှားမှ ပါမသွားဘူးလို့ ထင်​တယ်​။ ကျွန်​​တော်​ ဇ​ဝေဇဝါ နဲ့
မျက်​​မှောင့်​ကုတ်​လိုက်​မိပီး သူ့ကို ကြည့်​​နေလိုက်​​တော့ ငါက​တော့
မင်းကို ​တွေ့ဖူးတယ်​ လို့ ​ပြောပီး သူ​ခေါင်းငုံ့သွားတယ်​။ ပီးမှ ပြန်​​မော့လာပီး

🌎The World🌎Where stories live. Discover now