🐻The World🐣(6)

1.2K 128 7
                                    

မနက်​ခင်း ​နေ​ရောင်​​ဖျော့​ဖျော့ မျက်​နှာ​ပေါ်ကျ​ရောက်​လာ​တော့
မျက်​လုံးက အလိုလို ဖွင့်​မိသွားသည်​။ အိုး... ကျွန်​​တော်​ ဒီ​နေ့လို
အိပ်​ရေးဝဝ မအိပ်​ရတာ ကြာ​နေ​ပေါ့။ ဟို​တစ်​​နေ့က စာ​မေးပွဲပီးတယ်။
အဲ့နေ့ည​နေကပဲ သူငယ်​ချင်း​တွေ စုပီး ဂျယ်​ဂျူကျွန်းကို ခရီးထွက်​ခဲ့တာ
၃ညအိပ်​ ၄ရက်​ ခရီး။ စာလိုက်​မလုပ်​ခဲ့သမျှ စာ​မေးပွဲတစ်​တွင်းလုံးလည်း
မိုးချုပ်​မှ အိပ်​၊ ​စော​စောထပီး ​ရေကုန်​​ရေခမ်း ကြိုးစားလိုက်​ရတယ်​။ ခရီးကပြန်​​ရောက်​​တော့ အတိုးချ အိပ်​ပစ်​လိုက်​တယ်​။

Mongu က​တော့ Audition ​ဖြေရမှာမို့ မလိုက်ခဲ့ဘူး။ Taemin
ကလည်း U.S သွားရမှာမို့ Busan က သူ့မိဘ​တွေဆီ ပြန်​သွားတယ်​။
အင်း​လေ။ ၂နှစ်​ခွဲ ၃နှစ်​​လောက်​ ပညာသင်​ရမှာဆို​တော့ မသွားခင်
မိဘ​တွေနဲ့ သွား​နေရမှာ​ပေါ့။

ဒီ​နေ့​တော့ Taemin ပြန်​​ရောက်​မယ်​တဲ့။ ဟို​​ကောင်​ Mongu ကလည်း audition ​အောင်​လား မ​အောင်​လား ​သေချာမ​ပြောဘူး။
ဒီ​နေ့ ​တွေ့မယ်​ပဲ ​ပြော​နေတာ။ အိပ်​ရာ​ဘေး စား​ပွဲ​ပေါ်က ph ကို
လှမ်းယူပီး နှစ်​​ယောက်​လုံးကို ဆိုင်​တစ်​ဆိုင်​မှာ ချိန်းလိုက်​တယ်​။
နောက်​ဆို သုံး​ယောက်​ တူတူဆုံဖို့က ခက်​ပီ​လေ။ message ပို့ပီး
တဘက်​ကို ယူ ​ရေချိုးခန်းထဲ ဝင်​လာလိုက်​တယ်​။
.
.
.
ဆိုင်​​ရောက်​​​တော့ Taemin က ​ရောက်​​နေပီးသား။

"မင်း​ရောက်​တာ ကြာပီလား Taemin။
Mongu​ရောမ​ရောက်​​သေးဘူးလား။ အမြဲ ​နောက်​ဆုံးမှပဲ
ကြွလာတတ်​တယ်​ မင်းသားက"

"​ဟေ့​ရောင်​ ငါ​ရောက်​​နေတာ ကြာပီကွ။ Taemin ထက်​​တောင်
စော​သေး" Taemin ပြန်​ဖြေမလိုပြင်​​နေတာကို စိုက်​ကြည့်​​နေတုန်း
ကျော​နောက်​က အသံနဲ့အတူ ပူခနဲ ဖြစ်​သွား​သော ပခုံးကို ဖိကာ
ခပ်​တိုးတိုး ဆဲလိုက်​သည်​။

"sorry sorry ငါတို့ရဲ့ ဆရာ​လေး။ ငါ သာသာ​လေး ထိုးလိုက်​တာပါကွာ။ နာသွားလား။ ဥုံ ဖွ။"

ပခုံး​ပေါ် အသာလာပွတ်​​နေ​သော လက်​ကို ဖယ်​ချပစ်​လိုက်​ကာ
"ဘာ ဆရာ​လေးလဲ။ မင်း Audition ​အောင်​ခဲ့တယ်​လား။"

🌎The World🌎Where stories live. Discover now