Your Wedding My Funeral Ch-2

1.2K 143 2
                                    

Unicode

(zawgyi below)

Taeyong's POV

ဒီလိုနဲ့......

တဖြည်းဖြည်းအထင်ကရပိုဖြစ်လာတဲ့ Jaehyun ကအတန်းမှာတင်မက ကျောင်းမှာပါထင်ရှားလာခဲ့တယ်

သူကတည်တည်ငြိမ်ငြိမ်နေတတ်ပေမယ့် ခပ်သွက်သွက်လည်းနေတတ်တာကြောင့် အတန်းတာဝန်ခံဖြစ်လာရသလို... အခြားသောကျောင်းသားဆိုင်ရာအဖွဲ့တွေမှာလည်းနေရာတစ်ခုစီအဖြစ်ရလာတယ်

အခြားမေဂျာက မိန်းကလေးတွေကတောင်အတန်းရှေ့ကိုခဏခဏဖြတ်ပြီးချောင်းကြည့်ရတဲ့အထိထင်ရှားလာရတယ်

သူထင်ရှားလာတဲ့နဲ့တပြိုက်နက်

ကျနော်ကိုယ့်ကိုယ်ကိုဝန်ခံမိတာက ....

သူ့ကိုမြင်တိုင်းရင်ခုန်နေရတဲ့ ဒီနှလုံးသားကအချစ်ကိုထိတွေ့နေပြီလို့...

"Love is Love" ဆိုတဲ့စာသားကိုကျနော်ကိုယ်တိုင်နားလည်သဘောပေါက်ခဲ့ရတဲ့အချိန်မှာ သု့ကိုချစ်မိလို့ အခြောက် မဖြစ်ဘူးဆိုတာကိုလည်းသဘောပေါက်ခဲ့ရတယ်

ချစ်ခြင်းဆိုတာ အချစ်လို့ပဲသတ်မှတ်ရင်အကုန်လုံးအေးချမ်းပါတယ်

ချောမောတဲ့ရုပ်ရည်ကလည်းရှိတာကြောင့် ကျောင်းသားသတင်းပေးဌာနမှာ သတင်းကြေညာသူဖြစ်ရပြန်တယ်

ကျောင်းကိစ္စနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပဲသူပါဝင်တာမဟုတ်။ အားကစားပိုင်းမှာလည်း အတော်တက်ကြွသူတစ်ယောက်ဖြစ်တာကြောင့် ကျောင်းရဲ့ဘတ်စကတ်ဘောအသင်းမှာလည်းပါဝင်ထားတယ်

ဒါ့အပြင် ကျောင်းစာကြည့်တိုက်မှာလည်း သူဟာနေရာတစ်ခုကိုရထားတဲ့ကျောင်းသားတစ်ယောက်ဖြစ်တယ်

သူက လူသိများပြီးအမြင့်မှာရှိလေ ၊ ကျနော်သူ့နားကိုပိုမကပ်ရဲလေပါပဲ

လူအားလုံးက အကောင်းမြင်စိတ်နဲ့လက်ခံထားတဲ့သူ့ဘဝကို ကျနော့်လိုလူအားလုံးကရှုံ့ချထားတဲ့လူတစ်ယောက်ကကပ်သွားရင် သူ့မှာရှိတဲ့အလင်းရောင်တွေမှေးမှိန်သွားမှာပေါ့

မလုပ်ရက်ပါဘူး

သူ့မျက်နှာငယ်ရမယ့်ကိစ္စမျိုး

Your Wedding My Funeral Where stories live. Discover now