Your Wedding My Funeral Ch-6

1K 143 1
                                    

Unicode

(zawgyi below)

Jaehyun's POV

"aww မင်းမယုံရင် ငါလက်တွေ့ပြမယ်"

ဘေးနားမှာချထားတဲ့ရေပိုက်နဲ့ တစ်ကိုယ်တည်းသစ်ပင်စိုက်နေတဲ့ Taeyong ဆီကိုတည့်တည့်ချိန်ကာ ရေဖွင့်ချလိုက်သည်။ ရေပိုက်အပေါက်ကနေဒလဟောပန်းထွက်လာတဲ့ရေတွေဟာ Taeyong တစ်ကိုယ်လုံးကိုရွှဲရွှဲစိုသွားတယ်

ရေပန်းအရှိန်ကြောင့် မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ ဟိုကာဒီကာဖြစ်နေတဲ့ Taeyong ကကျနော်တို့ဘက်ကိုမရဲတရဲကြည့်လာတယ်

ဆံပင်တွေပါရေစိုသွားတာကြောင့် ရေစိုနေတဲ့အရုပ်တစ်ရုပ်လိုပိုချစ်ဖို့ကောင်းသွားတဲ့ Taeyong ရဲ့မျက်နှာနဲ့သိမ်ငယ်မှုတွေကြောင့် ကျနော်တောင် Do Young တို့ရဲ့စကားကိုယုံချင်သလိုလိုဖြစ်လာတယ်

အင်းလေ

ဒီလိုမျိုးမျက်နှာ

ဒီလိုခန္ဓာကိုယ်သေးသေးလေးနဲ့

အေးအေးလေးနေတတ်တဲ့ ယောက်ျားလေးတစ်ယောက်က အများကတွေးထင်နေတဲ့ gay မဟုတ်ရင် ဘာလဲ ဆိုတဲ့အတွေးတွေကစက္ကန့်ပိုင်းအတွင်းဝင်လာတယ်

"တွေ့တယ်နော် ဒီအတိုင်းပဲ"

ကျနော် သစ်ပင်စိုက်နေရာကနေ Taeyong ဆီကိုထသွားလိုက်တယ်

"Taeyong ရေတွေစိုနေတာပဲလေ အပေါ်အင်္ကျီချွတ်ထားလိုက်ပါလား"

ကျနော်ပြောလိုက်တော့ ခေါင်းခါလာတယ်

ရေစိုနေတဲ့ဆံပင်စတချို့ဆီကရေပေါက်ကလေးတွေ သူ့မျက်နှာပေါ်စီးကျနေတယ်။

"မဟုတ်ရင် အအေးပတ်သွားလိမ့်မယ်"

"နေပါလေ့စေ ရတယ် ငါနေလို့ရတယ်"

ထိုစဉ်

"လာပါ ထ ထ ငါတို့နဲ့လိုက်ခဲ့ ငါ့မှာအင်္ကျီအပိုပါတယ်"

ကျနော့်အနောက်က Do Young က ငုတ်တုတ်ထိုင်နေရှာတဲ့ Taeyong ရဲ့လက်ကိုအတင်းဆွဲပြီး အိမ်သာဘက်ကိုဇွတ်ဆွဲခေါ်သွားတာကြောင့် နုနုဖတ်ဖတ်နေတတ်တဲ့ Taeyong လည်းငြင်းချိန်မရဘဲပါသွားတယ်

"Yaaa Doyoung"

"နေပါလေ့စေ ဒါမျိုးလေးတွေက စနောက်လို့ကောင်းတယ်လေ လာ သွားမယ်"

Your Wedding My Funeral Where stories live. Discover now