Your Wedding My Funeral Ch-10

1K 112 9
                                    

{{ I give the song video that includes in this part 🤗 Song name-" Don't Leave Me" by "Super Junior"}}

Unicode

(zawgyi below)

Taeyong's POV

On February 14

သူ့မွေးနေ့ပွဲအတွက်လုပ်အားပေးပါဆိုလို့ သူ့အိမ်ကိုကျနော်ခပ်စောစောလာခဲ့တယ်

ကျယ်ဝန်းလွန်းတဲ့ အိမ်ကြီးဟာနန်းတော်ကြီးသဖွယ်လူအများရဲ့မျက်လုံးကိုဖမ်းစားနိုင်တယ်

အလုပ်သမားတွေ မျက်နှာကျက်ပေါ်မှာလှပအောင်ချိတ်ဆွဲထားတဲ့ပန်းစည်းတွေ ကိုမြင်မိတော့ ကျနော့်အသည်းရွှင်ပြုံးသွားရတယ်

("Taeyong ငါ့ကိုကူညီစမ်းကွာ!!! ပန်းစည်းလှလှလေးတွေ အခု ၂၀ လောက်လုပ်ပေး!!! ငါ့မွေးနေ့မှာ မင်းဖန်တီးထားတဲ့ပန်းစည်း ၂၀ ကို မျက်နှာကျက်မှာချိတ်ထားမလို့")

ညတွင်းချင်းမအိပ်ဘဲ လုပ်ရတဲ့ ပန်းစည်း ၂၀က အခုတော့ Jaehyun ရဲ့မွေးနေ့ပွဲမှာ သူ့အိမ်ရဲ့မျက်နှာကျက်ကနေ ဝင့်ကြွားစွာလှနေခဲ့တယ်

("ငါမင်းကိုတော့ ကြီးကျယ်တဲ့မွေးနေ့လက်ဆောင်တွေမပေးနိုင်ဘူး ဒါ့ကြောင့် ၅ ထပ်ရှိတဲ့မွေးနေ့ကိတ်ကြီးကိုငါကိုယ်တိုင်ဖန်တီးပြီးမွေးနေ့လက်ဆောင်အဖြစ်ပေးမယ် အတတ်နိုင်ဆုံးငါ့ရဲ့လက်ဆောင်ကိုခမ်းနားအောင်လုပ်ပေးမယ်")

ကျနော်လုပ်ပေးထားတဲ့ ၅ ဆင့်ရှိတဲ့ မွေးနေ့ကိတ်ကြီးကလည်း ခန်းမသဖွယ်ကျယ်ဝန်းတဲ့ Jaehyun အိမ်ရဲ့အလယ်ခေါင်မှာ မြင့်မားထည်ဝါလျက်ရှိတယ်

အပေါ်ဆုံးက အသေးဆုံးအနေနဲ့ရှိနေတဲ့ ကိတ်မုန့်ထဲကတစ်ပိုင်းတစ်စကိုသူစားဖြစ်ဖို့မျှော်လင့်မိပါတယ်

အတတ်နိုင်ဆုံး ကြီးကျယ်ခမ်းနားအောင်ပြင်ဆင်ပေးထားတဲ့ Jaehyun အတွက်မွေးနေ့လက်ဆောင်ကဒီအရမ်းလှတဲ့ ၅ ထပ်ရှိတဲ့ကျနော့်ရဲ့လက်ရာမွေးနေ့ကိတ်ကြီးလို့များထင်နေလား

ဟင့်အင်း

အပေါ်ဆုံးက ကိတ်မုန့်ထဲမှာကျနော်ထည့်ဖုတ်ခဲ့တဲ့ ကျနော့်အမေပေးခဲ့တဲ့ TY ဆိုတဲ့စာလုံးလေးထွင်းထားတဲ့လက်စွပ်ကလေး

လည်ပင်းကဆွဲကြိုးမျှင်မျှင်ပေါ်မှာမရှိတော့တဲ့ ကျနော့်လက်စွပ်ကလေးက အခုတော့ ၅ဆင့်မြောက်ကိတ်မုန့်ထဲမှာရယ်

Your Wedding My Funeral Where stories live. Discover now