Your Wedding My Funeral Ch-8

1K 125 1
                                    

Unicode

(zawgyi below)

Taeyong's POV

ဒီလို ဒီလိုနဲ့ပဲ Jaehyun ဘတ်စကတ်ဘောပြိုင်ရမယ့် ပြိုင်ပွဲနေ့ကိုရောက်လာခဲ့တယ်

"Taeyong နင်အရင်သွားနှင့်လိုက်တော့ ငါကနောက်ကျဦးမှာ"

ဖုန်းထဲကထွက်လာတဲ့ Yeri အသံကြောင့်

"အေး အေး။ ဒါဆို ငါပြိုင်ပွဲကိုအရင်သွားနှင့်လိုက်တော့မယ်"

Yeri နဲ့ဘတ်စကတ်ဘောပြိုင်ပွဲကိုသွားဖို့ချိန်းထားတာကြောင့် သူ့ဆီကျနော်ဖုန်းလှမ်းဆက်ရခြင်းဖြစ်သည်။ သို့သော်ရွှေဇွန်းကိုက်မမက အလှအပကိုခြယ်သနေ၍ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဒါ့ကြောင့်နောက်ကျမည်ဟူသောစကားနဲ့ကျနော့်ကိုအရင်သွားခိုင်းလေသည်

ဖုန်းချလိုက်ပြီးနောက် စားပွဲပေါ်မှာတင်ထားတဲ့ပန်းစည်းကိုတယုတယလှမ်းယူလိုက်တယ်

("မင်းရဲ့ပန်းအလှဆင်ပုံတွေကိုငါကြိုက်တယ်")

သူပြိုင်ပွဲမစခင် ၄ရက်လောက်အလိုကတည်းကသူ့ကိုပေးဖို့ကျနော်ပန်းလတ်လတ်ဆတ်ဆတ်လှလှလေးတွေကိုလိုက်ရှာနေခဲ့တာ

သူပြိုင်ပွဲမှာနိုင်သည်ဖြစ်စေ ၊ ရှုံးသည်ဖြစ်စေ

သူဟာကျနော့်အတွက်တော့အမြဲတမ်းအောင်နိုင်သူဖြစ်လို့သူ့ကိုကျနော်ဂုဏ်ပြုပန်းစည်းပေးချင်တယ်

အခုကျနော့်လက်ထဲက ရောင်စုံပန်းများဟာ သူ့အပြုံးအတွက်ဦးတည်ကာဖြစ်တည်လာခြင်းပင်။

ပြိုင်ပွဲမစခင် အချိန်ကလိုနေသေးပေမယ့်ကျနော်ကတော့စောစောသွားချင်တယ်

သူ့မျက်နှာလေးတစ်ချက်ကလေးဖြစ်ဖြစ်တွေ့ရလိုတွေ့ရငှားပေါ့လေ

တစ်ကိုယ်တည်းပိုင်တဲ့ စက်ဘီးလေးကိုကျနော်အမြန်စီးလာပြီး စက်ဘီးခြင်းထဲကိုပန်းစည်းကလေးထည့်ထားလိုက်တယ်

ပြိုင်ပွဲရဲ့ ပွဲခင်းထဲအရောက်မှာ ကြို့တို့ကြဲတဲရောက်နေပြီဖြစ်တဲ့လူအချို့ကြား ကျနော်ကြောင်တောင်တောင်လေးရောက်သွားတယ်

ပန်းစည်းကိုင်ပြီးဝင်လာတာကြောင့်လူအချို့ရဲ့ထူးဆန်းတဲ့အကြည့်တွေကကျနော့်ဆီမှာ။ သို့သော်လည်းကျနော်အဲ့အကြည့်တွေကိုမျက်ကွယ်ပြုကာ ပရိသတ်ထိုင်ခုံတစ်နေရာမှာဝင်ပြီးနေရာယူလိုက်တယ်။

Your Wedding My Funeral Where stories live. Discover now