Your Wedding, My Funeral Ch-3

1K 124 0
                                    

Unicode

(zawgyi below)

Taeyong's POV

ရုတ်တရက် ကျနော့်ရဲ့ ပခုံးကအင်္ကျီစကနေဆောင့်ဆွဲခံလိုက်ရတာကြောင့် ကျနော့်ပထွေးဆွဲရာနောက်ကိုတရွတ်တိုက်ပါသွားတယ်

မရုန်းကန်နိုင်တော့ဘူး

ကျနော့်ရဲ့အားအင်တွေဟာ သူ့ရဲ့ရိုက်နှက်မှုအောက်တွေမှာ အလံဖြူထောင်ခဲ့တာအခုမှမဟုတ်ဘဲလေ....

အတင်းအင်္ကျီကိုဆွဲချွတ်တာကြောင့်ကျနော့်ကိုယ်ပေါ်မှာတွဲကပ်နေချင်တဲ့ အင်္ကျီကလေးဟာလည်း ရက်စက်သူရဲ့အားအင်ပြည့်နေသောယုတ်မာသည့်လက်တို့၏ဒဏ်ကိုကြာကြာမခံနိုင်ဘဲ ကြမ်းပြင်ပေါ်ရောက်သွားတယ်

အပေါ်ပိုင်းအဝတ်ဗလာဖြစ်သွားတဲ့ ကျနော့်ကို ကျနော့်ပထွေးကသေချာရပ်ကြည့်နေတယ်

သို့သော်လည်းကျနော်သူ့ကိုပြန်မော့မကြည့်ရဲ။

အမှတ်မရှိတဲ့မျက်ရည်စတွေကလည်ရွှဲတဲ့အထိကျလာပြန်တယ်

"အားးး"

သေတယ်ဆိုတာထပ် အရမ်းဆိုးရွားတဲ့နာကျင်မှုကကျနော့်ကိုအော်ဟစ်သံအဖြစ်အပြင်ကိုပေါက်ကွဲထွက်လာစေတယ်

ကျောပြင်ကစူးရှလွန်းတဲ့နာကျင်မှုကို...... ဘယ်အရာကဖြစ်ပေါ်စေတာလဲ

ဒေါသအရမ်းကြီးနေတဲ့ကျနော့်ပထွေးက ဘေးနားမှာရှိနေတဲ့ သံဆူးခွေနဲ့ကျနော်ကျောပြင်ကိုဖိကာတရွတ်တိုက်ဆွဲချလိုက်တာကြောင့်....။

ကျနော့်သွေးတို့ကသံဆူးခွေပေါ်မှာ အရောင်ဆိုးသွားစေတယ်

မကျချင်တဲ့မျက်ရည်တွေကလည်းစောနကထက်ပိုကျလာတယ်

တစ်ချက် ၊ နှစ်ချက် ၊ သုံးချက် ........ အချက်ပေါင်းများစွာအထိ ကျနော့်ကျောပြင်လုံးဝစုတ်ပြတ်သွားတဲ့အထိ ။ ကျနော့်ပထွေးရဲ့လက်ကနှင်တဲ့သံဆူးခွေတွေက ကျနော့်ကို ရက်စက်မှုပြင်းစွာ မဟာနာကျင်မှုတွေကိုပေးခဲ့တယ်

အဲ့နေ့ အဲ့ည

ကျနော့်ရဲ့ကျောပြင်မှာသွေးတွေပြည့်နေခဲ့သလို

နှိပ်စက်လို့အားရသွားတဲ့ ပထွေးဖြစ်သူပစ်ချသွားတဲ့ သံဆူးခွေဟာလည်းအခုတော့သူမဟုတ်တဲ့အတိုင်း သွေးအလိမ်းလိမ်းတို့နဲ့ကြမ်းပြင်မှာခွေလျက်သားလေးကျန်ခဲ့တယ်

Your Wedding My Funeral Where stories live. Discover now