Your Wedding My Funeral Ch-12(The Last Part)

2.3K 188 30
                                    

Unicode

(zawgyi below)

Taeyong's POV

Jaehyun

သူ့ကိုပေးတဲ့ပန်းစည်း

သူ့အောင်မြင်မှုအတွက်ဂုဏ်ပြုဖို့ပေးတဲ့ပန်းစည်း

သူ့ချစ်သူကိုပေးဖို့လုပ်ပေးတဲ့ပန်းစည်း

သူ့သတို့သမီးကိုင်ဖို့ပေးတဲ့ပန်းစည်း

ပန်းစည်းအဆင့်တွေသာတက်လာတယ်

ထိုပန်းစည်းတွေကိုကျနော်မပိုင်သလို ကြည်နူးရိပ်တွေကိုအတင်းသွတ်သွင်းနေပေမယ့်ဝမ်းနည်းရိပ်တို့နဲ့သာ လှပသောပန်းစည်းတွေကိုကျနော်သူ့အတွက်လုပ်ပေးခဲ့ရတယ်

တစ်ခါတစ်လေတော့လည်း ချစ်ခြင်းဟာပဉ္စလက်သဖွယ်ဆန်းကြယ်လွန်းတယ်

ကိုယ်ကသူ့ကိုချစ်လို့ပေးခဲ့တဲ့ ကိုယ်ကိုယ်တိုင်ဖန်တီးတဲ့ဒီလိုအနုပညာတွေဟာ သူ့အတွက်မဟုတ်ဘဲ သူချစ်တဲ့သူအတွက်ဖြစ်သွားတာမျိုးတွေပေါ့။

ညကတည်းကသေသေချာချာပြင်ထားတဲ့ ပန်းစည်းဟာ ဒီနေ့မနက်ရောက်တော့အလှဆုံးဖြစ်နေခဲ့တယ်။ ဒီပန်းစည်းဟာနောက်ဆုံးဖြစ်သလို ကျနော်ဖန်တီးပေးခဲ့ဖူးတဲ့ပန်းစည်းတွေထဲမှာ ဒါဟာအလှဆုံးဖြစ်ခဲ့ရတယ်

မင်္ဂလာပွဲချိန်က ၁၀ နာရီမှဆိုပေမယ့်

စောစောလာခဲ့ပါလို့ မှာထားတာကြောင့် မနက် ၇ နာရီကတည်းကထွက်မှဖြစ်မှာမို့ကျနော် သပ်သပ်ရပ်ရပ်ပြင်လိုက်တယ်

"တင်းးး တောင်!!"

မထင်မှတ်ထားတဲ့ bell တီးသံက ဒီလိုမနက်မှာမှဘာ့ကြောင့်ပေါ်ထွက်လာရတာလဲ?

ဒီတစ်ခါတော့ ကျနော့်ရဲ့ကံဆိုးခြင်းတံခါးကိုဖွင့်မိပြီနဲ့တူတယ်!!!

တံခါးဖွင့်ဖွင့်ချင်းတွေ့လိုက်ရတာက ၃ နှစ်ကျော်လောက်ပျောက်ကွယ်နေပြီဖြစ်တဲ့ ကျနော့်ပထွေး။

"ငါ့ကိုတွေ့လို့လန့်သွားလား? ကောင်လေး"

"....."

ချက်ချင်းဆိုသလိုအေးစက်သွားတဲ့ကျနော့်လက်တွေက... ထုံကျင်စွာနဲ့တံခါးဘုလုံးကိုလွှတ်လိုက်တယ်

Your Wedding My Funeral Where stories live. Discover now