Your Wedding My Funeral Ch-11

1K 122 1
                                    

Unicode

(zawgyi below)

Taeyong's POV

3 years later

Time flies so fast!!!

တက္ကသိုလ်ကဘွဲ့ရပြီးနောက် ကျနော်ကုမ္ပဏီဝန်ထမ်းတစ်ယောက်အနေနဲ့ရပ်တည်ခဲ့တယ်

Farewell Party ကတည်းကမတွေ့ရတော့တဲ့ Jaehyun နဲ့ Yeri လည်းအဆင်ပြေလောက်မယ်လို့ထင်ရတာပဲ!

အလုပ်ကပြန်လာရင်လည်းစောင့်မျှော်နေမယ့်သက်ရှိအရာမရှိတာကြောင့် သက်မဲ့ဖြစ်သောကျနော့်ရဲ့အိမ်တိုက်ခန်းလေးကိုသာကျနော်ချစ်မိသည်။

coat အင်္ကျီကိုချွတ်လိုက်ပြီး နှစ်ချို့နေပြီဖြစ်တဲ့ဗီရိုလေးထဲကျနော်ထည့်လိုက်တယ်

သေသေချာချာလျှော်ဖွပ်ပြီး မီးပူတိုက်ကာချိတ်ထားတဲ့ရှပ်အင်္ကျီကလေးကလည်း ထောင့်နေရာမှာဟန်မပျက်ဘဲနေနေခဲ့တာ ၃ နှစ်ကျော်ခဲ့ပြီ

("ရော့ ငါ့အင်္ကျီဝတ်သွား မင်းအင်္ကျီကဒီနေ့အတွက်နွမ်းနေပြီလေ")

ကျနော်သက်ပြင်းတစ်ချက်ချကာ ဗီရိုတံခါးကိုပိတ်လိုက်တယ်

Yeri ရဲ့ရင်းနှီးမှုကိုကျနော့်ကြောင့်ရသွားချိန်ကတည်းက Jaehyun ကကျနော့်ကိုစကားအပြောအဆိုနည်းလာခဲ့တယ် ။ ကျနော်တစိမ့်စိမ့်ကြည့်ရတာမဝလို့အရမ်းနှမြောရတဲ့ ပါးချိုင့်နက်နက်နဲ့အပြုံးတွေကိုလည်း သူ့လက်တွဲဖော်ကိုရက်ရောစွာပေးခဲ့တယ် ။ ၃ယောက်အတူသွားတဲ့နေရာတွေဆိုရင်လည်း ကျနော့်ကိုမရှိတော့သလိုထားပြီးနာကျင်မှုတွေအရမ်းပေးခဲ့တယ်။

၃နှစ်သာကျော်သွားတယ်

ကျနော်သူ့ကိုတစ်ရက်မှမေ့လို့မရတာဘာကြောင့်လဲ?

ချစ်ဖို့ကောင်းတဲ့အခိုက်အတန့်တွေကိုပြန်တွေးမိတဲ့အခါဆို ကျနော်အခုထိပြုံးနေမိတုန်း

သူပေးတဲ့ဒဏ်ရာတွေကိုလည်း ဖြတ်ခနဲဖြတ်ခနဲတွေးမိရင်တောင် သေမလောက်ခံရတယ်

သူ့မွေးနေ့ပွဲကတည်းက ကျနော့်လည်ပင်းမှာမရှိတော့တဲ့ကျနော့်နှလုံးသားလေးက အခုချိန်ဘယ်ကိုများရောက်နေပြီလဲမသိဘူး။ မွေးနေ့ပွဲပြီးကတည်းက သူ့ဘက်ကဘာမှပြောမလာတော့ ကျနော့်လက်ဆောင်ကသူ့ဆီရောက်သွားပုံမပေါ်ဘူး

Your Wedding My Funeral Where stories live. Discover now