Your Wedding My Funeral Ch-4

1K 134 1
                                    

Unicode

(zawgyi below)

Taeyong's POV

ကျောင်းဝင်းထဲကထွက်ရန် စက်ဘီးကိုကျနော်ဖြည်းဖြည်းချင်း ဘတ်စကတ်ဘောကွင်းဘက်မှစီးလာခဲ့သည်။

ဖြတ်ခနဲတွေ့လိုက်ရသော လှုပ်ရှားနေသည့်အရိပ်တစ်ခုသည် ဘတ်စကတ်ဘောကွင်းထဲမှဖြစ်ကြောင်းကျနော်သိလိုက်ရသည်။

ကျနော်လှည့်ကြည့်လိုက်တဲ့အချိန်မှာ ကျနော်မျှော်လင့်နေတဲ့သူဟာ ကျနော့်အမြင်အာရုံထဲကိုဝင်လာခဲ့တယ်။

သူဟာ Jaehyun

ဘာ့ကြောင့်အခုထိမပြန်သေးဘဲ ဘတ်စကတ်ဘောကွင်းထဲမှာပဲတစ်ယောက်တည်း လေ့ကျင့်နေရတာလဲလို့ တွေးလိုက်မိသေးသည်

ကျနော်လည်း မသိချင်ယောင်ဆောင်ထားရင်း မသိမသာခိုးခိုးကြည့်လျက် ကွင်းရှေ့ကနေဖြတ်လာခဲ့တယ်။

ဒီနေ့တစ်နေ့လုံးမတွေ့ရသေးတော့ တွေ့ချင်စိတ်တွေများနေလို့လားမသိ ၊ ဘတ်စကတ်ဘောကွင်းနားကိုပိုပိုကပ်နေမိသလားလို့။ ဘောင်ခတ်ထားတဲ့ သံစကာကွက်ကျဲကျဲတို့ကြားမှသူ့ရဲ့လှုပ်ရှားမှုမြင်ကွင်းကိုကျနော်မသိမသာနဲ့အမိအရကြည့်နေမိတယ်

ရုတ်တရက်

"ဘိုင်းးးး!!!"

ကျယ်လောင်တဲ့အသံဟာ Jaehyun လက်ထဲကလွတ်ထွက်လာတဲ့ ဘတ်စကတ်ဘောနဲ့သံစကာတို့ရိုက်မိတဲ့အသံ။

"အာ့"

ကျနော်နဲ့နီးနေတဲ့ သံစကာကို ဘတ်စကတ်ဘောကအရှိန်နဲ့လိုက်ရိုက်မိတာကြောင့်ကျနော်လည်းလန့်ပြီးရှောင်လိုက်ရာကနေ မနေ့ကရထားတဲ့ကျောပြင်ကဒဏ်ရာတွေကြောင့် စက်ဘီးကိုမထိန်းလိုက်နိုင်ဘဲ ပစ်လဲကျသွားတယ်။

တစ်ကိုယ်လုံးမြေပြင်ပေါ်လဲမကျမီတံတောင်နဲ့အမှီထောက်ချလိုက်တာကြောင့်တံတောင်လည်းနည်းနည်းပွန်းပြီးအရိုးလည်း နာသွားတယ်။

ကျနော်အပြင်မှာ စက်ဘီးရော လူအပါအဝင်ပစ်လဲကျသွားတာကို မြင်တော့ Jaehyun လည်း ကွင်းထဲကနေပြေးထွက်လာတယ်။ အနာရှိန်တွေကရောနေပြီးနည်းနည်းပြင်းတာကြောင့် ကျနော်မျက်ရည်တော့ဝဲမိပါတယ်။ ကျနော့်ကိုလာကြည့်ဖို့ Jaehyun ကွင်းထဲကထွက်လာနေပြီဆိုတာကိုကျနော်သိလိုက်ရတဲ့အချိန်မှာ နာနေတဲ့ကြားက အမြန်ထလိုက်တယ်

Your Wedding My Funeral Where stories live. Discover now