Part.3

2.9K 166 1
                                    

Nobody Is Perfect

Part.3

Kit's POV

ကျွန်​​တော်​လှမ်းကြည့်​လိုက်​​တော့ Phanaနဲ့Forthက Mingအနားကို​သွား​နေတယ်​...Phanaက လက်​သီးနဲ့ဆင့်​ဆင့်​ပီး Mingကိုထိုးလိုက်​တယ်​...Forthကလည်း ထိုနည်းလည်း​ကောင်းပဲ... Mingဘာလို့ပြန်​မချတာလဲဆိုတာ ကျွန်​​တော်​သိချင်​​နေမိတယ်​...သူက ​မွေထိုင်းမှာ​ရော တိုက်​ကွမ်​ဒိုမှာ​ရော အနိုင်​ရထားတာ​လေ... သူ့ကိုကြည့်​ရတာ ပြန်​မချချင်​တဲ့ပုံပဲ...Phana နဲ့ Forthထိုးသမျှကို ငြိမ်​ခံ​နေတယ်​​လေ...ခု​တော့သူ့မျက်​နှာတခုလုံးမှာ ​သွေး​တွေကြီးပဲ... သူ့မျက်​လုံး​တွေလည်း ​ယောင်​ကိုင်း​နေပီ...မျက်​ခုံးလည်းကွဲပီး ​သွေး​တွေထွက်​​နေတယ်​...နှာ​ခေါင်းမှာလည်း​သွေး​တွေ...နှုတ်​ခမ်းမှာ​ရော ​သွေးစ​တွေနဲ့...Phana ထိုးလိုက်​လို့လဲကျသွားပီး ခုံ​စောင်းနဲ့​ ​စောင့်​မိထားတဲ့​ခေါင်းကလည်းကွဲပီး ​သွေး​တွေထွက်​​နေတယ်​...သူ့ကို ကြည့်​ရတာ အချိန်​မ​ရွေး​သေသွားနိုင်​တဲ့ပုံပဲ...
#Wayo : "P'Pha​ကျေးဇူးပြုပီး ရပ်​လိုက်​ပါ​တော့..."
Wayoကငိုရင်း Phaကိုတားလိုက်​တယ်​...Mingကသူ့ရဲ့ အချစ်​ရဆုံးသူငယ်​ချင်း​လေ...ခုလိုဖစ်​​နေတာကိုသူဘယ်​မြင်​ချင်​ပါ့မလဲ...
ကျွန်​​တော်​လည်းဆက်ကြည့်​မ​နေနိုင်​​တော့ပဲ Mingဆီကို​ ​ပြေးသွားလိုက်​တယ်​...Phana နဲ့ Forthတို့ထိုး​နေရာကရပ်​လိုက်​ဖို့ Mingကိုကျွန်​​တော်​ဖက်​ထားလိုက်​မိတယ်​...သူတို့ကလည်း ကျွန်​​တော့်​ကို စိုက်​ကျိ​နေကြတယ်​...
#Kit : "Pha ​ကျေးဇူးပြုပီးရပ်​လိုက်​ပါ​တော့ကွာ...ရပ်​လိုက်​ပါ​တော့... မဟုတ်​ရင်​သူ​သေသွားလိမ့်​မယ်​..."
ကျွန်​​တော်Mingကိုဖက်​ထားရင်း ​ပြောလိုက်​မိတယ်​...
ကျွန်​​တော်Mingကိုကြည့်​လိုက်​​တော့ သူ့မျက်​လုံး​တွေက ပိတ်​​နေတယ်​...သူ့ခန္ဓာကိုယ်​ကိုလှုပ်​ပီး နှိုးလိုက်​​ပေမဲ့ ဘာတုန့်​ပြန်​သံမှ မကြားခဲ့ရဘူး...
#Kit : "Ming ထ​တော့​လေ...ထ​တော့​​နော်​... ကျေးဇူးပြုပြီး ထပါ​တော့... ငါ့ကိုလန့်​အောင်​မလုပ်​ပါနဲ့Mingရယ်​"
ကျွန်​​တော်​ Phanaနဲ့ Forthကိုလှမ်းကြည့်​လိုက်​​တယ်​...
Forth က Mingကို​ပွေ့ချီပီးထွက်​သွား​တော့တယ်​...ကျွန်​​​တော်​လည်း အ​ပေါ်အကျီင်္ထပ်​ဝတ်​ပီး Mingကို​ဆေးရုံပို့ဖို့ သူတို့နဲ့အတူ လိုက်​သွားလိုက်​တယ်​...
#Kit : "ခန​လေးပဲ​တောင့်​ခံထား​နော်​ Ming...​နော်​..."
ခေါင်းက​သွေးထွက်​တာ​နှေးသွား​အောင်​ ကျွန်​​တော်​သူ့​ခေါင်းကိုလက်​နဲ့ ဖိထား​ပေးလိုက်​တယ်​...ခုသူ့ရဲ့​ခေါင်းက ကျွန်​​တော့်​ရဲ့​ပေါင်​​ပေါ်မှာ​လေ...
ကျွန်​​တော့်​ရဲ့ခံစားချက်​ကို ကျွန်​​တော်​ထပ်​ရှုံးပြန်​ပီ..ကျွန်​​တော်​သူ့ကို မုန်း​နေ​ပေမဲ့...ကျွန်​​တော်​သူ့ကို ချစ်​မိ​နေတုန်းပဲ...
ဆရာဝန်​ထွက်​လာမဲ့အချိန်​ကို စိတ်​လှုပ်​ရှားစွာနဲ့​စောင့်​​နေမိတယ်​... စစ်​​ဆေး​နေတာက ဘာလို့ဒီ​လောက်​​တောင်​ကြာ​နေရတာလည်း... တခြားသူ​တွေကြည့်​ရတာလည်း စိတ်​ပူ​နေတဲ့ပုံပဲ...အထူးသဖြင့်​Wayo Phanaက​တော့Wayoကိုဖက်​ပီး ​တောင်းပန်​​နေ​လေရဲ့...
#Doctor : "MingKwanမိသားစု..."
Mingနာမည်​ကိုကြားကြားချင်းပဲ ကျွန်​​တော်​ဆရာဝန်​ဆီ ​ပြေးသွားလိုက်​မိတယ်​...
#Kit : "ကျွန်​​တော်​ပါ...သူအဆင်​​ပြေရဲ့လားဟင်​..."
ကျွန်​​တော်​အ​လောသုံးဆယ်​​မေးလိုက်​မိ​တယ်​...
သူ့အ​ခြေအ​နေက ခု​တော့တည်​ငြိမ်​သွားပါပီ...ဒါ​ပေမဲ့သူ့ရဲ့ ဘယ်​ဘက်​မျက်​လုံးက​တော့ သက်​သာလာဖို့်​ အချိန်​ယူရဦးမယ်​...သူ့ရဲ့ ဘယ်​ဘက်​လက်​လည်းကျိုးသွားတယ်​...ပီး​တော့သူအတိတ်​လည်း ​မေ့သွားနိုင်​တယ်​...ကျွန်​​တော်​​ခေါင်းညိတ်​ပြရင်း ခုံမှာထိုင်​ချလိုက်​တယ်​.. Mingကသူလုပ်​ခဲ့တဲ့ကိစ္စ​တွေကို ​မေ့သွားမယ်​​ပေါ့...ဘယ်​​လောက်​ ​ကောင်းလိုက်​တဲ့ကိစ္စလဲ...ကျွန်​​တော်​မျက်​နှာကို လက်​နဲ့အုပ်​ပီး အသက်​ပြင်းပြင်းရှူလိုက်​မိတယ်​...
ပီးတာနဲ့ကျွန်​​တော်​မတ်​တပ်​ထရပ်​ပီး တခြားသူ​တွေနဲ့အတူ Mingအခန်းကိုသွားခဲ့တယ်​...အခန်းတံခါးဖွင့်​လိုက်​​တော့ အိပ်​ရာ​ပေါ်မှာလှဲ​နေတဲ့ Mingကို​တွေ့လိုက်​ရတယ်​...
#Kit : "Ming ဘယ်​လို​နေ​သေးလဲ..."
ကျွန်​​တော်​အခန်းထဲကိုဝင်​ရင်း ​မေးလိုက်​တယ်​...Wayoက​တော့ ​ပြေးပီး Mingအနားမှာရပ်​လိုက်​တယ်​...
#Ming : "Wayo..."
MingကWayoနာမည်​ကို​ခေါ်ပီး ပြုံးပြလိုက်​တယ်​...သူWayoကို မှတ်​မိ​တယ်​ဆို​တော့ အတိတ်​မ​မေ့ဘူး​ပေါ့...
#Ming : "ဒါနဲ့ သူတို့​တွေကဘယ်​သူ​တွေလဲ..."
သူ့အ​မေး​ကြောင့်​ ကျွန်​​တော်​တို့​​လန့်​သွားရတယ်​...သူကျွန်​​တော်​တို့ကို မမှတ်​မိဘူး​ပေါ့...
#Beam : "ခုနကဆရာဝန်​​ပြောထားတာ မှတ်​မိတယ်​မှလားKit... သူအတိတ်​​မေ့သွားနိုင်​တယ်​ဆိုတာ​လေ..."
Beam က​​ပြောပီး ကျွန်​​တော့ပုခုံးကိုဖက်​လိုက်​တယ်​...
#Wayo : "Ming...ဒီ​နေ့​နေ့စွဲကဘာလဲ..."
Wayo Mingကို​သေချာအနီးကပ်​ကြည့်​ရင်း​မေးလိုက်​တယ်​...
#Ming : "ဒီ​နေ့လား...23 April 2014​လေ..."
Mingကပြန်​​ဖြေပီး Wayoကိုကြည့်​လိုက်​တယ်​...
ကျွန်​​တော်​ငိုချလိုက်​ချင်​​ပေမဲ့ ထိန်းချုပ်​ထားလိုက်​တယ်​...ကျွန်​​တော်​အခု ငိုလို့မဖစ်​​သေးဘူး​လေ...Mingမှကျွန်​​တော့်​ကိုမမှတ်​မိ​သေးတာ....
Crd.venushades98
Trans by Me(#MCopter)

Nobody Is PerfectWhere stories live. Discover now