Part.6

2.6K 165 0
                                    

Nobody Is Perfect

Part.6

Ming's POV

ဘယ်​ကဘယ်​လို​ရောက်​လာမှန်းမသိတဲ့သူက ကျွန်​​တော့်​ရဲ့Kitကို ဖက်​​ထားတာ​ကြောင့်​ ကျွန်​​တော်​လက်​သီးတင်းတင်းဆုပ်​ပီး ကြည့်​​နေမိတယ်​...ကျွန်​​တော့်​ခန္ဓာကိုယ်​ထဲက ​သွေး​တွေလည်း ဆူပွက်​လာသလိုခံစားလိုက်​ရတယ်​...
ဟုတ်​တယ်​​...တကယ်​​တော့ ကျွန်​​တော်​အတိတ်​မ​မေ့ပါဘူး...P'Kitရဲ့ ဂရုစိုက်​မှုကိုလိုချင်​တာ​ရော P'Kitရဲ့နှလုံးသားကိုပါ ပြန်​ပိုင်​ဆို်​င်​နိုင်​ဖို့ ကျွန်​​တော်​ဟန်​​ဆောင်​ခဲ့တာ...ကျွန်​​တော့်​မှာလုပ်​စရာဆိုလို့်​ ဒီတနည်းပဲ ရှိ​တော့တာ...ဒီကိစ္စကိုတခြားသူ​တွေလည်းသိပီးသား​လေ... မသိ​သေးတာဆိုလို့P'Kitတ​ယောက်​ပဲရှိတာ...ဒါ​တွေအားလုံးက ကျွန်​​တော်​တို့ရဲ့အစီစဉ်​​တွေ​လေ...P'Phaနဲ့P'Forthတို့ ကျွန်​​တော့်​ကို ရိုက်​ခဲ့တာ​တော့ဟုတ်​တယ်​...ဒါ​ပေမဲ့အဲ့လိုလုပ်​ဖို့​တောင်းဆိုခဲ့တဲ့သူက ကျွန်​​တော်​ကိုယ်​တိုင်​ပဲ​လေ...ကျွန်​​တော်​​​သေလုနီးပါးဖစ်​သွားခဲ့​ပေမဲ့ တန်​ပါတယ်​...
P'Kitရဲ့နှလုံးသားကမာ​ကြောလွန်းတယ်​...သူ့ကိုပြန်ပိုင်​ဆိုင်​နိုင်​ဖို့ ကျွန်​​တော်​သူ့အနားမှာ ကပ်​​နေမှဖစ်​မှာ...ဒါ​ပေမဲ့ Thirdဆိုတဲ့လူရဲ့ မျက်​လုံးအကြည့်​​တွေထဲမှာ P'Kitကိုသ​ဘောကျ​နေတဲ့ အရိပ်​အ​ယောင်​​တွေ ကျွန်​​တော်​မြင်​​နေရတယ်​...ကျွန်​​တော့်​ရဲ့ ထူးခြားပီး ချစ်​စရာ​ကောင်းတဲ့ Future wife ကိုမှသ​ဘောကျရတယ်​လို့... ဒီလူနဲ့ပတ်​သတ်​ပီး ကျွန်​​တော်​တခုခု​တော့လုပ်​မှဖစ်​မယ်​... ကျွန်​​တော်​သူ့ကို P'Kitအနားမှာ​နေခွင့်​မ​ပေးနိုင်​ဘူး...လုံးဝပဲ...
#Kit : "Ming...မင်းတခုခုလိုတာများရှိ​သေးလား..."
P'Kitအသံ​ကြောင့်​ ကျွန်​​တော်​​ခေါင်းလှည့်​ပီးကြည့်​လိုက်​တယ်​...
#Ming : "ဟင့်​အင်း...မလို​တော့ပါဘူး..."
P ဒီနားကိုလာပီး ဒီမှာထိုင်​ပါဦး...ကျွန်​​တော်​Pကို​မေးစရာရှိလို့်​... ကျွန်​​တော်​မြက်​ခင်းပြင်​ကိုပုတ်​ပြပီး ​ပြောလိုက်​တယ်​...ဟုတ်​တယ်​... ကျွန်​​တော်​တို့အပြင်​မှာထိုင်​​နေကြတာ...P'Kitရဲ့အိမ်​က အရမ်းတိတ်​ဆိတ်​​အေးချမ်းလွန်းတယ်​...ဒီလို​အေးချမ်းမှုမျိုး ကျွန်​​တော်​တခါမှမခံစားဖူးဘူး...အပြင်​မှာ​အေးတယ်​ဆို​ပေမဲ့လည်း ​နေလို့​ကောင်းတယ်​ဆိုရုံ​လေး​အေးတာမို့လို့ သက်​​တောင့်​သက်​သာ အနားယူလို့ရတယ်​​လေ...
P'Kitကကျွန်​​တော့်​​ဘေးမှာထိုင်​ပီး ကျွန်​​တော့်​ကိုကြည့်​လိုက်​ရင်း
#Kit : "မင်းငါ့ကိုဘာ​မေးစရာရှိလို့လဲ..."
#Ming : "Wayoက​ပြောတယ်​...ကျွန်​​တော်​ကအရင်​တုန်းကPကို ပိုးပန်း​နေတာတဲ့..."
P'Kitလိမ်​မ​ပြောဖို့ကို ကျွန်​​တော်​​မျှော်​လင့်​နေမိတယ်​...
#Kit : "ဟင့်​အင်း...မဟုတ်​ဘူး...သူတို့ကိုမယုံနဲ့...သူတို့ပဲ အဲ့လိုပဲ... အင်း...မင်း...မင်း...မင်းမှာ ​ကောင်​မ​လေးရှိတယ်​...ဟုတ်​တယ်​... ဒါ​ပေမဲ့ အဲ့တာကိုဘယ်​သူမှမသိကြဘူး...အဲ့တာ​ကြောင့်​မင်းငါ့ကို ပိုးပန်းတယ်​ဆိုတာမဖစ်​နိုင်​ဘူး​လေ..."
P'Kitကကျွန်​​တော့်​ကိုပြုံးကြပီး​တော့ကို ပြန်​​ဖြေ​ခဲ့တယ်​...
P'Kitဘာလို့လဲ...ကျွန်​​တော်​ကPကို နာကျဉ်​​စေခဲ့လို့လား...ခုလိုမျိုး လိမ်​ရ​လောက်​တဲ့အထိ ကျွန်​​တော့်​ကိုအဲ့​လောက်​​တောင်​ မုန်း​နေတာလား...ကျွန်​​တော့်​မှာ ​ကောင်​မ​လေးရှိတယ်​တဲ့လားဗျာ....
#Ming : "ဟုတ်​လား...ထားလိုက်​ပါ​တော့..."
ကျွန်​​တော်​​ကောင်းကင်​​ပေါ်ကို​မော့ကြည့်​လိုက်​ပီး...
#Ming : "Pသိလား...Pက​ကောင်းကင်​​ပေါ်က လမင်းနဲ့ အရမ်းတူတာပဲ...ဘာလို့လည်းဆိုတာသိချင်​လား..."
တကယ်​​တော့ အဲ့ဒီ​မေးခွန်းက ကျွန်​​တော်​P'Kitကို ခနခန​မေး​နေကျ ​မေးခွန်းပါ...P'Kitက အရမ်းချစ်​စရာ​ကောင်းတယ်​​လေ..ပီး​တော့ သူ့ရဲ့ပါးချိုင့်​​လေးက လရဲ့မျက်​နှာပြင်​က အချိုင့်​​လေးနဲ့တူလို့​လေ...
#Kit : "ထပ်​​မေးပြန်​ပီလားMing...ငါ့ရဲ့ပါးချိုင့်​​ကြောင့်​မှလား... အဲ့ဒီအ​ကြောင်းကို မင်းငါ့ကိုခနခန​ပြော​နေကြ...ကြ..."
ကျွန်​​တော့်​ရဲ့​ထောင်​​ချောက်​ထဲကို ​ရောက်​သွားတဲ့အတွက်​ ကျွန်​​တော်​ပြုံးလိုက်​မိတယ်​...
#Ming : "ကျွန်​​တော်​အဲ့ဒီလိုခနခန​ပြောခဲ့တာလား...ကျွန်​​တော်​တို့ အရမ်းမရင်းနှီးဘူးလို့ ကျွန်​​တော်​ကထင်​​နေတာ...."
ကျွန်​​တော်​ P'Kitကိုဖျတ်​ခနဲခိုးကြည့်​လိုက်​​တော့ သူ့ကြည့်​ရတာ အရမ်းစိတ်​လှုပ်​ရှား​နေသလိုပဲ...
#Kit : "ဟင့်​အင်း...မင်း​ပြောတာကို ခုမှပထမဆုံးအကြိမ်​ကြားဖူးတာ... ငါ့ကိုအမြဲတမ်းအဲ့လို​ပြော​နေကြသူဆိုတာက ငါ့Boyfriendကို​ပြောတာ..."
P'Kit's Boyfriend???အဲ့လိုမျိုး​ပြောခဲ့တာ ကျွန်​​တော်​ပထမဆုံးပဲ ဆိုတာကျွန်​​တော်​​​ကောင်း​ကောင်းမှတ်​မိတာ​ပေါ့...​​ဒါဆို Pရဲ့Boyfriendဆိုတာ ကျွန်​​တော်​​ပေါ့...ကျွန်​​တော်​မပြုံးမိ​အောင်​ ကြိုးစားပီးထိန်းလိုက်​ရတယ်​...
#Ming : "အဲ့ဒါဆို Pရဲ့Boyfriendကခုဘယ်​မှာလဲ..."
ကျွန်​​တော်​P'Kitဘက်​ကိုမျက်​နှာလှည့်​ပီး သူ့ရဲ့မျက်​လုံး​တွေကို စိုက်​ကြည့်​လိုက်​တယ်​...
#Kit : "မသိဘူး...အခုသူငါ့ကို မမှတ်​မိ​တော့တာလည်း ဖစ်​ချင်​ဖစ်​မှာ​ပေါ့..."
P'Kitက​ဖြေပီးတာနဲ့​ခေါင်းငုံ့ရင်း မြက်​ခင်းပြင်​ကို လက်​ချောင်း​လေး​​တွေနဲ့ တို့ထိပီး ကစား​နေ​တော့တယ်​...

Kit's POV

Mingကခုချိန်​မှာ ဘာမှမမှတ်​မိဘူးဆို​ပေမဲ့ သူရဲ့အပြူအမူ​တွေက​တော့ တနည်းမဟုတ်​တနည်း အရင်​တုန်းကMingနဲ့တူ​နေတယ်​...
ကျွန်​​တော့်​ကိုအမြဲတမ်းရင်​ခုန်​​အောင်​လုပ်​နိုင်​တဲ့Ming...
ကျွန်​​တော့်​ကိုအမြဲတမ်းတိတ်​တိတ်​​လေးပြုံးမိ​အောင်​လုပ်​နိုင်​တဲ့Ming...
ကျွန်​​တော့်​ရဲ့နှလုံးသားကိုအမြဲတမ်းအနိုင်​ရထားတဲ့Ming...
ကျွန်​​တော်Mingကိုအရမ်းသတိရတာပဲ...အဲ့ဒါ​ကြောင့်​လည်း ကျွန်​​တော်​ဘာ​တွေ​ပြောလိုက်​မိလည်းဆိုတာ​တောင်​ သတိမထားလိုက်​မိဘူး...
#Ming : "အဲ့တာဆိုPရဲ့Boyfriendက အခုဘယ်​မှာလဲ..."
Ming​မေးလိုက်​တဲ့အသံထဲမှာ အရမ်းကိုသိချင်​​နေတဲ့ အရိပ်​အ​ယောင်​​တွေပါ​နေတယ်​ဆိုတာ ကျွန်​​တော်​သတိထားမိလိုက်​တယ်​...
#Kit : "မသိဘူး...အခုသူငါ့ကိုမမှတ်​မိ​တော့တာလည်း ဖစ်​ချင်​ဖစ်​မှာ​ပေါ့..."
ကျွန်​​တော်​ပြန်​​​ဖြေပီး မြက်​ခင်းပြင်​ကိုကြည့်​ရင်း လက်​​ချောင်း​တွေနဲ့မြက်​ခင်းကို ဖြည်းဖြည်းချင်း တို့ထိ​နေမိတယ်​...
နေပါဦး...ကျွန်​​တော်​အခုဘာ​ပြောလိုက်​မိတာပါလိမ့်​..Mingဘာမှ​တော့ သံသယမဝင်​​လောက်​ပါဘူး​နော်​... ကျွန်​​တော်​သူ့ကို​မော့ကြည့်​လိုက်​​တော့ ကျွန်​​တော့်​ကိုငုံ့ကြည့်​​နေတဲ့သူနဲ့ မျက်​လုံးချင်း​စုံမိသွားတယ်​...
Mingရဲ့မျက်​နှာက ကျွန်​​တော့်​ရဲ့မျက်​နှာနားကို တဖြည်းဖြည်းကပ်​လာတာ သူ့ရဲ့ဝင်​သက်​ထွက်​သက်​​နွေး​နွေးကို ကျွန်​​တော်​ခံစားမိတဲ့အထိပဲ...ဟင့်​အင်း...Kit...သတိဝင်​​တော့...
#Kit : "ငါအိမ်​ထဲအရင်​ဝင်​နှင့်​​တော့မယ်​...မင်းလည်းအပြင်​မှာ အကြာကြီး​နေမ​နေနဲ့ဦး...အဲ့တာမင်းရဲ့ကျန်းမာ​ရေးအတွက်​ မ​ကောင်းဘူး..."
ကျွန်​​တော်​​ပြောပီးတာနဲ့မတ်​တပ်​ထရပ်​ပီး မျက်​နှာပူပူနဲ့ပဲ အိမ်​ထဲကို ​ပြေးဝင်​လာခဲ့​တော့တယ်​...
ဘုရား​ရေ...ကျွန်​​တော်​အချစ်​မှာထပ်​ပီး ကျရှုံးသွားပြန်​ပီလား...
Crd.venushades98
Trans by Me(#MCopter)

Nobody Is PerfectWhere stories live. Discover now