Part.2

3.4K 169 0
                                    

Nobody Us Perfect

Part.2

Kit's POV

ကျွန်​​တော်​ခုတင်​​ပေါ်မှာထိုင်​ရင်း မျက်​လုံးမှိတ်​ထား​ပေမဲ့ မျက်​ရည်​​တွေက​တော့ အဆက်​မပြတ်​စီးကျ​နေခဲ့တယ်​...Ming ကျွန်​​တော့်​အ​ပေါ်ကိုခုလိုမျိုးလုပ်​လိမ့်​မယ်​လို့ တခါမှမ​တွေးခဲ့ဖူးဘူး... ကျွန်​​တော်​ခုတင်​​ပေါ်ကထလိုက်​ဖို့ ကြိုးစား​ပေမဲ့ ကျွန်​​တော့်​ခန္ဓာကိုယ်​က အရမ်းနာကျဉ်​​နေတယ်​...ရှိသမျှအား​လေး​တွေစုပီးကျွန်​​တော်​ မတ်​တပ်​ထရပ်​လိုက်​တယ်​...နံရံကိုမှီရင်း​ဖြည်းဖြည်းချင်းသွားပီး တံခါး​လော့ခ်​ချပီးတာနဲ့ ​ရေချိုးခန်းထဲ တန်းဝင်​ခဲ့လိုက်​တယ်​...
ရေချိုးကန်​ထဲဝင်​ပီး ​ရေစိမ်​​နေလိုက်​တယ်​...​နဂိုကနာကျဉ်​​နေရတဲ့ အစိတ်​အပိုင်း​တွေက ​ရေနဲ့ထိ​တော့ပိုခံစားရခက်​တယ်​...ဒါ​ပေမဲ့ ကျွန်​​တော်​ဂရုမစိုက်​ပါဘူး...ကျွန်​​တော့်​ရဲ့ခန္ဓာကိုယ်​​ပေါ်က Mingရဲ့ အ​ငွေ့အသက်​​တွေ​ပျောက်​သွား​စေချင်​လို့ ​ရေချိုးကန်​ထဲမှာ ၂နာရီ​လောက်​ကြာ​အောင်​ ​ရေစိမ်​​နေလိုက်​တယ်​...ဆပ်​ပြာ​တွေ ​ခေါင်း​လျှော်​ရည်​​တွေအများကြီးသုံးပစ်​လိုက်​တယ်​...သွားကိုလည်း အကြိမ်​ကြိမ်​တိုက်​ပစ်​လိုက်​တယ်​...ဒါ​ပေမဲ့ ​ရေချိုးပီးလို့ မှန်​​ရှေ့မှာ မတ်​တပ်​ရပ်​လိုက်​​တော့ ကျွန်​​တော့်​ရဲ့လည်​ပင်းမှာ​ရော ခန္ဓာကိုယ်တခုလုံးမှာပါ Mingရဲ့အမှတ်​အသား​တွေကို မြင်​လိုက်​ရတယ်​...
#Kit : "အား...ငါမင်းကိုမုန်းတယ်​...ငါမင်းကို​​သေ​လောက်​​အောင်​ မုန်းတယ်​MingKwan..."
စင်​​လေး​ပေါ်မှာတင်​ထားသမျှ ပစ္စည်း​တွေအားလုံးကို တွန်းလှဲလိုက်​မိတယ်​...ပီး​တော့ ဖြည်းဖြည်းချင်းထိုင်​ချလိုက်​ပီး ဒူး​ခေါင်းကိုဖက်​ရင်း ဖစ်​ခဲ့တဲ့ကိစ္စ​တွေ ပြန်​​တွေးမိပီး ထပ်​ငိုလိုက်​မိတယ်​...
မနက်​မိုးလင်း​တော့ အခန်းတံခါးကို တ​ယောက်​​ယောက်​လာ​ခေါက်​လို့ ကျွန်​​တော်​နိုးလာခဲ့တယ်​...Mingပဲလားမသိပုလို့​တွေးလိုက်​မိရင်း ခုတင်​​ဘေးကို​ပြေးပီး နား​တွေမျက်​စိ​တွေပိတ်​ရင်း ​ထိုင်​ချလိုက်​မိတယ်​...
#Kit : "ငါနဲ့​ဝေး​ဝေးမှာ​နေ..."
ကျွန်​​တော့်​ရဲ့လက်​ကို တခြားလက်​တဖက်​ကလာထိ​တော့ ​အော်​လိုက်​မိတယ်​...ကျွန်​​တော်​မျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့မှ Beamကို​တွေ့လိုက်​ရတယ်​...
#Beam : "Kitမင်းဘာ​တွေဖစ်​​နေတာလဲ...အခန်းကလည်းရှုပ်​ပွ​နေတာပဲ... မင်းရဲ့ခန္ဓာကိုယ်​​ပေါ်က​ရော ဘာ​တွေလဲ...ဒါရိုးရိုးတန်းတန်း ဖစ်​တာနဲ့​တော့မတူဘူး...ဒါ ဟိုအမှတ်​အသားကွက်​​တွေမှလား... မင်းကိုဘယ်​သူလုပ်​တာလဲKit...ငါ့ကို​ပြော..."
Beamကကျွန်​​တော့်​ပုခုံးကို ကိုင်​လှုပ်​ရင်း ​မေး​နေ​တော့တယ်​...
ကျွန်​​တော်​Beamကိုဖက်​ပီး ရှိုက်​ကြီးတငင်​ငိုချလိုက်​မိတယ်​...
#Forth : "Beam...ကိုယ်​တို့..."
Forth ကBeamရဲ့နာမည်​ကို​ခေါ်ပီးဝင်​လာရင်း...
#Forth : "ဒီမှာဘာ​တွေဖစ်​​နေတာလည်းKit..."
ကျွန်​​တော်​Beamရဲ့ရင်​ဘတ်​​ပေါ်မှာ မျက်​နှာ​မှောက်​ပီးငို​နေမိတုန်းပဲ... ခုချိန်​မှာ ကျွန်​​တော့်​ပုံစံက အရမ်းသနားစရာ​ကောင်း​နေမှာ အမှန်​ပဲ... Forth နဲ့ Beamတို့ကျွန်​​တော့်​ကို နှစ်​သိမ့်​ပီးတဲ့​နောက်​မှာ ဖစ်​ခဲ့သမျှကိစ္စအကုန်​လုံးကို ကျွန်​​တော်​​ပြောပြလိုက်​​တော့တယ်​... Beamက​တော့​ နား​ထောင်​ပီးတာနဲ့​ရှော့ခ်​ရသွားပီး ကျွန်​​တော်​နဲ့တူတူ လိုက်​ငို​တော့တယ်​...Forthကိုကြည့်​ရတာ​တော့ Mingကိုသတ်​ပစ်​​တော့မယ့်​ပုံပဲ...
#Forth : "Mingမင်းကိုမတရားအနိုင်​ကျင့်​တုန်းက မင်းဘယ်​သူ့ကိုမှ မ​ပြောပြဘူးလား...ရဲ​မတိုင်​လိုက်​ဘူးလား..."
#Phana : "ငါခုနကြားလိုက်​တာကဘာလဲ..."
ရုတ်​တရက်​ကြီးPhana နဲ့ Wayoတို့ ကျွန်​​တော့်​အခန်းထဲ ဝင်​လာကြတယ်​...
#Wayo : "P'Forthကျွန်​​တော်​တို့ကို​ခေါ်တာ ဒီကိစ္စ​ကြောင့်​လား... P'Kitဘာလို့​​စော​စောကမ​ပြောရတာလဲPရယ်​..."
Wayoကကျွန်​​တော့်​ဆီ​ပြေးလာပီး ဖက်​လိုက်​​တယ်​... ကျွန်​​တော့်​ကိုကြည့်​ပီး သူလည်းစငို​တော့တာပဲ...
#Kit : "ငါMingကို အဖမ်းမခံရ​စေချင်​ဘူး...ငါ...ငါသူနဲ့​ဝေး​ဝေးမှာပဲ ​နေချင်​တာ..."
ကျွန်​​တော့်​မျက်​လုံး​ထဲမှာမျက်​ရည်​​တွေအပြည့်​နဲ့ပဲ ​ခေါင်းငုံ့ပီး ကြမ်းပြင်​ကိုစိုက်​ကြည့်​ရင်း ​ပြောလိုက်​မိတယ်​...
#Beam : "မင်းMingကိုချစ်​​နေတာကိုငါသိတယ်​Kit...ဒါ​ပေမဲ့ ဒီကိစ္စမှာ​တော့ Mingအရမ်းများသွားပီ...သူ့ကို သင်​ခန်းစာ​ပေးဖို့ လိုတယ်​..."
အေး...​ကောင်းတယ်​...Beamမင်းငါ့ရဲ့လျှို့ဝှက်​ချက်​ကို အကုန်​လုံးသိ​အောင်​ ​ပြော​နေတာပဲ...
#Phana : "မင်း...ဘာဖစ်​တယ်​Kit..."
Phana နဲ့ Forthက ကျွန်​​တော့်​ကိုအံ့သြသလို လှမ်းကြည့်​​နေကြတယ်​...
#Phana : "မင်းMingကိုချစ်​ချစ်​ မချစ်​ချစ်​ ငါဂရုမစိုက်​ဘူးKit... သူမင်းကိုမတရားအနိုင်​ကျင့်​ခဲ့တဲ့အတွက်​ သူဘယ်​​တော့မှ မ​မေ့​တော့​အောင်​ ငါသင်​ခန်းစာ​ပေးရမယ်​..."
Phanaကနံရံကိုလက်​သီးနဲ့ထိုးရင်း ​ပြောလိုက်​တယ်​...
#Ming : "P'Kit..."
Mingရုတ်​တရက်​ ကျွန်​​တော့်​အခန်းကို​ရောက်​လာ​တော့တယ်​...
အကုန်​လုံးကသူ့ကိုဝိုင်းကြည့်​​နေ​ပေမဲ့ ကျွန်​​တော်​က​တော့ Wayoရဲ့ အကျီင်္ကိုလှမ်းဆွဲလိုက်​တယ်​...Wayoကကျွန်​​တော့်​ကို ဖက်​ထား​ပေးတယ်​...ကျွန်​​တော်​လည်းMingကို မ​တွေ့ချင်​တာနဲ့ Wayoနဲ့ကွယ်​ထားလိုက်​​တော့တယ်​...
#Forth : "အိုးဟို...မင်းလုပ်​ချင်​တာလုပ်​ပီးတာ​တောင်​မှ မင်းမျက်​နှာကို ဒီကိုထပ်​လာပြဖို့ သတ္တိရှိ​သေးတာလားMing..."
Forthရဲ့​အော်​သံ​ကြောင့်​ကျွန်​​တော်​သူတို့ကို ကြည့်​လိုက်​မိတယ်​...
Crd.venushades(98)
Trans by Me(#MCopter)

Nobody Is PerfectOù les histoires vivent. Découvrez maintenant