Part.8

2.6K 154 3
                                    

Nobody Is Perfect

Part.8

Kit's POV

#Third : "Kit...ပီးခဲ့တဲ့နှစ်​​တွေကငါတို့ ပန်းမျိုး​စေ့​လေး​တွေ စိုက်​ထားတဲ့​နေရာကို သွားချင်​လားလို့လာ​မေးတာ...အဲ့​နေရာကအခုဆို ပန်းခင်း​ကြီး​တောင်​ဖစ်​​နေပီ..."
ကျွန်​​တော့်​လက်​ကိုကိုင်​ပီး တတ်​တတ်​ကြွကြွ​ပြော​နေတဲ့Thirdကို ကြည့်​လိုက်​မိတယ်​...
ကျွန်​​တော်​အဲ့ဒီပန်းမျိုး​စေ့​လေး​တွေကို ​မေ့​တောင်​​မေ့​နေပီ... Third ​ပြောမှပဲ ပြန်​သတိရလာသလိုပဲ...ကျွန်​​တော်​နဲ့Third အရင်​တုန်းက ပန်းမျိုး​စေ့​လေး​တွေတူတူစိုက်​ပီး အဲ့ဒီ​နေရာကိုပြန်​သွားမယ်​လို့ ကတိ​ပေးထားကြတာ...ဒါ​ပေမဲ့ကျွန်​​တော်​က အိမ်​နဲ့အ​ဝေးမှာ ​ကျောင်းတတ်​​နေ​တော့ အဲ့ပန်းမျိုး​စေ့​လေး​တွေကို Thirdကပဲ ကြည့်​​ပေးခဲ့ရတာ...
#Kit : "ဒါ​ပေါ့Third...ငါ..."
#Ming : "P'Kitကျွန်​​တော့်​​ခေါင်းက ထပ်​နာလာပြန်​ပီ..."
ကျွန်​​တော့်​စကားမဆုံးခင်​မှာပဲ Mingဆီကအသံ​ကြောင့်​ လှည့်​ကြည့်​လိုက်​မိတယ်​...ကျွန်​​တော့်​ပုခုံး​ပေါ်မှာမှီထားတဲ့ သူ့ရဲ့​ခေါင်းကိုမပီးကြည့်​လိုက်​​တော့ Mingရဲ့​ခေါင်းမှာ ​သွေး​တွေပြန်​ထွက်​​နေတာကို​တွေ့လိုက်​ရတယ်​...
#Kit : "ဘုရား​ရေ...Mingအထဲပြန်​ဝင်​ကြရ​အောင်​...ငါမင်းကို တွဲ​ပေးမယ်​...ငါ​တောင်းပန်​ပါတယ်​​နော်​Third...ငါ​နောက်​တခါမှပဲ မင်းနဲ့လိုက်​ခဲ့​တော့မယ်​..."
ကျွန်​​တော်​Mingရဲ့လက်​ကိုတွဲပီး အိမ်​ထဲကိုဝင်​လာခဲ့တယ်​...Thirdကို ​နေရာမှာဒီအတိုင်းထားခဲ့ရတဲ့အတွက်​​တော့ စိတ်​မ​ကောင်းဖစ်​မိတယ်​... ဒါ​ပေမဲ့Mingနာကျဉ်​​နေတာကို​တော့ ကျွန်​​တော်​ဒီတိုင်း ကြည့်​မ​နေနိုင်​ဘူး​လေ...ဟင့်​အင်း...ကြည့်​ကိုမကြည့်​ရက်​တာပါ...
#Third : "Kitခန​လေး..."
Thirdရဲ့​ခေါ်သံ​ကြောင့်​ ကျွန်​​တော်​ရပ်​လိုက်​မိတယ်​...Thirdက သူ့ရဲ့အိတ်​ထဲက ​pen နဲ့ stick note​လေးကိုထုတ်​ပီး တခုခု​ရေးလိုက်​တယ်​...ပီး​တော့ကျွန်​​တော့်​ကိုလှမ်း​ပေးလိုက်​တယ်​...
#Third : "ငါ့ကိုဖုန်းဆက်​လိုက်​​နော်​Kit..."
Thirdက​ပြောပီးတာနဲ့ ကျွန်​​တော်​နဲ့Mingအနားက​နေ ထွက်​သွား​တော့တယ်​...ကျွန်​​တော်​လည်း စာရွက်​​လေးကို​ ​ဘောင်းဘီအိတ်​ထဲထဲ့ပီး Mingကိုတွဲရင်း အခန်းထဲကိုပြန်​လာခဲ့တယ်​...
#Kit : "အဲ့တာ​ကြောင့်​ငါမင်းကို ဂရုစိုက်​ပါလို့​ပြောတာ​ပေါ့Mingရဲ့... ခုဘာဖစ်​ပီလဲဆိုတာကြည့်​..."
ကျွန်​​တော်​ဒီ​နေ့အတွက်​ ဒုတိယအကြိမ်​​မြောက် Mingရဲ့ဒဏ်​ရာကို သန့်​ရှင်း​ပေးပီး​ဆေးထဲ့​ပေးလိုက်​တယ်​...
#Kit : "ကျွန်​​တော်​​တောင်းပန်​ပါတယ်​​နော်​P..."
မင်း​ပြောတတ်​တာ ဒါအကုန်​ပဲ​လေ...အား Ming...ငါမင်းကို မုန်းလိုက်​တာ​နော်​...

Nobody Is PerfectOù les histoires vivent. Découvrez maintenant