Part.12

2.6K 167 8
                                    

Nobody Is Perfect

Part.12

Kit's POV

#Ming : "ကျွန်​​တော်​Pကိုဘယ်​လို​ခေါ်ရမလဲ... ကျွန်​​တော်​Pကို Lakyimလို့​ခေါ်လို့ရမလား...ဘာလို့လဲဆို​တော့Pရဲ့ပါးချိုင့်​​လေးကို ကျွန်​​တော်​သ​ဘောကျလို့..."

ကျွန်​​တော်​ ​ပျော်​ရွှင်​ပီး​ရေခဲမုန့်​စား​နေတဲ့ Mingကို ကြည့်​လိုက်​မိတယ်​...Lakyim??သူကစကား​ပြောရင်​ အမြဲတမ်း ကျွန်​​တော့်​ရဲ့ပါးချိုင့်​အ​ကြောင်းကို ထဲ့​ပြောတာပဲ...သူကတကယ့်​ကိုကျွန်​​တော့်​ရဲ့Mingပဲ... ကျွန်​​တော်​ကိုယ်​တိုင်​လည်း ကျွန်​​တော်​ရဲ့ပါးချိုင့်​ကို သ​ဘောကျပါတယ်​...

#Kit : "ငါနာမည်​ကKitတဲ့...ဒါ​ပေမဲ့ မင်း​ခေါ်ချင်​သလို​ခေါ်လို့ရပါတယ်​..."

Mingက​ခေါင်းညိတ်​ပြပီး​ ​ရေခဲမုန့်​ကိုဆက်​စား​နေ​တော့တယ်​...ကျွန်​​တော်လည်းပြုံးပီး ​ကောင်းကင်​​ပေါ်ကို​မော့ကြည့်​လိုက်​တယ်​...
ကျွန်​​တော်​တို့အခုcompanyရဲ့ ​ခေါင်​မိုးထပ်​မှာထိုင်​​နေကြတာ​လေ...

ကျွန်​​တော်​ကိုယ်​တိုင်​​တောင်သတိမထားမိပဲ သက်​ပြင်းချလိုက်​မိတယ်​...ကျွန်​​တော်​တို့​ကျောင်းသားဘဝထဲက Mingကကျွန်​​တော့်​ကို ​ခေါင်​မိုးထပ်​ကို​ခေါ်လာ​နေကြ​လေ...သူဝမ်းနည်းတဲ့အခါတိုင်း ကျွန်​​​တော့်​ကိုဖက်​ထားခဲ့တာ​တွေ...ပီး​တော့ ကျွန်​​တော့်​ကိုနမ်းဖို့ကြိုးစားခဲ့တာ​တွေ...ကျွန်​​တော့်​နှလုံးသားကို ပိုင်​ဆိုင်​ဖို့ကြိုးစားခဲ့တာ​တွေ ဒါ​တွေအကုန်​လုံးက ဒီလို​ခေါင်​မိုးထပ်​မှာပဲ ဖစ်​ပျက်​ခဲ့တာ​တွေ​လေ...ပီး​တော့ ကျွန်​​တော်​ကိုယ်​တိုင်​​တောင်​ မသိလိုက်​ခင်​မှာပဲ ကျွန်​​တော်​သူ့ကိုချစ်​မိသွားခဲ့တာ...

သူGymသွားတဲ့အချိန်​တိုင်း ကျွန်​​တော်​သူ့​နောက်​က​နေ တိတ်​တိတ်​​လေးလိုက်​ခဲ့တယ်​...ဟုတ်​တယ်​...ကျွန်​​တော်​က Ming stalker ပဲဆိုပါ​တော့...သူ့အနားကို တ​ယောက်​​ယောက်​ကကပ်​ဖို့ကြိုးစားတိုင်း ကျွန်​​တော်​သဝန်​တိုခဲ့ရတယ်​...ဒါ​ပေမဲ့ ကျွန်​​တော်​လည်း သူ့ကိုချစ်​မိ​နေပီလို့ ဖွင့်​​ပြောဖို့ကြ​တော့ ကျွန်​​တော်​​ကြောက်​​နေမိတယ်​...
ကျွန်​​တော်​အဲ့လိုဖွင့်​မ​ပြောခဲ့မိတာကို အရမ်း​နောင်​တရမိတယ်​...

Nobody Is PerfectWhere stories live. Discover now