Part.7

2.6K 155 0
                                    

Nobody Is Perfect

Part.7

Ming's POV

#Ming : "P'Kit​ရေ...လာပါဦး...အား..."
ကျွန်​​တော်​​ခေါင်းကရုတ်​တရက်​ကြီး ​အရမ်းနာလာတယ်​...​နာလွန်းလို့ ​ပေါက်​ကွဲထွက်​​တော့မလိုခံစားေ​နရတယ်​...ကျွန်​​တော်​​ခေါင်းကိုလက်​နဲ့ ဖြည်းဖြည်း​​လေးထိကြည့်​လိုက်​​တော့...သွားပီး...​သွေး​တွေပြန်​ထွက်​​နေတာပဲ...ကျွန်​​တော်​​ရေချိုးခန်းကြမ်းပြင်​​ပေါ် ဖြည်းဖြည်းချင်းထိုင်​ချလိုက်​ပီး P'Kitကိုဆက်​တိုက်​​အော်​​ခေါ်​နေမိတယ်​...
#Kit : "ဘုရား​ရေ..Ming...မင်းဘာဖစ်​တာလဲ..."
P'Kitကကျွန်​​တော့်​လက်​​မောင်းကိုကိုင်​ပီး ဆွဲထူ​ပေးလိုက်​တယ်​... ကျွန်​​တော့်​ကိုခုတင်​​ပေါ်မှာထိုင်​ခိုင်းပီး သူကတ​နေရာကို​ပြေးသွားတယ်​... ပြန်​လာ​တော့လက်​ထဲမှာ ​ဆေး​သေတ္တာ​လေးပါလာတယ်​...P'Kitက ကျွန်​​တော့်​​ဘေးမှာထိုင်​လိုက်​ပီး ကျွန်​​တော့်​​ခေါင်းကပတ်​တီးကို ဖြည်းဖြည်း​လေး​ဖြေလိုက်​တယ်​...ပီး​တော့ ဒဏ်​ရာကိုသန့်​ရှင်း​ရေး လုပ်​​ပေး​နေတယ်​...ဒဏ်​ရာကနာပီးစပ်​​နေ​ပေမဲ့ P'Kitရဲ့ကျွန်​​တော့်​ကို စိုးရိမ်​​နေတဲ့မျက်​နှာကိုမြင်​လိုက်​ရ​တော့ နာ​နေတာ​တွေက တဖြည်းဖြည်း ​ပျောက်​ကွယ်​သွား​တော့တယ်​...
#Kit : "မင်းဘာ​တွေလုပ်​​နေတာလဲMingKwan..."ငါမင်းကို ​ရေနဲ့​ရေချိုးခိုင်းတာ​ ​သွေးနဲ့​ရေချိုးခိုင်းတာမဟုတ်​ဘူး... မင်းကိုယ့်​ကိုကိုယ်​​တောင်​ ဂရုမစိုက်​နိုင်​ဘူးလား...ဘာလို့များ ငါမင်းကိုစိုးရိမ်​​ရ​အောင်​ လုပ်​​နေရတာလဲ...မင်းအဲ့လိုလုပ်​မှကို ဖစ်​မှာလား...ငါ့ကိုစိတ်​ပူ​အောင်​လုပ်​​နေတာ​တွေကိုရပ်​​တော့..."
ကျွန်​​တော့်​​ခေါင်းကိုပတ်​တီးအသစ်​စည်း​ပေးရင်း P'Kitကပွစိပွစိ ​ပြော​နေ​တော့တယ်​..."
#Ming : "Pကဘာလို့ကျွန်​​တော့်​ကို အမြဲတမ်းစိုးရိမ်​​နေတာလဲ..."
Please P'Kit...​ကျေးဇူးပြုပီး ကျွန်​​တော့်​ကိုချစ်​လို့ဆိုပီး ​ဖြေ​ပေးပါ... Please...ကျွန်​​တော်​P'Kitရဲ့မျက်​လုံးထဲစိုက်​ကြည့်​လိုက်​တယ်​...
#Kit : "မင်းက Wayoရဲ့သူငယ်​ချင်း​လေ...သူစိတ်​ပူ​အောင်​ ငါမလုပ်​ချင်​ဘူး...မင်းခုလိုဖစ်​​နေတာ​တွေကိုသူသိရင်​ ငါ​သေချာဂရုမစိုက်​ဘူးဆိုပီး ငါ့ကိုစိတ်​ဆိုး​နေလိမ့်​မယ်​...သွား... ​ရေသွားချိုးလိုက်​​တော့...ငါအပြင်​က​စောင့်​​နေမယ်​...ဒဏ်​ရာကို ​ရေမထိ​စေနဲ့ဦး..."
P'Kitက​ပြောပီးတာနဲ့ မတ်​တပ်​ရပ်​ပီးထွက်​သွားဖို့ပြင်​​နေတာကို ကျွန်​​တော်​ သူ့လက်​ကို လှမ်းဆွဲပီးတားလိုက်​တယ်​...
#Ming : "P'Kitကျွန်​​တော့်​ကို​ရေချိုးဖို့ကူညီ​ပေးပါ...ကျွန်​​တော့်​ ​ခေါင်းကနာ​နေတုန်းပဲ..."
#Kit : "​ကောင်းပီ​လေ..."
P'Kit​ဆေး​သေတ္တာကိုခုတင်​​ပေါ်တင်​လိုက်​ပီး ကျွန်​​တော့်​လက်​​မောင်းကို တွဲလိုက်​တယ်​...ကျွန်​​တော်​​ရေချိုးခန်းထဲကို ​ဖြည်းဖြည်းချင်းဝင်​လိုက်​တယ်​...P'Kitက​တော့ ​ရေချိုးခန်းတံခါးကိုပိတ်​ပီး ကျွန်​​တော့်​ရဲ့အကျီင်္ကို ချွတ်​​ပေး​နေတယ်​... ဒါ​ပေမဲ့ ကျွန်​​တော့်​ရဲ့​ဘောင်းဘီကို​တော့မချွတ်​​ပေးခဲ့ဘူး... P'Kit​ရေပန်းလှည့်​ယူ​နေတုန်း ကျွန်​​တော်​ ​ဘောင်းဘီကို မြန်​မြန်​ချွတ်​ပစ်​လိုက်​တယ်​...
#Kit : "MingKwan!!!"
ကျွန်​​တော့်​ရဲ့boxerကိုချွတ်​လိုက်​​တာကိုP'Kitမြင်​​တော့ မျက်​စိမှိတ်​ပီး ဟိုဘက်​လှည့်​သွား​တော့တယ်​...
#Ming : "ဘာဖြစ်​လို့လဲ...ဒါကအထူးအဆန်းမှမဟုတ်​တာကို... ကျွန်​​တော့်​ကို မြန်​မြန်​ကူညီ​ပေးပါလား..."
P'Kitမျက်​​မှောင်​ကြုတ်​ထား​ပေမဲ့ ကျွန်​​တော်​​ရေချိုးတာကို​တော့ ဆက်​ကူညီ​နေတယ်​...P'Kitရဲ့မျက်​နှာနီနီ​လေးက အရမ်းချစ်​စရာ​ကောင်းတာပဲ...နှုတ်​ခမ်းစူစူ​လေး​တွေကလည်း ကျွန်​​တော့်​ကိုနမ်းချင်​စိတ်​​ပေါက်​လာ​အောင်​ ဆွဲ​ဆောင်​နိုင်​လွန်း​တယ်​... ဒါ​ပေမဲ့ ကိစ္စ​တွေအားလုံး အဆင်​​ပြေတဲ့အချိန်​အထိ ကျွန်​​တော်​သည်းခံမှရမယ်​...
#Kit's mom : "Kit...ခန​လောက်​လာခဲ့ပါဦး...ဒီမှာ သားကို​တွေ့ချင်​တဲ့ဧည့်​သည်​​ရောက်​​နေတယ်​..."
P'Kitကျွန်​​တော့်​​ကျောကို​ပေါင်​ဒါလိမ်း​ပေး​နေတုန်း သူ့မားကလှမ်း​ခေါ်လိုက်​တယ်​...
#Kit : "ဟုတ်​ကဲ့မား...ခန​နေလာခဲ့မယ်​​နော်​...Ming ဒီအကျီင်္ဝတ်​လိုက်​...ပီးရင်​ သွားကြရ​အောင်​..."
ကျွန်​​တော်​ အကျီင်္ဝတ်​လိုက်​ပီး P'Kitနဲ့အတူတူ အခန်းပြင်​ကို ထွက်​ခဲ့လိုက်​တယ်​...အိမ်​​ရှေ့ပန်းခြံထဲထိ ကျွန်​​တော်​တို့်​ လမ်း​လျှောက်​ခဲ့ကြတယ်​...
P'Kitကို​တွေ့ချင်​​နေတဲ့ဧည့်​သည်​ကို ​တွေ့လိုက်​​ရ​တော့ ကျွန်​​တော်​သက်​ပြင်းချလိုက်​မိတယ်​...Thirdပဲ...P'Kitက သူ့​ရှေ့ကို​ပြေးသွားပီး သူ့ကိုခနဖက်​လိုက်​တယ်​... ကျွန်​​တော်​မုန်းလိုက်​တာ...ကျွန်​​တော်​တခုခုလုပ်​ဖို့​တော့ လို​နေပီ... ကျွန်​​တော်​သူတို့ဆီ​လျှောက်​သွားရင်း ​ခြေ​ချော်​ချင်​​ယောင်​​ဆောင်​ပီး P'Kitဆီကိုယိုင်​ကျသွား​တော့တယ်​...​နောက်​ဆုံးP'Kitနဲ့ကျွန်​​တော်​ မြက်​ခင်းပြင်​​ပေါ်ကို ထပ်​လျက်​လဲကျသွား​တော့တယ်​... အ​ကောင်းဆုံးအပိုင်းက​တော့ ကျွန်​​တော့်​နှုတ်​ခမ်းနဲ့ P'Kitရဲ့နှူတ်​ခမ်းအိအိ​လေးထိမိသွားတာပဲ...ကျွန်​​တော်​ အရမ်းလွမ်း​နေခဲ့ရတဲ့ P'Kitရဲ့နှုတ်​ခမ်း​လေး...
#Third : "Kit...မင်းအဆင်​​ပြေရဲ့လား..."
Thirdကကျွန်​​တော်​တို့ကိုဆွဲထူပီး P'Kitကို ​ခြေဆုံး​ခေါင်းဆုံးကြည့်​ပီး စစ်​​နေ​တော့တယ်​...အိုးဟိုး...ငါမင်းကိုတ​နေ့​နေ့​တော့ သတ်​မိလိမ့်မယ်​ Third...
#Kit : "ငါအဆင်​​ပြေပါတယ်​...Mingမင်း​ရော အဆင်​​ပြေရဲ့လား... ​ခေါင်း​ရောနာ​နေ​သေးလား..."
P'Kitက Thirdကိုင်​ထားတဲ့သူ့ရဲ့လက်​ကို ဖြည်းဖြည်းရုန်းလိုက်​ပီး ကျွန်​​တော့်​မျက်​နှာကို ငြင်​ငြင်​သာသာ​လေးကိုင်​ရင်း ​ခေါင်းကိုကြည့်​​နေတယ်...
#Ming : "ကျွန်​​တော်​အဆင်​​ပြေပါတယ်​P...​ခေါင်း​လေးနဲနဲမူး​နေတာပဲ ရှိတာပါ..."
ကျွန်​​တော်​P'Kitရဲ့ချစ်​စရာ​ကောင်းတဲ့မျက်​နှာ​လေးကိုကြည့်​ပီး ပြုံးပြလိုက်​တယ်​...Thirdကိုတချက်​လှမ်းကြည့်​လိုက်​​တော့ သူ့မျက်​နှာအမူရာကမထူးခြား​ပေမဲ့ လက်​သီးကိုတင်း​နေ​အောင်​ ဆုပ်​ထားတာကျွန်​​တော်​​တွေ့လိုက်​တယ်​...ကျွန်​​တော်​ သိတာ​ပေါ့... သူကျွန်​​တော့်​ရဲ့Kitကို အရမ်းသ​ဘောကျ​နေတယ်​ဆိုတာ...
ကျွန်​​တော်​သူ့ရဲ့​သွေး​တွေဆူပွက်​​အောင်​လုပ်​​ဖို့လို​နေပီ...ကျွန်​​တော်​ P'Kitရဲ့ပုခုံး​ပေါ်​ခေါင်းမှီပီး သူ့ကိုဖက်​ထားလိုက်​တယ်​...
#Third : "Kit...ပီးခဲ့တဲ့နှစ်​​တွေက ငါတို့ပန်းမျိုး​စေ့​လေး​တွေ စိုက်​ထားတဲ့​နေရာကို မင်းသွားချင်​မလားလို့လာ​မေးတာ...ခုဆို အဲ့ဒီ​နေရာက ပန်းခင်းကြီး​တောင်​ဖစ်​​နေပီ..."
Third ကP'Kitလက်​ကိုကိုင်​ပီး တတ်​တတ်​ကြွကြွ​ကို ​ပြော​နေ​တော့တယ်​...
ကောင်းပီ​လေ...Mr.Third...ခင်​ဗျား​တော့လူမှားပီး လာရှုပ်​မိပီ... ကျွန်​​တော်​ကလွဲပီး P'Kitကိုဘယ်​သူမှထိခွင့်​မရှိဘူး...ဘာကိစ္စပဲရှိရှိ ကျွန်​​တော်​ပဲP'Kitကိုပိုင်​ဆိုင်ရမယ်​...တစုံတ​ယောက်​ကိုသတ်​ရမယ်​ ဆိုရင်​​တောင်​ ကျွန်​​တော်သတ်​ပစ်​မှာ...
#Kit : "ဒါ​ပေါ့Third...ငါ..."
#Ming : "P'Kit...ကျွန်​​တော့်​​ခေါင်းကနာလာပြန်​ပီ..."
ခေါင်းကဒဏ်​ရာက​သွေးပြန်​ထွက်​လာ​အောင်​ ကျွန်​​တော်​လက်​မနဲ့ ဖြည်းဖြည်းချင်းဖိလိုက်​တယ်​...ကျွန်​​တော့်​ကိုရူးတယ်​လို့​ပြောလည်း ကျွန်​​တော်​ဂရုမစိုက်​ပါဘူး...ကျွန်​​တော်​လိုချင်​တဲ့တခုတည်း​သောအရာက P'Kitကိုပိုင်​ဆိုင်​ဖို့ပဲ...
Crd.venushades98
Trans by Me(#MCopter)

Nobody Is PerfectNơi câu chuyện tồn tại. Hãy khám phá bây giờ