Part.5

2.7K 161 0
                                    

Nobody Is Perfect

Part.5

Kit's POV

#Kit Mom : "my puppy..."
မားအသံ​ကြောင့်​ကျွန်​​တော်​ပြုံးလိုက်​မိတယ်​...မားဆီကျွန်​​တော်​​ ​ပြေးသွားပီးဖက်​လိုက်​​တော့ Mingလည်းကျွန်​​တော့်​​နောက်​က​နေ လိုက်​လာခဲ့တယ်​...
#Kit : "မားကိုအရမ်းသတိရ​နေတာ..."
မားရဲ့ပါးကိုကျွန်​​တော်​နမ်းလိုက်​ပီး မားကိုထပ်​ဖက်​ထားလိုက်​တယ်​...
#Kit Mom : "မားလည်းတူတူပါပဲ...ဒါနဲ့ဒီခပ်​​ချော​ချော​ ​ကောင်​​လေးကဘယ်​သူလဲ..."
မားကိုဖက်​ထားတာကိုလွှတ်​ပီးMingကိုကြည့်​ရင်း​မေး​တော့တယ်​...
#Kit : "ဒါကျွန်​​တော့်​သူငယ်​ချင်းပါမား..သူ​နေပြန်​​ကောင်းတဲ့အထိ ဒီမှာရက်​နဲနဲကြာကြာ​နေလိမ့်​မယ်​မား..."
Mingကမားကိုပြုံးပြပီး နှုတ်​ဆက်​လိုက်​တယ်​...
မားဘာ​တွေ​တွေး​နေလဲ​တော့မသိပု...မားကကျွန်​​တော့်​ကိုကြည့်​ပီး ပြုံးလိုက်​တယ်​...
#Kit Mom : "သားကဧည့်​သည်​ပါလာမယ်​လို့ကြိုမ​ပြော​ဘူး​လေ... ဧည့်​သည်​​နေတဲ့အခန်းကပစ္စည်းသိမ်းတဲ့အခန်းလုပ်​ထားလို့ သန့်​ရှင်းတဲ့အခန်းဆိုလို့ သားအခန်းပဲရှိတယ်​...၂​ယောက်​တခန်း တူတူသုံးလို့အဆင်​​ပြေတယ်​မလား..."
ကျွန်​​တော်​မျက်​လုံး​တွေ​တောင်​ပြူးသွားရတယ်​...Mingနဲ့အခန်းတူတူ သုံးရမယ်​တဲ့...မဖစ်​ဘူးထင်​တယ်​​နော်​...ဟင့်​အင်း...ဟင့်​အင်း...
#Ming : "ဟုတ်​ကဲ့...ကျွန်​​တော်​အဆင်​​ပြေပါတယ်​ဗျ..."
ဘာလည်းဟ...သူက​ပြောပီးပြုံး​တောင်​ပြုံး​နေ​သေးတယ်​...​အေး​ပေါ့... သူကဘာမှမမှတ်​မိဘူးဆို​တော့ သူ့အတွက်​ အဆင်​​ပြေတာ​ပေါ့...ဒါ​ပေမဲ့ ကျွန်​​တော်​အတွက်​​ရော?ကျွန်​​တော်​​သေသာ​သေလိုက်​ချင်​​တော့တယ်​... ဒါ​ပေမဲ့လည်း ကျွန်​​တော်​ဘာမှပြန်​မ​ပြောနိုင်​ပဲ ​ခေါင်းညိတ်​လိုက်​ရတာပါပဲ...
#Ming : "P'Kit ဒီနားတဝိုက်​ကို လမ်း​လျှောက်​ထွက်​ရ​အောင်​... ကျွန်​​တော်​​လေ​ကောင်း​လေသန့်​​လေးရှူချင်​လို့..."
Ming က​ပြောပီးတာနဲ့ လမ်း​လျှောက်​ဖို့ထွက်​သွား​တော့ ကျွန်​​တော်​လည်း သူ့​ဘေးက​နေလိုက်​ပီး တူတူလမ်း​လျှောက်​ ထွက်​ခဲ့တယ်​...ကျွန်​​တော်​တို့ဘာစကားမှမ​ပြောပဲ လမ်း​ပဲ​လျှောက်​​နေရင်း ကျွန်​​တော်​က​တော့ တချက်​တချက်​ Mingကိုခိုးကြည့်​​နေခဲ့မိတယ်​...
#Third : "Oh My God...Kitမင်းလား..."
ကျွန်​​တော်​အံ့သြပီးပါးစပ်​ကိုလက်​နဲ့အုပ်​လိုက်​မိပီးမှပဲ ပြုံးလိုက်​မိတယ်​...
#Kit : "Third!!!"
ကျွန်​​တော်​​​ရှေ့ကလူဆီ​ပြေးပီး ဖက်​ထားလိုက်​တယ်​...
Thirdကကျွန်​​တော်​၇နှစ်​အရွယ်​ထဲကသူငယ်​ချင်းပါ...သူနဲ့မ​တွေ့ဖစ်​တာ ၃နှစ်​​လောက်​​တောင်​ရှိ​နေပီ...Mingကျွန်​​တော်​တို့ကိုကြည့်​​နေတာကို သတိမထားမိပဲ ကျွန်​​တော်​Thirdနဲ့စကား​တွေဆက်​​ပြော​နေမိတယ်​...
#Third : "ငါမင်းကိုအရမ်းသတိရ​နေတာ chubby kid..."
Thirdကရီရင်း ကျွန်​​တော့်​ပါးကိုဆွဲလိုက်​တယ်​...ကျွန်​​တော်​ သူ့လက်​ကို ရိုက်​ချလိုက်​ပီး သူ့လက်​​မောင်းကိုထိုးလိုက်​တယ်​...
#Kit : "ငါအခုchubbyမဟုတ်​​တော့ဘူး...okay..."
#Ming : " Ahumm..."
Mingအသံ​ကြောင့်​သူ့ကိုကျွန်​​တော်​ကြည့်​လိုက်​မိတယ်​...
#Ming : "P'Kit ကျွန်​​တော်​​ခေါင်းမူးလာလို့ အိမ်​ပြန်​ချင်​ပီ..."
Mingသူ့ရဲ့ပတ်​တီးစီးထားတဲ့​ခေါင်းကို လက်​နဲ့ဖိထားတာ ကျွန်​​တော်​​တွေ့လိုက်​ရတယ်​...
#Kit : "ဟုတ်​ပီ​လေ...Third ငါအရင်​ပြန်​နှင့်​​တော့မယ်​...မင်းအားရင်​ ငါ့ဆီကိုလာလည်​​ပေါ့..."
Thirdကကျွန်​​တော့်​ကို့ပြုံးပြပီး ​ခေါင်းညိတ်​လိုက်​တယ်​...
#Kit : "သွားကြရ​အောင်​Ming..."
ကျွန်​​တော်​Mingကိုတွဲပီး ပြန်​လာခဲ့တယ်​...အိမ်​​ရောက်​တဲ့ထိ Mingစကားတခွန်းမှမ​ပြောခဲ့ဘူး...သူ့ရဲ့အဲ့လိုပုံစံကို ကျွန်​​တော်​တကယ်​အသားမကျဘူးဖစ်​​နေတယ်​...
ဘာလို့လည်း​တော့မသိဘူး...မဟုတ်​ကဟုတ်​က​တွေလုပ်​တတ်​တဲ့ အရင်​တုန်းကMingကို ကျွန်​​တော်​သတိရ​နေမိတယ်​...
Crd.venushades98
Trans by Me(#MCopter)

Nobody Is PerfectWhere stories live. Discover now