Part-6 (Z+U)

13.4K 1.5K 256
                                    

*ဦး​လေးငယ်​*

ဒီ​နေ့လည်းBaek...Kaiတို့ကားနှင့်​သာအိမ်​ပြန်​လာခဲ့လိုက်​သည်​...
Baekမုန်းတဲ့ဦး​လေးငယ်​ကခုဆိုရင်​Ent:ကိုလည်း​နေ့တိုင်းလာ​တော့မည်​...
Baekနဲ့လည်း​နေ့တိုင်းမဖြစ်​မ​နေမျက်​နှာချင်းဆိုင်​ရ​တော့မည်​...

Baekထုတ်​မ​ပြောနိုင်​​လောက်​​အောင်​ကိုရင်​ဘတ်​ထဲမွန်းကြပ်​​နေ​ပြီး...အားလုံးကြား​အောင်​'အရမ်းမုန်းတယ်​'ဟုသာ​အော်​​နေချင်​လိုက်​​တော့သည်​...

သို့​သော်​လည်း...Baekခံစားချက်​​တွေကိုနားလည်​ပြီးဂရုတစိုက်​နား​ထောင်​​ပေးမဲ့သူဆိုလို့Kaiကလွဲပြီးတခြားမရှိ...

Kim Kaiက​တော့ကျ​နော့်​ကိုနှစ်​သိမ့်​​ပေးရှာပါသည်​​....

'ဦး​လေးငယ်​ကိုအပြိုင်​အဆိုင်​တစ်​​ယောက်​လိုသ​ဘောမထားဘဲ...ဦး​လေးတစ်​​ယောက်​လို့ပဲမြင်​ပါ...'

တဲ့...

'မင်းခံစား​နေရတာ​တွေခုထက်​နည်းနည်း​တော့သက်​သာသွားလိမ့်​မယ်​...'

တဲ့​လေ...

အတင်းကြီးလိုက်​ပြိုင်​​နေတာ​တော့မဟုတ်​​ပေမယ့်​Baekရဲ့မာန​တွေအရ​တော့ဦး​လေးငယ်​ကို​ကျော်​ရမှဖြစ်​မည်​...

'ခ​လေး​လေး...ထမင်းစားရ​အောင်​...မြန်​မြန်​ဆင်းလာခဲ့...ကြီးကြီးပြင်​ထားလိုက်​မယ်​...'

'Nae...'

Baekနာရီကြည့်​လိုက်​မိ​တော့၅နာရီခွဲ​နေ​လေပြီ...

တ​ရွေ့​ရွေ့သွား​နေ​သောလက်​တံ​တွေအရ...၆နာရီ​ကျော်​မှဆင်းစားဖြစ်​လျှင်​မ​နေ့ကလိုပြဿနာထပ်​ဖြစ်​မှာစိုးလို့ဘာမှ​တွေ​ဝေမ​နေ​တော့ဘဲ...​အောက်​ထပ်​ကိုဆင်းလာခဲ့လိုက်​သည်​...

ဟင်​....

ထမင်းစားပွဲ​ပေါ်တွင်​ဟင်း​ပေါင်းစုံနှင့်​အတူ...ထီးထီးကြီးထိုင်​စား​နေ​သောဦး​လေးငယ်​...

သူကဘာလို့သူများစားခါနီးလာစား​နေရတာလဲ...

Baekထမင်းစားဖို့လာတာကိုမြင်​ပြီးပြီမို့​နောက်​ပြန်​လှည့်​သွားလို့ကလည်းမရ...

*ဦး​လေးငယ်​*Where stories live. Discover now