Part-31(Z+U)

13.1K 1.8K 242
                                    

*ဦး​လေးငယ်​*(Zawgyi)

*ညကအိမ်​ကို Chanyeol Arrjushii​ရောက်​လာပြီး သူတို့ကို​ကျောင်းထုတ်​ဖို့လာ​ပြောသွားတာ*

နားထဲကမထွက်​နိုင်​တဲ့စကားစု​ကြောင့်​ အိမ်​ကိုအမြန်​​ရောက်​နိုင်​ရန်​စိတ်​​ဆောင်​​နေသည်​မို့ နာကျင်​ကာထုံ​နေတဲ့​ခြေ​ထောက်​ကိုလည်းမမှုနိုင်​...

"Kai ah~~အိမ်​မြန်​မြန်​​ရောက်​​အောင်​ငါ့ကိုတွဲ​ပေးစမ်းပါ"

မကြာခဏယိုင်​နဲ့​နေတဲ့ခန္ဓာကိုယ်​ကို​တော့​ဘေးကKaiကလမ်း​တောက်​​လျှောက်​ထိန်း​ပေး​နေ​လေသည်​...

"Baekhyun ah~~ဖြည်းဖြည်းသွားပါကွာ...​ခြေ​ထောက်​ကဒီ​လောက်​နာ​နေတာကို"

"ငါခုချက်​ချင်းဦး​လေးငယ်​နဲ့စကား​ပြောရမှဖြစ်​မယ်​"

ဟုတ်​တယ်​...ဦး​လေးငယ်​ကို သူ​မေးရမှဖြစ်​မယ်​...
အခုဦး​လေးငယ်​နဲ့မျက်​နှာချင်းဆိုင်​ပြီး သူ​မေးချင်​တာ​တွေကို​မေးရမှဖြစ်​မည်​​လေ...

အိမ်​ထဲဝင်​၀င်​ချင်း မြင်​လိုက်​ရသည့်​ မြင်​ကွင်း​ကြောင့်​ Baekhyun ​ခြေလှမ်းများရပ်​တန့်​သွားသည်​ကို Kai သတိထားလိုက်​မိသည်​...

" ဦး​လေးငယ်​!!!"

Baekhyun ​ခေါ်သံ​ကြောင့်​ ဧည့်​ခန်းထဲမှာ မျက်​နှာချင်း
ဆိုင်​ထိုင်​ကာ ရယ်​​မောရင်း စကား​ပြော​နေကြ​သော ဦး​လေးငယ်​ နဲ့ တီ​လေးက လှည့်​ကြည့်​လာသည်​......

Kai ကို အားပြုကာ ​အိမ်​ထဲဝင်​လာ​သော Baekhyun ရဲ့ မျက်​နှာက သိသိသာသာပျက်​ယွင်း​နေတာမို့ နှစ်​​ယောက်​လုံး အကြည့်​​တွေမှာ စိုးရိမ်​ပူပန်​မှု​တွေ ဖြတ်​​ပြေး​နေပြီး
တီ​လေးက ထိုင်​​နေရာမှ ၀ုန်းကနဲထရပ်​ကာ Baekhyun
ရှိရာသို့ ​လျှောက်​လာရင်း .....

" က​လေး​လေး​နေမ​ကောင်းပဲဘာလို့အပြင်​သွား​နေတာလဲ...အပြင်​မှာ​အေးက​အေးနဲ့..."

" ခဏ​လေး တီ​လေး ... ကျွန်​​တော်​ဦး​လေးငယ်​နဲ့ စာရင်းရှင်းစရာရှိတယ်​..."

စာရင်းရှင်းမယ်​ဆို​တော့ ငုံ့​ထားတဲ့​ခေါင်းကBaekhyunထံ​မော့ကြည့်​လာကာ သူ့မျက်​လုံး​တွေကလည်း သိသိသာသာပြူးကျယ်​လို့...

*ဦး​လေးငယ်​*Where stories live. Discover now