Part-8 ( Z+U)

12.9K 1.5K 129
                                    

*ဦး​လေးငယ်​*

Chanyeolတစ်​​ယောက်​Variety Showရိုက်​​နေ​သောအဖွဲ့သား​တွေကိုအနည်းငယ်​လှမ်း​သောအရိပ်​​အောက်​မှ​နေ၍​စောင့်​ကြည့်​​နေမိသည်​...

ခ​လေး​တွေVarietyရှိပါတယ်​ဆိုမှ...ဒီ​နေ့ကြမှ​နေကလည်း​သေမလို​အောင်​ထိပူကျွတ်​​နေ​သေးသည်​...

အရိပ်​ထဲထိုင်​​နေတာ​တောင်​​သေမလိုပူ​နေတာ...ခ​လေး​တွေအားလုံး​နေပူထဲ​ချွေးတလုံးလုံးနဲ့​ပြေးလွှားကစား​နေကြရတာ...စိတ်​မ​ကောင်းဖြစ်​မိ​သော်​လည်း...ဒါသူတို့ဘဝ​ပေးအ​ခြေ​နေမို့သာလုံခြုံ​ရေးအတွက်​​စောင့်​ကြည့်​​နေ​ပေးလိုက်​သည်​...

တကယ်​​တော့...Chanyeolထိုရိုက်​ကွင်းနားထိသွားတိုးကြည့်​ချင်​မိ​ပေမယ့်​...​လှောင်​ရယ်​သွား​သည့်​တူဖြစ်​သူ​ကြောင့်​ပုန်း​နေရခြင်းဆိုလျှင်​ပိုမှန်​လိမ့်​မည်​...

နိုးနိုးချင်း​မေးကြည့်​​တော့သွားကြပြီဆို၍မြင်​တဲ့အင်္ကျီ​ကောက်​စွပ်​လာမိတာ...ဖြစ်​ချင်​​တော့အနက်​​ရောင်​ဝမ်းဆက်​မှဖြစ်​​နေရတယ်​လို့....

မီးပူလည်းမထိုးထား​တော့အင်္ကျီ​ကအ​တော်​အတန်​အကြည့်​ရဆိုး​လောက်​​အောင်​ကိုတွန့်​​ကြေ​နေ​သေးသည်​...

အခုမှအင်္ကျီလဲလိုက်​ပြန်​လျှင်​လည်းထပ်​​လှောင်​ခံရမှာအ​သေအချာမို့​နေကာမျက်​မှန်​အနက်​ကိုသာစတိုင်​ကျ​နေ​အောင်​တပ်​ထားလိုက်​ပြီးအရိပ်​​အောက်​တွင်​​အေး​ဆေးထိုင်​ကာပင်​...အ​ခြေ​နေတို့ကို​စောင့်​ကြည့်​​နေလိုက်​သည်​...

ဆံပင်​အညို​ရောင်​​လေး​တွေကို​လေထဲပျံဝဲ​နေ​အောင်​​ပြေးလွှား​ဆော့ကစား​နေ​လေ​သောက​လေးငယ်​...
အလွန်​ပင်​ချစ်​ဖို့​ကောင်းပါသည်​...

တချိန်​ကျလျှင်​Idolဖြစ်​ကြမယ့်​က​လေး​တွေကြားထဲ​ရော​ထွေး​နေ​ပေမယ့်​...တမူထူးခြားစွာပင်​သူ​လေးမှာအလွန်​​တောက်​ပ​နေသလိုပင်​...
သူ့Geneticအရ...talent​တေအားလုံးဒီက​လေးဆီလာစု​နေတယ်​ထင်​ပါရဲ့...

အဲ့ဒါကိုမှ...ကျ​နော်​ကလည်းထိုက​လေးကိုပိုပိုပြီးကို​တောက်​ပ​နေ​စေချင်​တာ...ပိုပိုပြီးကို​အောင်​မြင်​​နေ​စေချင်​တာ...

*ဦး​လေးငယ်​*Where stories live. Discover now